တစ်ယောက်တော့ ဆက်သွယ်လာပီ 😁9MC

Posted by Nine Myanmar Celebrity 9MC on Wednesday, March 28, 2018

Zawgyi ဖြင့်ဖတ်၇န်




Unicodeဖြင့်ဖတ်ရန်

နာမည်ကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နေမင်းကတော့ သူဟာ လိမ်ညာခဲ့ကြောင်း ဟက်ကာတွေဆီကို ဗွီဒီယိုဖိုင်တစ်ခုပို့ပြီး ဝန်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဂရုချက်ထဲမှာ ထိပ်ဆုံးခံ အဝေဖန်ခံရဆုံး မင်းသားတစ်ယောက်ဖြစ်တဲ့ နေမင်းအတွက် တသက်နဲ့တကိုယ် အကြီးမားဆုံး စိတ်ဓာတ်ကျစရာ အရှက်ရစရာ ကိစ္စလည်း ဖြစ်လာခဲ့ပါတယ်။

နေမင်းက ဂရုချကိစ္စမှာ အစကတော့ ချီးကားတိုက်သေလိုက်မယ် ဆိုတဲ့စကားကို မပြောခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွက်ကနေ ပြောခဲ့သည်။ သို့သော်လည်း ပရိတ်သတ်တွေကတော့ မယုံကြည်ခဲ့ပေ။ အဲ့ဒီအချိန်မှာပဲ ရုပ်ရှင်ဥက္ကဋ္ဌကိုယ်တိုင် ဂရုချက်ကို ဝန်ခံလာခဲ့သည်။ ထို့နောက်မှာတော့ ချီးကားဆိုတဲ့ စကားလုံးကိုထပ်ပြီးသုံးထားတဲ့ နေမင်းရေးသားချက် စခရင်ချော့အသစ်များ ထပ်ပေါက်ကြားလာခဲ့ပါတယ်။

အဲ့ဒါနဲ့ သူ့ရဲ့အကောင့်ကို ပိတ်သိမ်းပြီး ဖေ့စ်ဘွက်ကနေ ပျောက်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီအကောင့်ကို ဟက်ကာတွေက နောက်ကနေလိုက်ဟက်ပြီး သူ့လိမ်ညာခဲ့ကြောင်း သက်သေတွေ ဆက်ပြခဲ့ပြီး ဒီကိစ္စကို ဝန်ခံဖို့ ပြောလာတာဖြစ်ပါတယ်။ ဒါကြောင့် ဟက်ကာတွေရဲ့ ဆန္ဒကိုလိုက်လျောပြီး နေမင်းက မက်ဆင်ဂျာတစ်ခုကနေ ဟက်ကာအဖွဲ့ရဲ့ နာမည်ဖြစ်တဲ့ 9MC ကို ဗွီဒီယိုဖိုင်နဲ့ ပြောပြီး ဝန်ခံလိုက်ပါတယ်။

Credit: Pann Pwint