Zawgyi ျဖင့္ဖတ္၇န္
ဟုတ္ပါတယ္။​​​ က်​ေနာ္​တို႔က၂၁ ရာစု​ေခတ္​မွာ​႐ွင္​သန္​ၿပီး ​​ေခတ္​မီနည္​းပညာ​ေတြနဲ႕ ​ေ႐ွ႕ဆက္​​ေနၾကတာပါ။ ဆို​ေပမယ္​့ ​ဒီထဲမွာကိုပဲ ​ေ႐ွး​ရိုးအယူအဆ​ေဟာင္​း​ေတြကို အစြဲအလမ္​းႀကီးဆဲ အယူသီးဆဲ ဆိုတဲ့သူ​ေတြလည္​း ႐ွ္ိၾက​ေသးတာ​ကိုး။ ဒါ​ေၾကာင္​့မို႔ ဒီအယူသီးတတ္​ၾကတဲ့ ကိစၥ​ေလး​ေတြကို ဒီတ​ေခါက္​ တင္​ျပသြားပါ့မယ္။ ​​လူ​​​ေတြ အစြဲအလမ္းျ​ကီး​တတ္ျ​​ကတဲ့ ကိစၥသံုးခုကို ​ေရြးထားပါတယ္​။

၁။ သင္​သြား​ေနရာလမ္​း​ေ႐ွ႕က ​ေၾကာင္​အမည္​းတ​ေကာင္​ျဖတ္​​သြားမယ္​ဆိုရင္​

​ကံၾကမၼာဆိုးတခု ျဖစ္​​ေစ​ေတာ႔မယ္႔​ကိစၥလို႔ ယူဆၾကပါတယ္​။ မင္​းသားဝီလ်ံ ရဲ႕အျဖစ္​အပ်က္​က​ေန ဒီအယူသီးမွဳကစတင္​လာတာက ထူးထူးျခားျခားပါ။ အဲ့ဒီ​ေခတ္​က ​ေၾကာင္​​ေလး​ေတြကို ကံထူး​ေစတဲ့သတၱဝါ​ေလး​ေတြလို႔ ယူဆထား​ေတာ့ မင္​းသားဝီလ်ံဆီမွာလည္​း ​ေၾကာင္​​ေလး​ေတြ​ေမြးထားတာ​ေပါ့။ ျဖစ္ခ်င္​ေတာ့ မင္​းသား​ေသဆံုးတဲ့အခ်ိန္ သူ႕ရဲ႕႐ုပ္​အ​ေလာင္​းနားမွာ ​ေၾကာင္အမည္​း​ေလးတ​ေကာင္​​ကို​ေတြ႕ခဲ့ရ​ပါသတဲ့။ ဒီ​ေၾကာင္​အမည္​း​ေလးက မင္​းသား​ေသဆံုး​ေစတဲ့ အ​ေၾကာင္​းအရင္​းပဲလို႔ ဆံုးျဖတ္​လိ​​ုက္​ျကၿပီး ​ေၾကာင္​အမည္​းဆိုတာနဲ႔ အတိတ္​နိမိတ္​ မ​ေကာင္​း​ဘူးလို႔ အယူသီးခဲ့ၾက​ေတာ့တာပဲ။ ကိုယ္သြား​​ေနတုန္​း ​ေၾကာင္​အမည္​းတ​ေကာင္​ ​ေရွ႕က​ေနျဖတ္​သ​ြားၾကည္​့…. ကိုယ္​့ရည္​ရြယ္​ရာအလုပ္​​ေတြ မ​ျဖစ္​ထြန္​း​ေတာ့ဘူးလို႔ ေ႐ွး႐ိုးစြဲအယူႀကီးတဲ့သူ​ေတြက ယံုၾကည္​​ၾကတာ။ ​ဂြ​ေတာ့က်တာပါပဲ။

၂။ ကတ္​​ေၾကး​ကို အလကား​ေနရင္​း​ေဆာ့​ေနရင္​ ရန္​ျဖစ္​တတ္​တယ္​။

၁၉ရာစု​ ​ေခတ္​​ေလာက္​က​ေပါ့။ မဟာရာဂ်ာျကီးတ​ေယာက္​က သူ႕အတြက္အဝတ္အစား​ေတြခ်ဳပ္​​ေပးဖို႔ အပ္​ခ်ဴပ္​ဆရာတ​ေယာက္​ဆီအပ္​​ျဖစ္​ေ​တာ့​ တခါတည္းအဆင္​​ေျပ​ေအာင္​လို႔ သူ႕နန္​း​ေတာ္​မွာ​ေခၚထားၿပီး ခ်ဳပ္​​ေစတာ​ေပါ့။ အပ္​ခ်ဳပ္​ဆရာႀကီးက နန္​း​ေတာ္​ျကီးမွာ ခပ္ျ​ကာၾက​ာ​ေလး ​ေနခ်င္လာ​ေတာ့ အခ်ိန္​ကိုဆြဲၿပီး ခ်ဳပ္​ဖို႔ျကံပါ​ေလ​ေရာ။ လူ​​ေတြမရိပ္​မိရ​​ေအာင္​ဆိုျပီး အပ္​ခ်ဴပ္​ဆရာသမားက ကတ္​​ေၾကးသံတညံညံ​လုပ္​ၿပီး ကတ္​​ေၾကးကိုအျမဲတမ္​းသံုး​ျပ​ေန​ေတာ့တာပဲ။ သူအလုပ္​လုပ္​​ေနတယ္​ထင္​ရ​ေအာင္​ကိုး။ ​ေနာက္​​ေတာ့ အပ္​ခ်ဳပ္​ဆရာႀကီးလုပ္​ပံုကို အကုန္​လံုးသိသြားၾကၿပီး ခမ်ာ ​ေသဒဏ္​​ေပးခံရ​ေတာ့တာပဲ။ အဲ့လိုနဲ႔ အိႏၵိယအိမ္​႐ွင္​မ​ေတြဆို က​​ေလး​ေတြ ကတ္​​ေၾကး​ေလွ်ာက္​​ေဆာ့တာမ်ိဳး မႀကိဳက္​ၾကတာ။ ရန္​ျဖစ္​တတ္​တယ္​ ဆိုသကိုး​ေလ။

၃။ အိမ္မွာ ၾကည္​့မွန္​က်ကြဲရင္​ ခုႏွစ္​ႏွစ္​​ေလာက္ ကံဆိုးမိုး​ေမွာင္​ၾကတတ္​တယ္​။

​ေ႐ွးအီဂ်စ္​​ေခတ္​က​ေန အယူသီးလာတဲ့ အစြဲအလမ္​းပါ။ တိုင္​းျပည္​တျပည္​က ဘုရင္​ႀကီးတပါးရဲ႕ မိဖုရားဟာ ၾကည္​့မွန္ထဲ ကိုယ္​႔ကိုယ္ကိုျ​ကည့္​ေနရင္​းနဲ႔ မွန္​က လက္​ထဲက လြတ္​က်ၿပီး ကြဲသြားပါသတဲ့။ တလ​ေလာက္​​​ေန​ေတာ့ ရန္​သူ႕တိုင္​းျပည္​ရဲ႕က်ဴး​ေက်ာ္​မွဳကိုခံရၿပီး ဘုရင္​​ေရာ ဖိဖုရားပါ ႏွစ္ပါးလံုးအသတ္​ခံခဲ့ရပါတယ္​။ ​ေနာက္​ခုႏွစ္​ႏွစ္​​ေလာက္​ၾကာတဲ့အထိ ဒီတိုင္​းျပည္​ကိုျပန္​မရခဲ့ၾကပါဘူးတဲ့။ မွန္​​ေတာ့လည္​း မွန္​သား​ေနာ္​။

Lucky Myanmar

Unicode ျဖင့္ဖတ္ရန္

ဟုတ်ပါတယ်။ ကျနော်တို့က၂၁ ရာစုခေတ်မှာရှင်သန်ပြီး ခေတ်မီနည်းပညာတွေနဲ့ ရှေ့ဆက်နေကြတာပါ။ ဆိုပေမယ့် ဒီထဲမှာကိုပဲ ရှေးရိုးအယူအဆဟောင်းတွေကို အစွဲအလမ်းကြီးဆဲ အယူသီးဆဲ ဆိုတဲ့သူတွေလည်း ရှိကြသေးတာကိုး။ ဒါကြောင့်မို့ ဒီအယူသီးတတ်ကြတဲ့ ကိစ္စလေးတွေကို ဒီတခေါက် တင်ပြသွားပါ့မယ်။ လူတွေ အစွဲအလမ်းကြီးတတ်ကြတဲ့ ကိစ္စသုံးခုကို ရွေးထားပါတယ်။

၁။ သင်သွားနေရာလမ်းရှေ့က ကြောင်အမည်းတကောင်ဖြတ်သွားမယ်ဆိုရင်
ကံကြမ္မာဆိုးတခု ဖြစ်စေတော့မယ့်ကိစ္စလို့ ယူဆကြပါတယ်။ မင်းသားဝီလျံ ရဲ့အဖြစ်အပျက်ကနေ ဒီအယူသီးမှုကစတင်လာတာက ထူးထူးခြားခြားပါ။ အဲ့ဒီခေတ်က ကြောင်လေးတွေကို ကံထူးစေတဲ့သတ္တဝါလေးတွေလို့ ယူဆထားတော့ မင်းသားဝီလျံဆီမှာလည်း ကြောင်လေးတွေမွေးထားတာပေါ့။ ဖြစ်ချင်တော့ မင်းသားသေဆုံးတဲ့အချိန် သူ့ရဲ့ရုပ်အလောင်းနားမှာ ကြောင်အမည်းလေးတကောင်ကိုတွေ့ခဲ့ရပါသတဲ့။ ဒီကြောင်အမည်းလေးက မင်းသားသေဆုံးစေတဲ့ အကြောင်းအရင်းပဲလို့ ဆုံးဖြတ်လိုက်ကြပြီး ကြောင်အမည်းဆိုတာနဲ့ အတိတ်နိမိတ် မကောင်းဘူးလို့ အယူသီးခဲ့ကြတော့တာပဲ။ ကိုယ်သွားနေတုန်း ကြောင်အမည်းတကောင် ရှေ့ကနေဖြတ်သွားကြည့်…. ကိုယ့်ရည်ရွယ်ရာအလုပ်တွေ မဖြစ်ထွန်းတော့ဘူးလို့ ရှေးရိုးစွဲအယူကြီးတဲ့သူတွေက ယုံကြည်ကြတာ။ ဂွတော့ကျတာပါပဲ။

၂။ ကတ်ကြေးကို အလကားနေရင်းဆော့နေရင် ရန်ဖြစ်တတ်တယ်။
၁၉ရာစု ခေတ်လောက်ကပေါ့။ မဟာရာဂျာကြီးတယောက်က သူ့အတွက်အဝတ်အစားတွေချုပ်ပေးဖို့ အပ်ချူပ်ဆရာတယောက်ဆီအပ်ဖြစ်တော့ တခါတည်းအဆင်ပြေအောင်လို့ သူ့နန်းတော်မှာခေါ်ထားပြီး ချုပ်စေတာပေါ့။ အပ်ချုပ်ဆရာကြီးက နန်းတော်ကြီးမှာ ခပ်ကြာကြာလေး နေချင်လာတော့ အချိန်ကိုဆွဲပြီး ချုပ်ဖို့ကြံပါလေရော။ လူတွေမရိပ်မိရအောင်ဆိုပြီး အပ်ချူပ်ဆရာသမားက ကတ်ကြေးသံတညံညံလုပ်ပြီး ကတ်ကြေးကိုအမြဲတမ်းသုံးပြနေတော့တာပဲ။ သူအလုပ်လုပ်နေတယ်ထင်ရအောင်ကိုး။ နောက်တော့ အပ်ချုပ်ဆရာကြီးလုပ်ပုံကို အကုန်လုံးသိသွားကြပြီး ခမျာ သေဒဏ်ပေးခံရတော့တာပဲ။ အဲ့လိုနဲ့ အိန္ဒိယအိမ်ရှင်မတွေဆို ကလေးတွေ ကတ်ကြေးလျှောက်ဆော့တာမျိုး မကြိုက်ကြတာ။ ရန်ဖြစ်တတ်တယ် ဆိုသကိုးလေ။

၃။ အိမ်မှာ ကြည့်မှန်ကျကွဲရင် ခုနှစ်နှစ်လောက် ကံဆိုးမိုးမှောင်ကြတတ်တယ်။
ရှေးအီဂျစ်ခေတ်ကနေ အယူသီးလာတဲ့ အစွဲအလမ်းပါ။ တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးရဲ့ မိဖုရားဟာ ကြည့်မှန်ထဲ ကိုယ့်ကိုယ်ကိုကြည့်နေရင်းနဲ့ မှန်က လက်ထဲက လွတ်ကျပြီး ကွဲသွားပါသတဲ့။ တလလောက်နေတော့ ရန်သူ့တိုင်းပြည်ရဲ့ကျူးကျော်မှုကိုခံရပြီး ဘုရင်ရော ဖိဖုရားပါ နှစ်ပါးလုံးအသတ်ခံခဲ့ရပါတယ်။ နောက်ခုနှစ်နှစ်လောက်ကြာတဲ့အထိ ဒီတိုင်းပြည်ကိုပြန်မရခဲ့ကြပါဘူးတဲ့။ မှန်တော့လည်း မှန်သားနော်။
Credit: Lucky Myanmar

LEAVE A REPLY