Zawgyi ျဖင့္ဖတ္၇န္

✔ ဒီအိမ္သာေလးကေတာ့ ျမစ္ျကီးနားဘူတာနားက အိမ္သာေလးပါေနာ္.. ဘူတာက ျမစ္ႀကီးနား ၿမိဳ႕လယ္ေကာင္မွာ တည္႐ွိတဲ့အတြက္ အလြယ္တကူ႐ွာေတြ႔ႏိုင္ပါတယ္.. ဘူတာက ကယ္ရီသမားေတြကုိ ေမးလိုက္တာနဲ႔ ဒီအိမ္သာေလးကုိ အလြယ္တကူေရာက္လာႏိုင္ပါတယ္.
✔ ဘူတာနဲ႔နီးတယ္ဆိုေပမယ့္ ေခ်ာင္ခပ္က်က်ေနရာက လူျပတ္တဲ့ အိမ္ေဟာင္းႀကီးရဲ႕ေဘးမွာျဖစ္တဲ့အတြက္ ကားသံလူသံေတြနဲ႔ ေဝးပါတယ္.. တိတ္ဆိတ္ၿငိမ္သက္စြာ ခ်ီးပါရင္း ကုိယ္ရဲ႕ေပါက္ကြဲသံစဥ္ေတြကုိ ကုိယ္တစ္ေယာက္တည္း လြတ္လပ္စြာခံစားလို႔ရတာက ဒီအိမ္သာေလးရဲ႕ အားသာခ်က္ပါပဲေနာ္..
✔ကားရပ္ဆိုင္ကယ္ရပ္ဖို႔လည္း စိတ္ခ်..ေနရာလြတ္ေတြ႐ွိတဲ့အတြက္ လံုးဝ အဆင္ေျပပါတယ္.. ကားေသာ့ ဆိုင္ကယ္ေသာ့ေတြကုိေတာ့ ေသခ်ာခတ္ေစခ်င္ပါတယ္..အီးပါရင္း သူခိုး ထ လိုက္ရတာ အရမ္းဣေျႏၵပ်က္လို႔ပါ..
✔ ေ႐ွးအစဥ္အလာမပ်က္ ႐ိုးရာမပ်က္ အိမ္သာခြက္ကုိ ခြ ေဆာင့္ေၾကာင့္ထိုင္ၿပီး အီးထိုင္ပါႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္… တိုက္အိမ္အေဟာင္းႀကီးနဲ႔ကြယ္ေနတဲ့အတြက္လည္း အိမ္သာကုိေနထိုးဖို႔ေဝးတာမို႔ အီးညစ္ရင္း ေခြၽးပ်ံရတဲ့အခိုက္အတန္႔ေတြကုိ ေမ့လိုက္ပါေတာ့ေနာ္…
✔ ေဘးက အကာပ်ဥ္ခ်ပ္ေတြၾကားမွာ ေနရာလပ္ေလးေတြ႐ွိတဲ့အတြက္လည္း ေလတဟူးဟူးနဲ႔ ဇိမ္ခံလို႔ အရမ္း ေကာင္းပါတယ္.. ေလဝင္ေလထြက္ေကာင္းေတာ့ ကုိယ့္ခ်ီးနံ႔နဲ႔ကုိယ္ မြန္းၾကပ္မွာ ပူစရာမလိုေတာ့ဘူးေနာ္..
✔ ပရဟိတဝါသနာပါတဲ့သူေတြအတြက္လည္း အထူးအဆင္ေျပပါတယ္.. လြတ္ေနတဲ့ပ်ဥ္ခ်ပ္ၾကားက တစ္ခါတစ္ေလ ဝင္လာတတ္တဲ့ ယင္ေကာင္မဲႀကီးေတြရယ္ ၿပီးေတာ့ အိမ္သာရဲ႕ေနာက္ဘက္ က်င္းပ်က္ေဘးက ေခြးေလေခြးလြင့္ေတြကုိ မစင္ဒါနလုပ္လို႔ရပါတယ္.. အိမ္သာနားေရာက္တာနဲ႔ အၿမီးေလးႏွံၿပီး ဝမ္းသာအားရႀကိဳဆိုၾကမယ့္ ေခြးငယ္ေလးေတြရဲ႕ မ်က္ႏွာကုိျမင္ရတာ ဖရဏာပီတိဂြမ္းဆီထိစရာပါပဲ …
✔ အိမ္သာတက္ၿပီးတဲ့အခါမွာလည္း သာမန္အိမ္သာေတြနဲ႔မတူ 3 in 1 သန္႔စင္စနစ္ကုိ အသံုးျပဳခြင့္ေပးထားပါတယ္.. ေရသံုးမလား..ဒါမွမဟုတ္ အသင့္ခ်ိဳးထားတဲ့ပ်ဥ္တိုပ်ဥ္စေတြသံုးမလား.. ဒါမွမဟုတ္ သတင္းစာအေဟာင္းေတြကုိ သံုးမလား .. ေဘာလံုးဝါသနာပါတဲ့သူေတြအတြက္ ဂ်ာနယ္အေဟာင္းေတြသံုးမလား.. သံုးစြဲသူစိတ္ၾကဳိက္ေရြးခ်ယ္ခြင့္ေပးထားတာကေတာ့ တကယ့္ကုိ ေက်နပ္စရာပါပဲ..
✔ အေပါ့ပဲစြန္႔မယ္ဆိုတဲ့ကိုကိုေတြအတြက္လည္း ရင္ခုန္စိတ္လႈပ္႐ွားစရာ ဂိမ္းေလးတစ္ခု စီစဥ္ေပးထားပါတယ္.. ဒါကေတာ့ အိမ္သာခြက္မွာကပ္ေနတဲ့ ခ်ီးဖတ္ေလးေတြကုိ ႐ွဴး႐ွဴးနဲ႔ ပန္းခြာရတဲ့ဂိမ္းပါ.. အပ်င္းလည္းေျပ ကိစၥလည္းၿပီး.. ကဲ ဘယ္ေလာက္ ေပ်ာ္စရာေကာင္းတဲ့အိမ္သာေလးလဲ..
✔ သီခ်င္းဆို ဝါသနာပါတဲ့မမေတြအတြက္လည္း ဒီလိုစီစဥ္ေပးထားပါတယ္.. ဒါကေတာ့ အိမ္သာတံခါးဂ်က္ကုိ ေသခ်ာ ဖ်က္ထားေပးထားတာပါ.. ကုိယ့္ကိစၥ မၿပီးမခ်င္းသီခ်င္းကုိ အဆက္မျပတ္ေအာ္ဆိုေနၿပီး လူ႐ွိေၾကာင္းအခ်က္ျပေနရမွာဆိုေတာ့ ေကတီဗီသြားၿပီး တကူးတက အသံေကာင္းေအာင္ ေလ့က်င့္စရာမလိုေတာ့ဘူးေပါ့..ကဲ ဒီေတာ့ သီခ်င္းဆို ဝါသနာပါတဲ့ သူငယ္ခ်င္းေတြကုိ အခုပဲ မန္း႐ွင္းေခၚလိုက္ပါေတာ့ေနာ္…
✔ အထူးအစီအစဥ္အေနနဲ့လည္း အီးပါရင္း အိမ္သာနံရံမွာ အမွတ္တရစာသားေလးေတြ ေရးခ်န္ခဲ့လို႔ရပါတယ္.. တကယ္လို႔မ်ား ကုိယ့္ခ်စ္ရတဲ့ကုိ မေျပာရဲရင္လည္း ရင္ဖြင့္ခဲ့လို႔ရပါတယ္..ဖူးစာမွန္ရင္ေတာ့ သူအိမ္သာလာတက္ရင္း ဖတ္မိရင္ေတာ့ အိမ္သာေရးတဲ့ဖူးစာပဲေပါ့ ဖရင့္တို႔ေရ..
✔ ေလာေလာဆယ္ေတာ့ အခေၾကးေငြေကာက္ခံျခင္းမ႐ွိေသးပါဘူး…တစ္ေယာက္ခ်င္းပါပါ ဖင္ခ်င္းပူးၿပီး ႏွစ္ေယာက္ခ်င္းပါပါ စိတ္ေအးခ်မ္းသာစြာပါလို႔ရပါတယ္ေနာ္.. သံုးေယာက္ပါ နဲ႔ Family ပါ ေတြကုိေတာ့ စီစဥ္ထား႐ွိေပးျခင္းမ႐ွိေသးပါဘူး .. ဒါကေတာ့ ဒီအိမ္သာေလးရဲ႕တစ္ခုတည္းေသာ အားနည္းခ်က္ပါပဲေနာ္..

ကဲပါ ..က်ေနာ္ ၫႊန္းတာလည္း ေတာ္ေတာ္ မ်ားသြားၿပီ.. အၫႊန္းဖတ္ေနရံုနဲ႔ အက်ိဳးမ႐ွိပါဘူး.. ကုိယ္တိုင္သြားပါၾကည့္မွပဲ ထူးျခားကြဲျပားတာကုိ သိရမွာမို႔ ေဘာ္ဒါေဘာ္ကြၽတ္ေတြကုိ အျမန္ဆံုးလက္တို႔လိုက္ပါေတာ့ေနာ္..

” က်န္းမာဖို႔ အီးပါစို႔ ”
” အဆင္ေျပဆံုး ဒီေနရာ ဘူတာေဘးနားမွာ ”

zိ ( review ေရးရတာႀကိဳက္သူ) :3
Unicodeဖြင့်ဖတ်ရန်

✔ ဒီအိမ်သာလေးကတော့ မြစ်ကြီးနားဘူတာနားက အိမ်သာလေးပါနော်.. ဘူတာက မြစ်ကြီးနား မြို့လယ်ကောင်မှာ တည်ရှိတဲ့အတွက် အလွယ်တကူရှာတွေ့နိုင်ပါတယ်.. ဘူတာက ကယ်ရီသမားတွေကို မေးလိုက်တာနဲ့ ဒီအိမ်သာလေးကို အလွယ်တကူရောက်လာနိုင်ပါတယ်.
✔ ဘူတာနဲ့နီးတယ်ဆိုပေမယ့် ချောင်ခပ်ကျကျနေရာက လူပြတ်တဲ့ အိမ်ဟောင်းကြီးရဲ့ဘေးမှာဖြစ်တဲ့အတွက် ကားသံလူသံတွေနဲ့ ဝေးပါတယ်.. တိတ်ဆိတ်ငြိမ်သက်စွာ ချီးပါရင်း ကိုယ်ရဲ့ပေါက်ကွဲသံစဉ်တွေကို ကိုယ်တစ်ယောက်တည်း လွတ်လပ်စွာခံစားလို့ရတာက ဒီအိမ်သာလေးရဲ့ အားသာချက်ပါပဲနော်..
✔ကားရပ်ဆိုင်ကယ်ရပ်ဖို့လည်း စိတ်ချ..နေရာလွတ်တွေရှိတဲ့အတွက် လုံးဝ အဆင်ပြေပါတယ်.. ကားသော့ ဆိုင်ကယ်သော့တွေကိုတော့ သေချာခတ်စေချင်ပါတယ်..အီးပါရင်း သူခိုး ထ လိုက်ရတာ အရမ်းဣနြေ္ဒပျက်လို့ပါ..
✔ ရှေးအစဉ်အလာမပျက် ရိုးရာမပျက် အိမ်သာခွက်ကို ခွ ဆောင့်ကြောင့်ထိုင်ပြီး အီးထိုင်ပါနိုင်အောင် စီစဉ်ပေးထားပါတယ်… တိုက်အိမ်အဟောင်းကြီးနဲ့ကွယ်နေတဲ့အတွက်လည်း အိမ်သာကိုနေထိုးဖို့ဝေးတာမို့ အီးညစ်ရင်း ချွေးပျံရတဲ့အခိုက်အတန့်တွေကို မေ့လိုက်ပါတော့နော်…
✔ ဘေးက အကာပျဉ်ချပ်တွေကြားမှာ နေရာလပ်လေးတွေရှိတဲ့အတွက်လည်း လေတဟူးဟူးနဲ့ ဇိမ်ခံလို့ အရမ်း ကောင်းပါတယ်.. လေဝင်လေထွက်ကောင်းတော့ ကိုယ့်ချီးနံ့နဲ့ကိုယ် မွန်းကြပ်မှာ ပူစရာမလိုတော့ဘူးနော်..
✔ ပရဟိတဝါသနာပါတဲ့သူတွေအတွက်လည်း အထူးအဆင်ပြေပါတယ်.. လွတ်နေတဲ့ပျဉ်ချပ်ကြားက တစ်ခါတစ်လေ ဝင်လာတတ်တဲ့ ယင်ကောင်မဲကြီးတွေရယ် ပြီးတော့ အိမ်သာရဲ့နောက်ဘက် ကျင်းပျက်ဘေးက ခွေးလေခွေးလွင့်တွေကို မစင်ဒါနလုပ်လို့ရပါတယ်.. အိမ်သာနားရောက်တာနဲ့ အမြီးလေးနှံပြီး ဝမ်းသာအားရကြိုဆိုကြမယ့် ခွေးငယ်လေးတွေရဲ့ မျက်နှာကိုမြင်ရတာ ဖရဏာပီတိဂွမ်းဆီထိစရာပါပဲ …
✔ အိမ်သာတက်ပြီးတဲ့အခါမှာလည်း သာမန်အိမ်သာတွေနဲ့မတူ 3 in 1 သန့်စင်စနစ်ကို အသုံးပြုခွင့်ပေးထားပါတယ်.. ရေသုံးမလား..ဒါမှမဟုတ် အသင့်ချိုးထားတဲ့ပျဉ်တိုပျဉ်စတွေသုံးမလား.. ဒါမှမဟုတ် သတင်းစာအဟောင်းတွေကို သုံးမလား .. ဘောလုံးဝါသနာပါတဲ့သူတွေအတွက် ဂျာနယ်အဟောင်းတွေသုံးမလား.. သုံးစွဲသူစိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားတာကတော့ တကယ့်ကို ကျေနပ်စရာပါပဲ..
✔ အပေါ့ပဲစွန့်မယ်ဆိုတဲ့ကိုကိုတွေအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဂိမ်းလေးတစ်ခု စီစဉ်ပေးထားပါတယ်.. ဒါကတော့ အိမ်သာခွက်မှာကပ်နေတဲ့ ချီးဖတ်လေးတွေကို ရှူးရှူးနဲ့ ပန်းခွာရတဲ့ဂိမ်းပါ.. အပျင်းလည်းပြေ ကိစ္စလည်းပြီး.. ကဲ ဘယ်လောက် ပျော်စရာကောင်းတဲ့အိမ်သာလေးလဲ..
✔ သီချင်းဆို ဝါသနာပါတဲ့မမတွေအတွက်လည်း ဒီလိုစီစဉ်ပေးထားပါတယ်.. ဒါကတော့ အိမ်သာတံခါးဂျက်ကို သေချာ ဖျက်ထားပေးထားတာပါ.. ကိုယ့်ကိစ္စ မပြီးမချင်းသီချင်းကို အဆက်မပြတ်အော်ဆိုနေပြီး လူရှိကြောင်းအချက်ပြနေရမှာဆိုတော့ ကေတီဗီသွားပြီး တကူးတက အသံကောင်းအောင် လေ့ကျင့်စရာမလိုတော့ဘူးပေါ့..ကဲ ဒီတော့ သီချင်းဆို ဝါသနာပါတဲ့ သူငယ်ချင်းတွေကို အခုပဲ မန်းရှင်းခေါ်လိုက်ပါတော့နော်…
✔ အထူးအစီအစဉ်အနေနဲ့လည်း အီးပါရင်း အိမ်သာနံရံမှာ အမှတ်တရစာသားလေးတွေ ရေးချန်ခဲ့လို့ရပါတယ်.. တကယ်လို့များ ကိုယ့်ချစ်ရတဲ့ကို မပြောရဲရင်လည်း ရင်ဖွင့်ခဲ့လို့ရပါတယ်..ဖူးစာမှန်ရင်တော့ သူအိမ်သာလာတက်ရင်း ဖတ်မိရင်တော့ အိမ်သာရေးတဲ့ဖူးစာပဲပေါ့ ဖရင့်တို့ရေ..
✔ လောလောဆယ်တော့ အခကြေးငွေကောက်ခံခြင်းမရှိသေးပါဘူး…တစ်ယောက်ချင်းပါပါ ဖင်ချင်းပူးပြီး နှစ်ယောက်ချင်းပါပါ စိတ်အေးချမ်းသာစွာပါလို့ရပါတယ်နော်.. သုံးယောက်ပါ နဲ့ Family ပါ တွေကိုတော့ စီစဉ်ထားရှိပေးခြင်းမရှိသေးပါဘူး .. ဒါကတော့ ဒီအိမ်သာလေးရဲ့တစ်ခုတည်းသော အားနည်းချက်ပါပဲနော်..

ကဲပါ ..ကျနော် ညွှန်းတာလည်း တော်တော် များသွားပြီ.. အညွှန်းဖတ်နေရုံနဲ့ အကျိုးမရှိပါဘူး.. ကိုယ်တိုင်သွားပါကြည့်မှပဲ ထူးခြားကွဲပြားတာကို သိရမှာမို့ ဘော်ဒါဘော်ကျွတ်တွေကို အမြန်ဆုံးလက်တို့လိုက်ပါတော့နော်..

” ကျန်းမာဖို့ အီးပါစို့ ”
” အဆင်ပြေဆုံး ဒီနေရာ ဘူတာဘေးနားမှာ ”

zိ ( review ရေးရတာကြိုက်သူ) :3
Credit; – Aung Zett Myo