Zawgyi ဖြင့်ဖတ်၇န်








Zawgyi ဖြင့်ဖတ်၇န်
မွေးနေ့ဖျော်ဖြေပွဲများ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် စိုင်းစိုင်း ခမ်းလှိုင်သည် (၃၉)နှစ်ပြည့်မွေး နေ့ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်သည်။ ‘‘မနှစ်ကတော့ ကျွန်တော့်ရဲ့ Birthday Show ကို မန္တလေးမြို့ မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် မှာတော့ ကျွန်တော့်ရဲ့ Birthday Show ကို ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်’’ဟု စိုင်းစိုင်းခမ်းလှိုင်က မွေးနေ့ဖျော်ဖြေပွဲအ ကြောင်းကို မတ်လ ၁၁ ရက်က ၎င်း၏ Fan Page စာမျက်နှာတွင် Live လွှင့်၍ ပြောကြားသည်။

မွေးနေ့ဖျော်ဖြေပွဲများ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် စိုင်းစိုင်း ခမ်းလှိုင်သည် (၃၉)နှစ်ပြည့်မွေး နေ့ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်သည်။

‘‘မနှစ်ကတော့ ကျွန်တော့်ရဲ့ Birthday Show ကို မန္တလေးမြို့ မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် မှာတော့ ကျွန်တော့်ရဲ့ Birthday Show ကို ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်’’ဟု စိုင်းစိုင်းခမ်းလှိုင်က မွေးနေ့ဖျော်ဖြေပွဲအ ကြောင်းကို မတ်လ ၁၁ ရက်က ၎င်း၏ Fan Page စာမျက်နှာတွင် Live လွှင့်၍ ပြောကြားသည်။

ဧပြီ ၁၀ ရက်တွင် ကျရောက် သည့် မွေးနေ့ဖျော်ဖြေပွဲကျင်းပရန် ရန်ကုန်နှင့် မန္တလေးမြို့နှစ်မြို့ကို စိုင်းစိုင်းခမ်းလှိုင်က ၎င်း၏ Fan Page တွင် ပရိသတ်များကို မဲပေး စေခဲ့ရာ ရန်ကုန်က မဲအရေအ တွက်ပိုမိုများပြားသည်။

သို့သော် မန္တလေးမြို့မှ ပရိ သတ်များအတွက် မတ်လ ၃၀ ရက်တွင် ၎င်းတို့ Frenzo အဖွဲ့၏ ဖျော်ဖြေပွဲကို Golden ဟိုတယ်၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု စိုင်း စိုင်းခမ်းလှိုင်က ပြောသည်။

ယင်းပွဲတွင် စိုင်းစိုင်းခမ်း လှိုင်၊ Snare ၊ ဘန်နီဖြိုး နှင့် G Fatt တို့ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး Frenzo အဖွဲ့ဝင်များအနေဖြင့် အခွေသစ်များထွက်ရှိထားသော ကြောင့် ပရိသတ်များ သီချင်းအသစ်များ နားဆင်ရမည်ဟု ၎င်းက ဆိုသည်။

စိုင်းစိုင်းခမ်းလှိုင်၏ ‘စိုင်းစိုင်းက စိုင်းစိုင်း’ တစ်ကိုယ်တော် ခွေသစ်ကို ဧပြီ ၁ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး ယင်းအခွေထဲမှ သီချင်းများကို တစ်ကိုယ်တော်ဖျော်ဖြေပွဲ တွင် သီဆိုမည်ဟု ၎င်းက ပြော သည်။ ထို့ပြင် ပရိသတ်များအနေ ဖြင့် ဖျော်ဖြေပွဲတွင် နားဆင်လို သည့် သီချင်းများကို ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖြစ်စေ၊ Frenzo Production ၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖြစ်စေ တောင်းဆိုနိုင်ကြောင်း စိုင်းစိုင်းခမ်းလှိုင်က Live အင်တာဗျူးတွင် ပြောကြားထားသည်။

စိုင်းစိုင်းခမ်းလှိုင်၏မွေးနေ့ ဖျော်ဖြေပွဲများကို ၂၀၀၅ တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်သည် (၁၄)ကြိမ်မြောက် ပြုလုပ်သည့် ဖျော်ဖြေပွဲဖြစ်သည်။

Credit: စာပေအလင်း