ZawGyiျဖင့္ဖတ္ရန္

ျပည္တြင္း ဂ်ာနယ္တခုျဖစ္တဲ့ 7Day သတင္းဂ်ာနယ္ရဲ႕ ၁၆ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားနဲ႔ 7day News Journal Hero(သူရဲေကာင္းဆု) ဆုခ်ီးျမႇင့္ပြဲကုိ မတ္လ ၇ ရက္က ရန္ကုန္ၿမိဳ႕ Meila Hotel မွာ က်င္းပပါတယ္။

၂၀၁၇ ခုႏွစ္အတြက္ေပးအပ္တဲ့ 7day Journal Hero(သူရဲေကာင္း)ဆုကို နံပတ္ ၁ အျဖစ္ မူလတန္းေက်ာင္းသားကေလးေတြကုိ အသက္ေပးကယ္ေပးသြားတဲ့ အလယ္တန္းျပ ေက်ာင္းဆရာမ ေဒၚသန္းသန္းေဝ(ကြယ္လြန္)၊ နံပတ္ ၂ က ကမၻာ့ ကာယဗလၿပိဳင္ပြဲ ၆၀ ကီလုိတန္းမွာ ႏိုင္ငံ့အတြက္ ေရႊတံဆိပ္ဆုယူေပးခ့ဲတ့ဲ ကာယဗလ ေမာင္ထြန္းထြန္းေအာင္၊ နံပတ္ ၃ အျဖစ္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြကုိ ေဆးဝါးအခမ့ဲကုသေပးေနသူ ေဒါက္တာ ခင္သန္းေအးတို႔က ရရွိသြားပါတယ္။

နံပတ္ ဆု၄ ကိုေတာ့ One Championship ၿပိဳင္ပြဲရဲ႕ ကမၻာ့ခ်န္ပီယံ ဆု ၂ ဆုရယူေပးခ့ဲတဲ့ ေအာင္လအင္ဆန္းနဲ႔ နံပတ္ ၅ဆုကေတာ့ ေရနစ္ေနတဲ့ ၅ ႏွစ္အရြယ္ ကေလး အသက္ကုိ မိမိကုိယ္ဝန္ေဆာင္ထားရတဲ့ ရင္ေသြးေလးကိုဆုံး႐ႈံးခံၿပီးေရကူး အသက္ကယ္ေပးသူ မသီတာဦးတုိ႔ကို အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။
Unicodeဖြင့်ဖတ်ရန်

ပြည်တွင်း ဂျာနယ်တခုဖြစ်တဲ့ 7Day သတင်းဂျာနယ်ရဲ့ ၁၆ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနဲ့ 7day News Journal Hero(သူရဲကောင်းဆု) ဆုချီးမြှင့်ပွဲကို မတ်လ ၇ ရက်က ရန်ကုန်မြို့ Meila Hotel မှာ ကျင်းပပါတယ်။

၂၀၁၇ ခုနှစ်အတွက်ပေးအပ်တဲ့ 7day Journal Hero(သူရဲကောင်း)ဆုကို နံပတ် ၁ အဖြစ် မူလတန်းကျောင်းသားကလေးတွေကို အသက်ပေးကယ်ပေးသွားတဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်သန်းသန်းဝေ(ကွယ်လွန်)၊ နံပတ် ၂ က ကမ္ဘာ့ ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်းမှာ နိုင်ငံ့အတွက် ရွှေတံဆိပ်ဆုယူပေးခဲ့တဲ့ ကာယဗလ မောင်ထွန်းထွန်းအောင်၊ နံပတ် ၃ အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ဆေးဝါးအခမဲ့ကုသပေးနေသူ ဒေါက်တာ ခင်သန်းအေးတို့က ရရှိသွားပါတယ်။

နံပတ် ဆု၄ ကိုတော့ One Championship ပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံ ဆု ၂ ဆုရယူပေးခဲ့တဲ့ အောင်လအင်ဆန်းနဲ့ နံပတ် ၅ဆုကတော့ ရေနစ်နေတဲ့ ၅ နှစ်အရွယ် ကလေး အသက်ကို မိမိကိုယ်ဝန်ဆောင်ထားရတဲ့ ရင်သွေးလေးကိုဆုံးရှုံးခံပြီးရေကူး အသက်ကယ်ပေးသူ မသီတာဦးတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဓာတ္ပံု – ခင္ေမာင္၀င္း
Credit: DVB