Zawgyi ျဖင့္ဖတ္၇န္
မေကြးတိုင္းေဒသႀကီး ပခုကၠဴတကၠသိုလ္ ေက်ာင္းသားသမဂၢ အေထြေထြ အတြင္းေရးမႉး ကုိသက္ေမာင္ေမာင္ကို ဖခင္ျဖစ္သူ တာဝန္ ထမ္းေဆာင္ေနတဲ့ တပ္မေတာ္ အဝန္းအဝိုင္းထဲ ဝင္ေရာက္ခြင့္ ပိတ္ပင္လိုက္ေၾကာင္း သိ႐ွိရပါတယ္။

ကုိသက္ေမာင္ေမာင္ဟာ အမွတ္ ၂၅၆ တပ္ရင္းမွာ မိဘေတြနဲ႔ အတူေနထိုင္ၿပီး ပခုကၠဴတကၠသိုလ္မွာ ေက်ာင္းတက္ေနတဲ့သူ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔က အမွတ္ ၂၅၆ တပ္ရင္းမွ ယာယီတပ္ရင္းမႉး ဗိုလ္မႉး ခ်မ္းေျမ့ေဇာ္က သူနဲ႔ မိခင္ျဖစ္သူကုိ ေခၚေတြ႔ၿပီး ေက်ာင္းသားသမဂၢထဲမွာ မပါဝင္ဖို႔ သတိေပးခဲ့တာပါ။

ကိုသက္ေမာင္ေမာင္က “ေက်ာင္းသားသမဂၢထဲမွာပါလို႔ က်ေန္ာ့ကို ဘာလို႔ ပိတ္ပင္ တားဆီးတာလဲ၊ မိဘေတြေခၚၿပီး ဘာလို႔ ခံဝန္ကတိေတြ ထိုးခိုင္းတာလည္းေမးေတာ့ ေမးစရာ အေၾကာင္းမ႐ွိဘူးလို႔ ေျပာပါတယ္။ ေက်ာင္းသားသမဂၢထဲက ႏုတ္ထြက္ရင္ ႏုတ္ထြက္၊ ႏုတ္မထြက္ရင္ စစ္မႈထမ္းေဆာင္ေနတဲ့ မင္းအေဖကိုလည္း စစ္စည္းကမ္းအရ အေရးယူ သြားမယ္လို႔ ေျပာပါတယ္ဗ်။ ေက်ာင္းသားသမဂၢထဲက ႏုတ္မထြက္ႏိုင္ဘူး၊ ေျပာလိုက္ေတာ့ မင္းစစ္တပ္ထဲမွာ မိဘနဲ႔ အတူေနခြင့္မ႐ွိဘူး၊ ေျပာလို႔ က်ေနာ္ ခ်က္ခ်င္းထြက္ေပးခဲ့ရတယ္” လုိ႔ ေျပာပါတယ္။

အဲဒီေနာက္ပိုင္းမွာ အမွတ္ ၁၀၁ ေျချမန္တပ္မဌာနခ်ဳပ္က မိဘေတြ ေနထိုင္တဲ့ တပ္ရင္းအပါဝင္ တပ္ရင္းတပ္ဖြဲ႔ အားလံုး သက္ေမာင္ေမာင္ကို ဝင္ခြင့္မျပဳဖို႔ စာထုတ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

“က်ေ်နာ္တို႔ေက်ာင္းသား သမဂၢဟာ မတရားအသင္းလည္း မဟုတ္ဘူး။ ႏိုင္ငံေတာ္ကလည္း ေၾကညာထားတာမ႐ွိဘူး။ ေက်ာင္းသားသမဂၢဟာ တိုင္းျပည္နဲ႔ ေက်ာင္းသားထုအက်ိဳးကို ေဆာင္ရြက္ေနတဲ့ အဖြဲ႔ျဖစ္တယ္ဆိုတာ ၁၉၃၁ ႏွစ္ကေနၿပီး ယေန႔ထိ သက္ေသ သာဓကေတြ လည္း ႐ွိတယ္။ လက္နက္ကိုင္ၿပီး ရမ္းကားေနတဲ့အဖြဲ႔လည္း မဟုတ္ဘူး။ ကေလာင္ကိုင္ၿပီး တတ္ႏိုင္သေလာက္ တိုင္းျပည္အက်ိဳး ထမ္းေဆာင္ေနတာျဖစ္တယ္။ တပ္မေတာ္ရဲ႕ မိသားစုဝင္ တစ္ေယာက္ျဖစ္ရတာ အျပစ္တစ္ခုျဖစ္ေနတာလားဆိုတာကို တပ္မေတာ္ရဲ႕ အႀကီးအကဲေတြ သိေစခ်င္တယ္။” လုိ႔ ကုိသက္ေမာင္ေမာင္က ေျပာပါတယ္။

မေကြးနည္းပညာတကၠသိုလ္ ေက်ာင္းသားသမဂၢဥကၠ႒ ကိုခ်စ္ဝင္းေမာင္က “ဒီကိစၥနဲ႔ ပတ္သက္လုိ႔ က်ေနာ္တို႔ EC အဖြဲ႔ေတြ အစည္းေဝးထိုင္ၿပီး တိုင္ပင္ညိႇႏိႈင္းေနၾကပါတယ္” လို႔ ဆိုပါတယ္။

ဒီလိုလုပ္တာဟာ တကၠသုိလ္ေက်ာင္းသားတေယာက္ရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္တဲ့အျပင္ ႏိုင္ငံအတြင္းက ေက်ာင္းသားသမဂၢေတြရဲ႕ ရပ္တည္ခ်က္ကို ထိပါးလာတဲ့အတြက္ အျပင္းအထန္ ႐ႈတ္ခ်ကန္႔ကြက္တယ္လို႔ ရန္ကုန္စီးပြားေရး တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢနဲ႔ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက ထုတ္ျပန္ပါတယ္။

သတင္း-မင္းထီး

ဓာတ္ပံု-သက္ေမာင္ေမာင္
Unicodeဖြင့်ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုသက်မောင်မောင်ကို ဖခင်ဖြစ်သူ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော် အဝန်းအဝိုင်းထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရပါတယ်။

ကိုသက်မောင်မောင်ဟာ အမှတ် ၂၅၆ တပ်ရင်းမှာ မိဘတွေနဲ့ အတူနေထိုင်ပြီး ပခုက္ကူတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က အမှတ် ၂၅၆ တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ချမ်းမြေ့ဇော်က သူနဲ့ မိခင်ဖြစ်သူကို ခေါ်တွေ့ပြီး ကျောင်းသားသမဂ္ဂထဲမှာ မပါဝင်ဖို့ သတိပေးခဲ့တာပါ။

ကိုသက်မောင်မောင်က “ကျောင်းသားသမဂ္ဂထဲမှာပါလို့ ကျနေ်ာ့ကို ဘာလို့ ပိတ်ပင် တားဆီးတာလဲ၊ မိဘတွေခေါ်ပြီး ဘာလို့ ခံဝန်ကတိတွေ ထိုးခိုင်းတာလည်းမေးတော့ မေးစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။ ကျောင်းသားသမဂ္ဂထဲက နုတ်ထွက်ရင် နုတ်ထွက်၊ နုတ်မထွက်ရင် စစ်မှုထမ်းဆောင်နေတဲ့ မင်းအဖေကိုလည်း စစ်စည်းကမ်းအရ အရေးယူ သွားမယ်လို့ ပြောပါတယ်ဗျ။ ကျောင်းသားသမဂ္ဂထဲက နုတ်မထွက်နိုင်ဘူး၊ ပြောလိုက်တော့ မင်းစစ်တပ်ထဲမှာ မိဘနဲ့ အတူနေခွင့်မရှိဘူး၊ ပြောလို့ ကျနော် ချက်ချင်းထွက်ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က မိဘတွေ နေထိုင်တဲ့ တပ်ရင်းအပါဝင် တပ်ရင်းတပ်ဖွဲ့ အားလုံး သက်မောင်မောင်ကို ဝင်ခွင့်မပြုဖို့ စာထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျေျနာ်တို့ကျောင်းသား သမဂ္ဂဟာ မတရားအသင်းလည်း မဟုတ်ဘူး။ နိုင်ငံတော်ကလည်း ကြေညာထားတာမရှိဘူး။ ကျောင်းသားသမဂ္ဂဟာ တိုင်းပြည်နဲ့ ကျောင်းသားထုအကျိုးကို ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်ဆိုတာ ၁၉၃၁ နှစ်ကနေပြီး ယနေ့ထိ သက်သေ သာဓကတွေ လည်း ရှိတယ်။ လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့အဖွဲ့လည်း မဟုတ်ဘူး။ ကလောင်ကိုင်ပြီး တတ်နိုင်သလောက် တိုင်းပြည်အကျိုး ထမ်းဆောင်နေတာဖြစ်တယ်။ တပ်မတော်ရဲ့ မိသားစုဝင် တစ်ယောက်ဖြစ်ရတာ အပြစ်တစ်ခုဖြစ်နေတာလားဆိုတာကို တပ်မတော်ရဲ့ အကြီးအကဲတွေ သိစေချင်တယ်။” လို့ ကိုသက်မောင်မောင်က ပြောပါတယ်။

မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုချစ်ဝင်းမောင်က “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ EC အဖွဲ့တွေ အစည်းဝေးထိုင်ပြီး တိုင်ပင်ညှိနှိုင်းနေကြပါတယ်” လို့ ဆိုပါတယ်။

ဒီလိုလုပ်တာဟာ တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့အပြင် နိုင်ငံအတွင်းက ကျောင်းသားသမဂ္ဂတွေရဲ့ ရပ်တည်ချက်ကို ထိပါးလာတဲ့အတွက် အပြင်းအထန် ရှုတ်ချကန့်ကွက်တယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း-မင်းထီး

Credit: DVB