Zawgyi ျဖင့္ဖတ္၇န္
ေက်ာင္းသားသမဂၢမွာ ပါဝင္ခဲ့တာေၾကာင့္ တပ္မိသားစုဝင္တဦးအား တပ္တြင္းမွာ ေနထိုင္ျခင္းမျပဳဖို႔ တားျမစ္ခဲ့တာဟာ လက္ရိွအခ်ိန္ထိ တပ္မေတာ္ဟာ ေက်ာင္းသားသမဂၢအေပၚ အျမင္မၾကည္လင္မႈေတြ ရိွေနေသးတာေၾကာင့္ စိတ္မေကာင္းျဖစ္မိတယ္လုိ႔ ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒က ေျပာပါတယ္။

အမွတ္ (၁၀၁) ေျချမန္တပ္မဌာနခ်ဳပ္ရဲ႕ ကြပ္ကဲမႈေအာက္ရွိ အမွတ္ (၂၅၆) ေျခလ်င္တပ္ရင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ စစ္သည္တဦးရဲ႕ မွီခိုမိသားစုဝင္တဦးျဖစ္သူ ကိုသက္ေမာင္ေမာင္ဟာ ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွာ အတြင္းေရးမႉး တာဝန္ ထမ္းေဆာင္တာေၾကာင့္ တပ္တြင္းမွာ ေနထိုင္ျခင္းမျပဳဖို႔ တားျမစ္ခဲ့တဲ့့ တပ္မေတာ္ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲကို မတ္လ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Myanmar Now ႐ံုးခန္းမွာ ျပဳလုပ္ၿပီး အခုလုိ ေျပာၾကားလုိက္တာပါ။

“တပ္မေတာ္အေနနဲ႔ က်ေနာ္တို႔ ေက်ာင္းသားသမဂၢအေပၚမွာ အျမင္မၾကည္ဘူးဆိုတာ လံုးဝကို ေပၚလြင္သြားတယ္။ ဘာလို႔ လက္မခံတာလဲ၊ ေက်ာင္းသားသမဂၢ ဆိုတာက လက္နက္ေတြ ကိုင္ေနတဲ့ အဖြဲ႔အစည္းလည္း မဟုတ္ဘူး။ က််ေနာ္တို႔ သမဂၢဆိုတာ တိုင္းျပည္အတြက္ တေထာင့္တေနရာက တတ္စြမ္းသေရြ႕ ကူညီေနတဲ့ အသင္းအဖြဲ႔ပဲ ျဖစ္တယ္။ ဒါကို သူတို႔အေနနဲ႔ လက္မခံေသးတာ က်ေနာ္တို႔ စိတ္မေကာင္းျဖစ္မိတယ္” လို႔ ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကိုေအာင္ခိုင္မင္းက ေျပာပါတယ္။

တပ္မေတာ္ပိုင္နက္နယ္ေျမအတြင္းမွာ ေနထိုင္တဲ့သူတိုင္းဟာ ႏိုင္ငံေရးပါတီမ်ားနဲ႔ ဆက္သြယ္ျခင္း၊ ႏိုင္ငံေရး လႈပ္ရွားမႈေတြမွာ ပါဝင္ပတ္သက္ျခင္း၊ ႏိုင္ငံေတာ္အစုိးရနဲ႔ တပ္မေတာ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မလိုလားတဲ့ သေဘာနဲ႔ ဆန္႔က်င္မႈျပဳလုပ္ျခင္း စတဲ့အခ်က္ေတြ မျပဳလုပ္ဖို႔ အမိန္႔ထုတ္ျပန္ထားတာေၾကာင့္ ကိုသက္ေမာင္ေမာင္ကို တပ္အတြင္းမွာ ေနထိုင္ခြင့္မျပဳတာလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ႕ မတ္ ၁၃ ရက္ေန႔ ထုတ္ျပန္ခ်က္္မွာ ေဖာ္ျပထားပါတယ္။

ကုိသက္ေမာင္ေမာင္ဟာ ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ အတြင္းေရးမႉး တာဝန္ထမ္းေဆာင္ေနတာ ၂ ႏွစ္ သက္တမ္းေနရိွၿပီး သူ႔ရဲ႕ သမဂၢတာဝန္ဟာ လာမယ့္ ဇြန္လမွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
ကျောင်းသားသမဂ္ဂမှာ ပါဝင်ခဲ့တာကြောင့် တပ်မိသားစုဝင်တဦးအား တပ်တွင်းမှာ နေထိုင်ခြင်းမပြုဖို့ တားမြစ်ခဲ့တာဟာ လက်ရှိအချိန်ထိ တပ်မတော်ဟာ ကျောင်းသားသမဂ္ဂအပေါ် အမြင်မကြည်လင်မှုတွေ ရှိနေသေးတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက ပြောပါတယ်။

အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်ရှိ အမှတ် (၂၅၆) ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တဦးရဲ့ မှီခိုမိသားစုဝင်တဦးဖြစ်သူ ကိုသက်မောင်မောင်ဟာ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှာ အတွင်းရေးမှူး တာဝန် ထမ်းဆောင်တာကြောင့် တပ်တွင်းမှာ နေထိုင်ခြင်းမပြုဖို့ တားမြစ်ခဲ့တဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ Myanmar Now ရုံးခန်းမှာ ပြုလုပ်ပြီး အခုလို ပြောကြားလိုက်တာပါ။

“တပ်မတော်အနေနဲ့ ကျနော်တို့ ကျောင်းသားသမဂ္ဂအပေါ်မှာ အမြင်မကြည်ဘူးဆိုတာ လုံးဝကို ပေါ်လွင်သွားတယ်။ ဘာလို့ လက်မခံတာလဲ၊ ကျောင်းသားသမဂ္ဂ ဆိုတာက လက်နက်တွေ ကိုင်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ကျျနော်တို့ သမဂ္ဂဆိုတာ တိုင်းပြည်အတွက် တထောင့်တနေရာက တတ်စွမ်းသရွေ့ ကူညီနေတဲ့ အသင်းအဖွဲ့ပဲ ဖြစ်တယ်။ ဒါကို သူတို့အနေနဲ့ လက်မခံသေးတာ ကျနော်တို့ စိတ်မကောင်းဖြစ်မိတယ်” လို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခိုင်မင်းက ပြောပါတယ်။

တပ်မတော်ပိုင်နက်နယ်မြေအတွင်းမှာ နေထိုင်တဲ့သူတိုင်းဟာ နိုင်ငံရေးပါတီများနဲ့ ဆက်သွယ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခြင်း၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို မလိုလားတဲ့ သဘောနဲ့ ဆန့်ကျင်မှုပြုလုပ်ခြင်း စတဲ့အချက်တွေ မပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ထားတာကြောင့် ကိုသက်မောင်မောင်ကို တပ်အတွင်းမှာ နေထိုင်ခွင့်မပြုတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မတ် ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုသက်မောင်မောင်ဟာ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတာ ၂ နှစ် သက်တမ်းနေရှိပြီး သူ့ရဲ့ သမဂ္ဂတာဝန်ဟာ လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Credit:DVB
http://burmese.dvb.no/archives/259016