teaser

Zawgyi ျဖင့္ဖတ္၇န္

ဂ်က္စတင္ဘီဘာနဲ႔ လမ္းခြဲလိုက္ၿပီလို႔ ယူဆရတဲ့ ဆယ္လီနာဟာ ၾသစေၾတးလ်မွာ သူငယ္ခ်င္းေတြနဲ႔အတူ အပန္းေျဖေနခဲ့တာျဖစ္ၿပီး ေရကူးဝတ္စံု ဝတ္ဆင္ထားတဲ့ သူမရဲ႕ဓာတ္ပံုဟာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး သူမရဲ႕ခႏၶာကိုယ္အလွအေပၚ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ေက်ာက္ကပ္အစားထိုးလဲလွယ္မႈလုပ္ၿပီးတဲ့ေနာက္ ဆယ္လီနာကို ပထမဆံုးအႀကိမ္အျဖစ္ ဘီကီနီနဲ႔ ျမင္ေတြ႕ရျခင္းျဖစ္ၿပီး ဓာတ္ပံုထဲမွာေတာ့ သူမရဲ႕ခႏၶာကိုယ္က ေတာ္ေတာ္ေလး ေလ်ာ့လ်ဲေနကာ ေပါင္အတြင္းပိုင္းက ဒဏ္ရာေတြကိုလည္း ျမင္ေတြ႕ေနရပါတယ္။

teaser

အဲဒီဓာတ္ပံုက မတ္လ ၁၉ ရက္ေန႔ကတည္းက အြန္လိုင္း ပ်ံ႕ႏွံ႔ေနခဲ့တာ ျဖစ္ၿပီး ဒီေန႔ (မတ္လ ၂၀ ရက္ေန႔) မွာေတာ့ အဲဒီကိစၥအတြက္ ဆယ္လီနာက အင္စတာဂရမ္ကေန အခုလို တံု႔ျပန္ေရးသားလိုက္ပါတယ္။

“ခႏၶာကိုယ္ျပည့္စံုလွပခ်င္တဲ့ စိတ္က ဒီေန႔ေခတ္ အမ်ဳိးသမီးေတြကို မဆံုးႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ကင္းမဲ့မႈ၊ ကိုယ့္ကိုယ္ကိုယ္ မယံုၾကည္မႈ၊ မုန္းတီးမႈေတြထဲမွာ ပိတ္မိေစတယ္။ ဘာလို႔လဲဆုိေတာ့ သူမက လူ႔အဖြဲ႕အစည္းရဲ႕မျဖစ္ႏုိင္တဲ့ အဓိပၸာယ္ဖြင့္ဆုိခ်က္အတိုင္း ျပစ္မ်ဳိးမွဲ႔မထင္အလွကို ပိုင္ဆုိင္ဖို႔ ႀကိဳးစားေနလို႔ပဲ။ ကၽြန္မကေတာ့ ကၽြန္မကိုယ္ကၽြန္မ ဂ႐ုစိုက္ခ်င္လို႔ စိုက္တယ္။ ဘယ္သူ႔ကိုမွ ဘာကိုမွ သက္ေသျပခ်င္လို႔မဟုတ္ဘူး” လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ဆယ္လီနာဟာ Lupus ေရာဂါေၾကာင့္ စိတ္က်ေဝဒနာခံစားခဲ့ရလို႔ ကမာၻလွည့္ေဖ်ာ္ေျဖပြဲကို ဖ်က္သိမ္းၿပီး အနားယူခဲ့ရတဲ့အျပင္ ယင္းေရာဂါေၾကာင့္ပဲ ေက်ာက္ကပ္ပ်က္စီးခဲ့တဲ့အတြက္ အစားထိုးလဲလွယ္မႈ လုပ္ခဲ့ရပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဂျက်စတင်ဘီဘာနဲ့ လမ်းခွဲလိုက်ပြီလို့ ယူဆရတဲ့ ဆယ်လီနာဟာ သြစတြေးလျမှာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေနေခဲ့တာဖြစ်ပြီး ရေကူးဝတ်စုံ ဝတ်ဆင်ထားတဲ့ သူမရဲ့ဓာတ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်အလှအပေါ် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ကျောက်ကပ်အစားထိုးလဲလှယ်မှုလုပ်ပြီးတဲ့နောက် ဆယ်လီနာကို ပထမဆုံးအကြိမ်အဖြစ် ဘီကီနီနဲ့ မြင်တွေ့ရခြင်းဖြစ်ပြီး ဓာတ်ပုံထဲမှာတော့ သူမရဲ့ခန္ဓာကိုယ်က တော်တော်လေး လျော့လျဲနေကာ ပေါင်အတွင်းပိုင်းက ဒဏ်ရာတွေကိုလည်း မြင်တွေ့နေရပါတယ်။

teaser

အဲဒီဓာတ်ပုံက မတ်လ ၁၉ ရက်နေ့ကတည်းက အွန်လိုင်း ပျံ့နှံ့နေခဲ့တာ ဖြစ်ပြီး ဒီနေ့ (မတ်လ ၂၀ ရက်နေ့) မှာတော့ အဲဒီကိစ္စအတွက် ဆယ်လီနာက အင်စတာဂရမ်ကနေ အခုလို တုံ့ပြန်ရေးသားလိုက်ပါတယ်။

“ခန္ဓာကိုယ်ပြည့်စုံလှပချင်တဲ့ စိတ်က ဒီနေ့ခေတ် အမျိုးသမီးတွေကို မဆုံးနိုင်တဲ့ မျှော်လင့်ချက်ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု၊ မုန်းတီးမှုတွေထဲမှာ ပိတ်မိစေတယ်။ ဘာလို့လဲဆိုတော့ သူမက လူ့အဖွဲ့အစည်းရဲ့မဖြစ်နိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ပြစ်မျိုးမှဲ့မထင်အလှကို ပိုင်ဆိုင်ဖို့ ကြိုးစားနေလို့ပဲ။ ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်ချင်လို့ စိုက်တယ်။ ဘယ်သူ့ကိုမှ ဘာကိုမှ သက်သေပြချင်လို့မဟုတ်ဘူး” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆယ်လီနာဟာ Lupus ရောဂါကြောင့် စိတ်ကျဝေဒနာခံစားခဲ့ရလို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းပြီး အနားယူခဲ့ရတဲ့အပြင် ယင်းရောဂါကြောင့်ပဲ ကျောက်ကပ်ပျက်စီးခဲ့တဲ့အတွက် အစားထိုးလဲလှယ်မှု လုပ်ခဲ့ရပါတယ်။
Credit: Duwun