Zawgyi ျဖင့္ဖတ္ရန္

စစ္ေတြၿမိဳ႕နယ္ရွိ မင္းဂံရပ္ကြက္ အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ျပည္ေတာ္သာရပ္ကြက္ အမွတ္(၄) အေျခခံ ပညာ အထက္တန္းေက်ာင္းရွိ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုသူ အားလံုး စာေျဖခန္းတြင္ အတြင္းခံေဘာင္းဘီ ဝတ္ခြင့္မျပဳသျဖင့္ ေက်ာင္းသားမ်ား မေက်နပ္ေၾကာင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားထံမွ သိရသည္။

“ကၽြန္မတို႔ အတြင္းခံေဘာင္းဘီကို ရွာေဖြေရးအခန္းမွာ စစ္ေဆးခံၿပီးေတာ့ အဲဒီထဲမွာ ထားခဲ့ရတယ္။ အထဲကို ယူခြင့္မျပဳဘူး၊ အဂၤလိပ္စာေန႔(မတ္ ၈ ရက္)က စျဖစ္တာ၊ တခ်ိဳ႕က်ေတာ့လည္း မေက်နပ္သလို၊ တခ်ိဳ႕က်ေတာ့လည္း ရယ္ၾကတာေပါ့။ သူတို႔ခၽြတ္ဆိုလည္း ခၽြတ္ထားခဲ့ရတာေပါ့”ဟု မင္းဂံရပ္ကြက္ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ စာေမးပြဲေျဖဆိုသူ မသႏၲာဝင္းက ေျပာသည္။

ယခင္ႏွစ္မ်ားက အတြင္းခံေဘာင္းဘီ ခၽြတ္မထားရဘဲ ယခုႏွစ္တြင္သာ လုပ္ေဆာင္ခဲ့ေၾကာင္း၊ ထိုသို႔လုပ္ေဆာင္ျခင္းေၾကာင့္ အမ်ိဳးသမီးမ်ားအတြက္ အခက္အခဲျဖစ္ေၾကာင္း၊ စာေမးပြဲမွာ လူအမ်ားႏွင့္ ေျဖဆိုရေသာေၾကာင့္ ဓမၼတာလာသူျဖစ္ပါက အရွက္ကြဲႏိုင္ေၾကာင္း အထက (၄) တြင္ ေျဖဆိုေနသူ ေက်ာင္းသူတစ္ဦးကဆိုသည္။

“ရွာေဖြခန္းထဲမွာ ေဘာင္းဘီ ပါလားေမးတယ္၊ ပါရင္ခၽြတ္ခိုင္းတယ္။ မပါဘူးေျဖရင္ စမ္းၾကည့္တယ္။ အမွတ္အသားေလးနဲ႔ ထားခဲ့ရတာေပါ့၊ ျပန္ထြက္ရင္ ယူရတယ္။ ဘယ္တတ္ႏိုင္မလဲ”ဟု မင္းဂံရပ္ကြက္ အေျခခံပညာ အထက္တန္းေက်ာင္းရွိ စာစစ္ဌာနတြင္ ျပင္ပမွဝင္ေရာက္ေျဖဆိုသူ ေက်ာင္းသား ေမာင္ၿဖိဳးေအာင္ေက်ာ္က ေျပာသည္။

အဆိုပါ စာစစ္ဌာနတို႔တြင္ စာေမးပြဲ ေျဖဆိုသူ ေက်ာင္းသား ၊ ေက်ာင္းသူ ၈၀၀ ခန္႔ရွိၿပီး စာေမးပြဲက်၍ ေျဖဆိုသူ ေက်ာင္းသား၊ ေက်ာင္းသူ အမ်ားဆံုးျဖစ္ေၾကာင္း၊ ေဘာင္းဘီခၽြတ္မႈႏွင့္ပတ္သက္၍ ေက်ာင္းသားမိဘမ်ားက မေက်နပ္သျဖင့္ ရခိုင္ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာခ်မ္းသာထံ တိုင္ၾကားမႈမ်ားရွိေၾကာင္း ျပည္နယ္ပညာေရးဌာနထံမွ သိရသည္။

ယင္းေၾကာင့္ စာေမးပြဲ ေျဖဆိုေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ သိကၡာ ထိပါးေသာ အျပဳအမူမ်ိဳး မလုပ္ရန္ႏွင့္ စာေျဖခန္းတြင္ ခိုးကူးသည္မ်ား ေတြ႔ပါက စာေမးပြဲစည္းကမ္းႏွင့္အညီ အျပစ္ေပးရန္ ႀကီးၾကပ္ေရးမွဴးမ်ားကို ၫႊန္ၾကားထားေၾကာင္း ရခိုင္ျပည္နယ္ လက္ေထာက္ပညာေရးမွဴး ဦးစိန္ထြန္းလွက ေျပာသည္။

READ  ေဆး တကၠသိုလ္ မ်ားတြင္ ဝင္ခြင့္ လက္ခံသြားမည့္ ဦးေရ ကို ယခင္ႏွစ္ကထက္ ေလွ်ာ့ခ်ေခၚမည္ဟု ေၾကညာ

“အဲဒီလို လုပ္ရမယ္လို႔ ၫႊန္ၾကားထားတာ မရွိဘူး။ အမွန္က ေဘာင္းဘီႏွစ္ထပ္၊ သံုးထပ္ ဝတ္လာၾကတယ္၊ မိန္းကေလးေတြမွာဆိုရင္ ဂြမ္းထုပ္ (အမ်ိဳးသမီးသံုး ပစၥည္း) ထဲမွာေတာင္ စာကူးဖို႔ပါတယ္”ဟု ၎ကေျပာသည္။

အခ်ိဳ႕မွာ ေဘာင္းဘီ မဝတ္လာေသာ္လည္း ေပါင္၌တိပ္ျဖင့္ကပ္၍ ခိုးကူးမည့္ စာသား ကို ယူေဆာင္လာေၾကာင္း၊ စာေျဖခန္းထဲ၌ စာ႐ြက္စာတမ္းျဖင့္ ခိုးကူးျခင္း မရွိေစရန္ ႀကိဳတင္ တားျမစ္သည့္အေနႏွင့္ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ၎က ဆက္၍ဆိုသည္။
Credit to The Voice

Unicode ဖြင့်ဖတ်ရန်

စစ်တွေရှိ စာစစ်ဌာနနှစ်ခုတွင် အတွင်းခံဘောင်းဘီ ဝတ်ခွင့်မပြုသဖြင့် ကျောင်းသား၊ ကျောင်းသူများ မကျေနပ်

စစ်တွေမြို့နယ်ရှိ မင်းဂံရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းနှင့် ပြည်တော်သာရပ်ကွက် အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အားလုံး စာဖြေခန်းတွင် အတွင်းခံဘောင်းဘီ ဝတ်ခွင့်မပြုသဖြင့် ကျောင်းသားများ မကျေနပ်ကြောင်း ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။

“ကျွန်မတို့ အတွင်းခံဘောင်းဘီကို ရှာဖွေရေးအခန်းမှာ စစ်ဆေးခံပြီးတော့ အဲဒီထဲမှာ ထားခဲ့ရတယ်။ အထဲကို ယူခွင့်မပြုဘူး၊ အင်္ဂလိပ်စာနေ့(မတ် ၈ ရက်)က စဖြစ်တာ၊ တချို့ကျတော့လည်း မကျေနပ်သလို၊ တချို့ကျတော့လည်း ရယ်ကြတာပေါ့။ သူတို့ချွတ်ဆိုလည်း ချွတ်ထားခဲ့ရတာပေါ့”ဟု မင်းဂံရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုသူ မသန္တာဝင်းက ပြောသည်။

ယခင်နှစ်များက အတွင်းခံဘောင်းဘီ ချွတ်မထားရဘဲ ယခုနှစ်တွင်သာ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမျိုးသမီးများအတွက် အခက်အခဲဖြစ်ကြောင်း၊ စာမေးပွဲမှာ လူအများနှင့် ဖြေဆိုရသောကြောင့် ဓမ္မတာလာသူဖြစ်ပါက အရှက်ကွဲနိုင်ကြောင်း အထက (၄) တွင် ဖြေဆိုနေသူ ကျောင်းသူတစ်ဦးကဆိုသည်။

READ  ဒႆနိက၊ အေရွ႕တုိင္းႏွင့္ ျမန္မာမႈပညာ ပထမႏွစ္၀င္ခြင့္ရသူ နည္းပါးေန

“ရှာဖွေခန်းထဲမှာ ဘောင်းဘီပါလားမေးတယ်၊ ပါရင်ချွတ်ခိုင်းတယ်။ မပါဘူးဖြေရင် စမ်းကြည့်တယ်။ အမှတ်အသားလေးနဲ့ ထားခဲ့ရတာပေါ့၊ ပြန်ထွက်ရင် ယူရတယ်။ ဘယ်တတ်နိုင်မလဲ”ဟု မင်းဂံရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနတွင် ပြင်ပမှဝင်ရောက်ဖြေဆိုသူ ကျောင်းသား မောင်ဖြိုးအောင်ကျော်က ပြောသည်။

အဆိုပါ စာစစ်ဌာနတို့တွင် စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၈၀၀ ခန့်ရှိပြီး စာမေးပွဲကျ၍ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ အများဆုံးဖြစ်ကြောင်း၊ ဘောင်းဘီချွတ်မှုနှင့်ပတ်သက်၍ ကျောင်းသားမိဘများက မကျေနပ်သဖြင့် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာထံ တိုင်ကြားမှုများရှိကြောင်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။

ယင်းကြောင့် စာမေးပွဲ ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများ၏ သိက္ခာ ထိပါးသော အပြုအမူမျိုး မလုပ်ရန်နှင့် စာဖြေခန်းတွင် ခိုးကူးသည်များ တွေ့ပါက စာမေးပွဲစည်းကမ်းနှင့်အညီ အပြစ်ပေးရန် ကြီးကြပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

“အဲဒီလို လုပ်ရမယ်လို့ ညွှန်ကြားထားတာ မရှိဘူး။ အမှန်က ဘောင်းဘီနှစ်ထပ်၊ သုံးထပ် ဝတ်လာကြတယ်၊ မိန်းကလေးတွေမှာဆိုရင် ဂွမ်းထုပ် (အမျိုးသမီးသုံး ပစ္စည်း) ထဲမှာတောင် စာကူးဖို့ပါတယ်”ဟု ၎င်းကပြောသည်။

အချို့မှာ ဘောင်းဘီ မဝတ်လာသော်လည်း ပေါင်၌တိပ်ဖြင့်ကပ်၍ ခိုးကူးမည့် စာသားကို ယူဆောင်လာကြောင်း၊ စာဖြေခန်းထဲ၌ စာရွက်စာတမ်းဖြင့် ခိုးကူးခြင်း မရှိစေရန် ကြိုတင် တားမြစ်သည့်အနေနှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်၍ဆိုသည်။

Credit to The Voice

LEAVE A REPLY