Zawgyi ျဖင့္ဖတ္၇န္

အစဥ္အလာပါတီမ်ားမွ အျခားေရြးခ်ယ္စရာအျဖစ္ ထုိင္း၏အႀကီးဆံုး ကားအစိတ္အပိုင္းမ်ား ထုတ္လုပ္သည့္ ကုမၸဏီ၏မ်ဳိးဆက္က ၿမိဳ႕ေတာ္ဘန္ေကာက္တြင္ မတ္ ၁၅ ရက္၌ ႏိုင္ငံေရးပါတီသစ္ ထူေထာင္ခဲ့ၿပီး ႏိုင္ငံေရးအရ အလြန္အမင္း စိတ္၀မ္းကဲြေနမႈကို ကုစားေပးမည္ဟု ကတိျပဳခဲ့သည္။ ကားအစိတ္အပိုင္းမ်ား ထုတ္လုပ္သည့္ Thai Summit Group ၏ ဒုတိယအမႈေဆာင္ဥကၠ႒ႏွင့္ ညႊန္ၾကားေရးမွဴးျဖစ္သူ အသက္ ၃၉ ႏွစ္ရွိ Thanathorn Juangroongruangkit က ဘန္ေကာက္ရွိ အလားအလာရွိေသာ ခ်ဳိင္းနားေတာင္း၌ Future Forward Party ကို ထူေထာင္ခဲ့ျခင္းျဖစ္သည္။

Thanathorn က သူသည္ လူငယ္ မဲဆႏၵရွင္မ်ားႏွင့္ မဲေပးခြင့္ ႐ုပ္သိမ္းခံခဲ့ရသည့္ ႏုိင္ငံသားမ်ားအား ႏွစ္သိမ့္ေပးႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့သည္။ ပါတီသစ္မိတ္ဆက္ပဲြတြင္ ၎က “ဒီမိုကေရစီကို အခြင့္အေရးတစ္ခါေပးပါ” ဟု အဂၤလိပ္ဘာသာျဖင့္ ေျပာၾကားခဲ့သည္။ “ေသနတ္ေတြနဲ႔ အုပ္ခ်ဳပ္တာမ်ဳိးကို ကြၽန္ေတာ္တုိ႔ မလိုအပ္ပါဘူး” ဟု ၂၀၁၄ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ စစ္အာဏာသိမ္းမႈအား ရည္ညႊန္းလ်က္ ၎က ထိုင္းဘာသာျဖင့္ ေျပာၾကားခဲ့သည္။

ႏုိင္ငံေရးပါတီသစ္မ်ားအတြက္ မွတ္ပံုတင္မႈကို ထိုင္းေရြးေကာက္ပဲြေကာ္မရွင္က စတင္လက္ခံခဲ့ၿပီးေနာက္ပိုင္း ႏွစ္ပတ္အၾကာတြင္ Thanathorn က ယင္းပါတီသစ္ကို ထူေထာင္ခဲ့ျခင္းျဖစ္သည္။ ႏုိင္ငံေရးပါတီသစ္မ်ားအား မွတ္ပံုတင္မႈကို ခြင့္ျပဳထားေသာ္လည္း မဲဆြယ္စည္း႐ံုးခြင့္ မရွိေသးေပ။

သတင္းစာမ်ားျဖန္႔ခ်ိသည့္ Matichon Pcl တြင္ ၎၏မိသားစုကလည္း အဓိကရွယ္ယာမ်ား ပါ၀င္ထားေသာ Thanathorn က မတ္ ၁၄ ရက္တြင္ Matichon ၏ ဘုတ္အဖဲြ႕မွ ႏုတ္ထြက္ခဲ့ေသာ္လည္း ပုဂၢလိက ကုမၸဏီျဖစ္သည့္ Thai Summit ၏ ဘုတ္အဖဲြ႕တြင္မူ ပါ၀င္ေနဦးမည္ျဖစ္သည္။

အခ်ဳိ႕ကမူ ၎တုိ႔၏မိသားစုႏွင့္ သက္ဆင္တုိ႔အၾကား ဆက္ႏႊယ္မႈကို ေမးခြန္းထုတ္ခဲ့ၾကသည္။ Thanathorn ၏ဦးေလးျဖစ္သူ Suriya Juangroongruangkit သည္ သက္ဆင္၏ ယခုအခါ ဖ်က္သိမ္းခံခဲ့ရၿပီးျဖစ္ေသာ Thai Rak Thai ပါတီတြင္ ထိပ္တန္းရာထူး အမ်ားအျပားကို ထမ္းေဆာင္ခဲ့ဖူးေၾကာင္း သိရသည္။ Thanathorn သည္ “ေနာက္ထပ္သက္ဆင္” တစ္ဦးအျဖစ္ ခုိင္းႏိႈင္းခံခဲ့ရေသာ္လည္း ၎ကရွိဆဲ မည္သည့္အုပ္စုႏွင့္မွ် ရပ္တည္မည္မဟုတ္ဘဲ ကိုယ္ပိုင္ရပ္တည္သြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

Thanathorn က ပါတီပူးတဲြထူေထာင္သူမ်ားကို မတ္ ၁၅ ရက္တြင္ ေၾကညာခဲ့ၿပီး ဇာတ္ကားထုတ္လုပ္သူတစ္ဦး၊ LGBT အေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး တက္ၾကြလႈပ္ရွားသူအခ်ဳိ႕တို႔ ပါ၀င္ေၾကာင္း သိရသည္။ ပါတီပူးတဲြထူေထာင္သူတစ္ဦးျဖစ္ေသာ ဘန္ေကာက္ရွိ သမားဆက္တကၠသိုလ္မွ ဥပေဒကထိကတစ္ဦးျဖစ္သူ Piyabutr Saengkanokkul က ၎တုိ႔၏ပါတီသည္ ထိုင္းႏုိင္ငံေရးကဲြျပားမႈအား ေက်ာ္လႊားႏိုင္မည္ဟု ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္ ထုိပါတီသစ္သည္ ေအာက္ေျခမဲဆႏၵရွင္မ်ားအား စည္း႐ံုးႏုိင္ရန္ ခက္ခဲလိမ့္မည္ဟု ေလ့လာသူအခ်ဳိ႕က သံုးသပ္ထားၾကသည္။
Unicodeဖြင့်ဖတ်ရန်
အစဉ်အလာပါတီများမှ အခြားရွေးချယ်စရာအဖြစ် ထိုင်း၏အကြီးဆုံး ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ၏မျိုးဆက်က မြို့တော်ဘန်ကောက်တွင် မတ် ၁၅ ရက်၌ နိုင်ငံရေးပါတီသစ် ထူထောင်ခဲ့ပြီး နိုင်ငံရေးအရ အလွန်အမင်း စိတ်ဝမ်းကွဲနေမှုကို ကုစားပေးမည်ဟု ကတိပြုခဲ့သည်။ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် Thai Summit Group ၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးဖြစ်သူ အသက် ၃၉ နှစ်ရှိ Thanathorn Juangroongruangkit က ဘန်ကောက်ရှိ အလားအလာရှိသော ချိုင်းနားတောင်း၌ Future Forward Party ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

Thanathorn က သူသည် လူငယ် မဲဆန္ဒရှင်များနှင့် မဲပေးခွင့် ရုပ်သိမ်းခံခဲ့ရသည့် နိုင်ငံသားများအား နှစ်သိမ့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ပါတီသစ်မိတ်ဆက်ပွဲတွင် ၎င်းက “ဒီမိုကရေစီကို အခွင့်အရေးတစ်ခါပေးပါ” ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။ “သေနတ်တွေနဲ့ အုပ်ချုပ်တာမျိုးကို ကျွန်တော်တို့ မလိုအပ်ပါဘူး” ဟု ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုအား ရည်ညွှန်းလျက် ၎င်းက ထိုင်းဘာသာဖြင့် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီသစ်များအတွက် မှတ်ပုံတင်မှုကို ထိုင်းရွေးကောက်ပွဲကော်မရှင်က စတင်လက်ခံခဲ့ပြီးနောက်ပိုင်း နှစ်ပတ်အကြာတွင် Thanathorn က ယင်းပါတီသစ်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီသစ်များအား မှတ်ပုံတင်မှုကို ခွင့်ပြုထားသော်လည်း မဲဆွယ်စည်းရုံးခွင့် မရှိသေးပေ။

သတင်းစာများဖြန့်ချိသည့် Matichon Pcl တွင် ၎င်း၏မိသားစုကလည်း အဓိကရှယ်ယာများ ပါဝင်ထားသော Thanathorn က မတ် ၁၄ ရက်တွင် Matichon ၏ ဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့သော်လည်း ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Thai Summit ၏ ဘုတ်အဖွဲ့တွင်မူ ပါဝင်နေဦးမည်ဖြစ်သည်။

အချို့ကမူ ၎င်းတို့၏မိသားစုနှင့် သက်ဆင်တို့အကြား ဆက်နွှယ်မှုကို မေးခွန်းထုတ်ခဲ့ကြသည်။ Thanathorn ၏ဦးလေးဖြစ်သူ Suriya Juangroongruangkit သည် သက်ဆင်၏ ယခုအခါ ဖျက်သိမ်းခံခဲ့ရပြီးဖြစ်သော Thai Rak Thai ပါတီတွင် ထိပ်တန်းရာထူး အများအပြားကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ Thanathorn သည် “နောက်ထပ်သက်ဆင်” တစ်ဦးအဖြစ် ခိုင်းနှိုင်းခံခဲ့ရသော်လည်း ၎င်းကရှိဆဲ မည်သည့်အုပ်စုနှင့်မျှ ရပ်တည်မည်မဟုတ်ဘဲ ကိုယ်ပိုင်ရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Thanathorn က ပါတီပူးတွဲထူထောင်သူများကို မတ် ၁၅ ရက်တွင် ကြေညာခဲ့ပြီး ဇာတ်ကားထုတ်လုပ်သူတစ်ဦး၊ LGBT အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူအချို့တို့ ပါဝင်ကြောင်း သိရသည်။ ပါတီပူးတွဲထူထောင်သူတစ်ဦးဖြစ်သော ဘန်ကောက်ရှိ သမားဆက်တက္ကသိုလ်မှ ဥပဒေကထိကတစ်ဦးဖြစ်သူ Piyabutr Saengkanokkul က ၎င်းတို့၏ပါတီသည် ထိုင်းနိုင်ငံရေးကွဲပြားမှုအား ကျော်လွှားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုပါတီသစ်သည် အောက်ခြေမဲဆန္ဒရှင်များအား စည်းရုံးနိုင်ရန် ခက်ခဲလိမ့်မည်ဟု လေ့လာသူအချို့က သုံးသပ်ထားကြသည်။
Ref: Reuters
Credit: Eleven