Zawgyi ဖြင့်ဖတ်ရန်






READ  တကယ့်အဖြစ်အပျက်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ ထိတ်လန့်ဖွယ်ရုပ်ရှင် (၁၂) ကား


Credit:zartimyay

Unicode ဖြင့်ဖတ်ရန်

ကြည့်ရှုသူတွေပိုဝမ်းနည်းရမယ့် Titanicရုပ်ရှင်ရဲ့ ဖြတ်တောက်ခံခဲ့ရတဲ့ဇာတ်ဝင်ခန်း

၁၉၉ရ ခုနှစ်မှာ အအောင်မြင်ဆုံး ဇာတ်ကားတစ်ခုဖြစ်တဲ့ Titanic ဇာတ်ကားကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဇာတ်သိမ်းက အလွန်ဝမ်းနည်းခဲ့ရပါတယ်။ ကျောထောက်နောက်ခံ သမိုင်းကြောင်းကလည်း ခိုင်ခိုင်မာမာရှိခဲ့လို့ လူတွေက ဒီဇာတ်ကားမထွက်ခင်ကတည်းက ကြည့်ဖို့ ဆာလောင်မွတ်သိပ်နေခဲ့တာပါ။ ထင်ထားသလိုပဲ ဇာတ်ကားဝင်ငွေဟာ ဒေါ်လာ 2 ဘီလီယံအထိ ရရှိခဲ့ပါတယ်။

ဒါပေမယ့် ကျနော်တို့ ကြည့်ခဲ့ရတဲ့ ဇာတ်ကား အစုံအလင်မဟုတ်သေးပါဘူး။ ဇာတ်ကားထဲမှာ ဖြတ်တောက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိခဲ့ပါသေးတယ်။ အဲဒီဇာတ်ဝင်ခန်းတွေကိုသာ ထပ်ပေါင်းခဲ့ရင်တော့ Titanic ဇာတ်ကားရဲ့ ဇာတ်သိမ်းဟာ ဒီထက်ပိုပြီး ကြေကွဲစရာ ကောင်းနေမှာ အမှန်ပါဘဲ။

ဖြတ်တောက်ထားတဲ့ ဇာတ်ဝင်ခန်းထဲမှာ Rose ဟာ အသက်ကယ်လှေပေါ်ကနေ ဘေးကင်းရာကိုရောက်တော့ ဝမ်းနည်းစွာငိုကြွေးမြည်တမ်းနေတဲ့ လူအုပ်ကြီးကို တွေ့ခဲ့ရပါတယ်။ နောက်ခံတီးလုံးကလည်း ငိုချင်သူကို လက်တို့ပေးနေတဲ့ တီးလုံးဖြစ်ပြီး Rose ရဲ့ မျက်နှာက သိပ်ကိုကြောက်ရွံ့ကြေကွဲစရာတွေ ကြုံခဲ့ရလို့ စိတ္တဇလူနာတစ်ယောက်လို၊ ဒါမှမဟုတ် ခံစားမှုတွေ မဲ့နေတဲ့မျက်နှာဟာ ပီပြင်လွန်းလှပါတယ်။

ဒီအထဲမှာ ဗီလိန်အဖြစ် ပါဝင်ခဲ့ Ismay ကတော့ သူရဲ့ လူမဆန်ခဲ့မှုအတွက် စိတ်ထဲမှာ မသိုးမသန့်ဖြစ်နေပုံပါဘဲ။ သူဟာ သူ့ကို လူတွေက စိုက်ကြည့်နေတာကို သူလုပ်ခဲ့တဲ့လုပ်ရပ်တွေများ သိနေကြလေသလားဆိုတဲ့ ပုံစံမျိုးနဲ့ မျက်နှာက မသိုးမသန့်ဖြစ်နေခဲ့တဲ့ ပုံပေါ်နေပါတယ်။

Rose ရဲ့ သတို့သားလောင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Cal ဇာတ်ရုပ်ကလည်း အသက်ကယ်လှေပေါ်မှာ နေရာတစ်နေရာရဖို့ ကောင်မလေးတစ်ယောက်ကို မွေးစားချင်ယောင် ဆောင်ခဲ့တာကို အားလုံးမှတ်မိမှာပါ။ သူဟာ ဖြတ်တောက်ထားတဲ့ ဇာတ်ဝင်ခန်းထဲမှာ အဲဒီကောင်မလေးကို ဂရုတစိုက်သယ်ဆောင်သွားတာကို တွေ့ရပါတယ်။

READ  လိင်တူ ချစ်သူများကိုထောက်ခံတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားမယ့် မက်ဒေါနား

ဒီဇာတ်ဝင်ခန်းတွေကိုသာ ပေါင်းစပ်လိုက်ပါက အဲဒီအချိန်တုန်းက ကြည့်ခဲ့ရတဲ့ Feel မျိုးကို ပိုပြီးကြေကွဲစရာကောင်းတဲ့ ခံစားမှု ပေးစွမ်းနိုင်လိမ့်မယ်လို့ ဆိုရမှာပါ။

Credit:zartimyay

LEAVE A REPLY