Zawgyi ျဖင့္ဖတ္၇န္
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ဦးေဆာင္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီႏွင့္ AG Resources Myanmar Co.Ltd., တို႔ အက်ိဳးတူပူးေပါင္းေဆာင္ရြက္မႈျဖင့္ လာမည့္ေျခာက္လတြင္ ဒလၿမိဳ႕နယ္၌ အိမ္တိုင္ရာေရာက္ ေရဘံုဘိုင္စနစ္ျဖင့္ ေရခ်ိဳသံုးစြဲႏိုင္ေတာ့မည္ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာ ၾကားသည္။

ယေန႔နံနက္ ၇ နာရီတြင္ဒလၿမိဳ႕နယ္၊ဆာပါေခ်ာင္ရပ္ကြက္တြင္ ျပဳလုပ္သည့္ ဒလၿမိဳ႕နယ္အတြင္း ေသာက္သံုးေရမ်ားျဖန္႔ ေဝေပးႏိုင္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ဦးေဆာင္မႈျဖင္ ့ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ AG Resources Myanmar Co.Ltd., တို႔ အက်ိဳးတူပူးေပါင္းေဆာင္ရြက္သည့္ ေရသန္႔စက္ ဖြင့္ပြဲ အခမ္းအနားတြင္ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဒီေန႔ တည္ေဆာက္တဲ့ ေရသန္႔ျဖန္႔ေဝေရးလုပ္ငန္းမွာ ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရယ္၊ ကုမၸဏီရယ္နဲ႔ က်ြန္ေတာ္တို႔ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ဖို႔ လုပ္ငန္းစဥ္တစ္ခု ျဖစ္ပါတယ္။ ဒါအစိုးရကေန စီမံေဆာင္ရြက္ေနတဲ့ပြဲ ျဖစ္ပါတယ္။ က်ြန္ေတာ္ဘာေၾကာင့္ ဒီကို လာခဲ့သလဲဆိုရင္ ေႏြရာသီေရာက္ေတာ့မွာ ျဖစ္တဲ့အတြက္ ေရအခမဲ့ျဖန္႔ေဝေရးကိစၥကို က်ြန္ေတာ္တို႔ဘက္က အခ်ိန္ျမန္ျမန္ ေဆာင္ရြက္ခ်င္ပါတယ္။ ဒါေၾကာင့္ က်ြန္ေတာ္တို႔က ဒီေန႔ဖြင့္ပြဲလုပ္ျပီးသြားရင္ ဒီေန႔ညေနမွာပဲ ဘုန္းၾကီးေက်ာင္းေတြမွာပဲ ေရေပးေဝမယ္တို႔ ရပ္ရြာထဲမွာပဲ ေရျဖန္႔ေပးမယ္ဆိုတဲ့ အေျခအေနတစ္ခုရမွာ ျဖစ္ပါတယ္။

ဒလအတြက္ ေရခ်ိဳ ေန႔စဥ္ေန႔တိုင္း (၂) သိန္း သံုးစြဲခြင့္ စရေတာ့မွာပဲ ျဖစ္ပါတယ္။ ဒီကေနမွတစ္ဆင့္ ေနာင္ (၆ )လေနရင္ (၃) သန္း အိမ္တိုင္ရာေရာက္ ေရဘံုဘိုင္ေတြနဲ႔ သံုးႏိုင္တဲ့ အေျခအေန ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီအေျခအေနေတြကို တေျဖးေျဖးတိုးတက္ လာဖို႔ ဒလျမိဳ႕သူ/ျမိဳ႕သားေတြေရာ အစိုးရဌာနအသီးသီးမွ တာဝန္ရွိတဲ့သူေတြေရာ၊ ပုဂၢလိကက႑နယ္ပယ္ကေရာ ဝိုင္းဝန္းျပီး ကူညီပူးေပါင္း ေဆာင္ရြက္ၾကပါ”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

အစိုးရ၏ရည္ရြယ္ခ်က္အားျဖင့္ ျမိဳ႕တိုင္း၊ရြာတိုင္းကို လမ္းေပါက္ရန္ မီးလင္းရန္ႏွင့္ ေရသန္႕သံုးစြဲႏိုင္ရန္တို႔ျဖစ္ၿပီး ဒီကိစၥရပ္မ်ိဳးကို အစိုးရဘက္ဂ်က္နဲ႔သာ ေဆာင္ရြက္ပါက အလွမ္းေဝးေနဦးမည္သာ ျဖစ္သည့္အတြက္ ပုဂၢလိကက႑မွ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈထည္သြင္းၿပီး ေရျဖန္႔ျဖဴးမည္ဆိုပါက သံုးစြဲမည့္သူမ်ားလည္း မိမိတို႔သံုးစြဲသည့္အေပၚမူတည္ၿပီး သံုးစြဲခေပး ရမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

“က်ြန္ေတာ္တို႔ဆီမွာ ေရသန္႔ ရႏိုင္တဲ့ ေနရာေတြရွိပါတယ္။
ဥပမာ-တြံေတးတူးေျမာင္းရဲ႕ မိုင္တိုင္ ၂၀ ရဲ႕ အထက္ပိုင္းနဲ႔ ဧရာဝတီျမစ္ထိပ္ပိုင္း တိုးျမစ္ထိပ္ေနရာေတြမွာ ေရေကာင္းေရသန္႔စနစ္နဲ႔ ျပန္သန္႔စင္ေပးမယ္ဆိုရင္ ေရခ်ိဳရႏိုင္မယ့္ အေျခအေနရွိပါတယ္။ ဒီေရခ်ိဳကို ျမိဳ႕တြင္းကို ေဝေပးႏိုင္မယ္ဆိုရင္ ျမိဳ႕သူ၊ျမိဳ႕သားေတြ ျပည္သူေတြ ေရေကာင္းေရသန္႔ သံုးႏိုင္ပါတယ္။ ဒါေပမယ့္ က်ြန္ေတာ္တို႔က တိုးျမစ္ထိပ္ကေနျပီးေတာ့ ပိုက္လိုင္းနဲ႔ သြယ္ျပီးေတာ့ ေရသန္႔စင္တဲ့စက္နဲ႔ လုပ္ျပီး လူထုကိုေရျဖန္႔ုျဖဴးႏိုင္ဖို႔အတြက္ သံုးစြဲလိုတဲ့ ျပည္သူလူထု ရွိေသာ္ျငားလည္း အစိုးရရဲ႕ဘက္ဂ်က္မတတ္ႏိုင္တဲ့အတြက္ က်ြန္ေတာ္တို႔ ဒီလုပ္ငန္းကို မလုပ္ႏိုင္ခဲ့ပါဘူး။ အခုအေျခအေနမွာ က်ြန္ေတာ္တို႔က ပုဂၢလိကက႑ရယ္၊ အစိုးရရယ္၊ ျပည္သူရယ္ ပူးေပါင္းေဆာင္ရြက္မယ္ဆိုတဲ့ အေျခခံေပၚကေနျပီးေတာ့ ေရသန္႔ရွိတဲ့ တိုးျမစ္ထိပ္ကို မေရာက္ေသးတဲ့ ေရကိုသယ္ေဆာင္မယ္။

ဒါမွမဟုတ္ရင္ ဒီေနရာမွာပဲ သန္႔စင္မယ္။ ျပီးရင္ပိုက္လိုင္းနဲ႕ ျပည္သူလူထုကို ေဝေပးမယ္ဆိုရင္ ဒီဘက္ဂ်က္ကို ပုဂၢလိကက႑က ဝန္ခံေပးပါ။ က်ြန္ေတာ္တို႔က ေရရွိတဲ့ေနရာကို ျပပါမယ္။ ျပီးရင္ ျပည္သူလူထုကို ေရျဖန္႔ေပးပါမယ္။ ျပည္သူလူထုက ေရသံုးစြဲခကို သတ္မွတ္ထားတဲ့ ေရမီတာ ႏႈန္းထားနဲ႔ ျပန္ေပးမယ္ဆိုရင္ ဒီကိစၥက ခ်က္ခ်င္းအဆင္ေျပႏိုင္ပါတယ္။ မၾကာခင္ဆိုရင္ ေႏြရာသီေရာက္ေတာ့မွာ
ျဖစ္ပါတယ္။ အျမိဳ႕ျမိဳ႕အနယ္နယ္မွာ ရွိတဲ့ အလွဴရွင္ေတြက ဒီျမိဳ႕ကိုလာျပီးေတာ့ ေရလွဴၾကပါတယ္။ ႏွစ္တိုင္း ၾကံဳေနရတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာ ဒီေရသန္႔စင္မႈ စက္ကေန ထြက္လာတဲ့ေရကို အခမဲ့ ျဖန္႔ေဝဖို႔အတြက္ က်ြန္ေတာ္တို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ဒီစက္ရံုက ေရသန္႔စက္ထုတ္ျပီးေတာ့ ျပည္သူလူထုကို ေရသန္႔ဗူးေရာင္းဖို႔ ဒီအစီအစဥ္ကို စီစဥ္ေနတာ မဟုတ္ပါဘူး။

ဒီေနရာကေနေရကို အိမ္တိုင္ရာေရာက္ ပိုက္လိုင္းနဲ႔ ေရေပးဖို႔အတြက္ လုပ္ေနတာပဲ ျဖစ္ပါတယ္။ ပိုက္နဲ႔ ေရျဖန္႔ျဖဴးႏိုင္ေရး အိမ္တိုင္းအိမ္တိုင္းဟာ ပိုက္ေခါင္းကိုဖြင့္ျပီး ေရသံုးႏိုင္တဲ့အဆင့္မ်ိဳး ျဖစ္ခ်င္ပါတယ္”ဟုဝန္ႀကီးခ်ဳပ္ကေျပာသည္။

လမ္းပန္းဆက္သြယ္ေရးမ်ားေကာင္းမြန္ရန္ လာမည့္ဇြန္လမွ စတင္ကာ ဒလတံတားႀကီးကို စတင္တည္ေဆာက္ရန္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း၊ ဒလၿမိဳ႕သည္ရန္ကုန္ၿမိဳ႕ႏွင့္နီးကပ္ေနေသာ္ လည္း ေခတ္အဆက္ဆက္၊ အစိုးရအဆက္ဆက္တြင္ ဖြံ႔ၿဖိဳးမႈေနာက္က်ခဲ့ သည့္အေျခအေနမ်ားကိုျပဳျပင္ေျပာင္းလဲႏိုင္ရန္ ႀကိဳးစားေနေၾကာင္း ၎ကေျပာသည္။

“တစ္ခါတစ္ေလမွာ ထင္ႏိုင္ပါတယ္။ ျမိဳ႕တိုင္း၊ျမိဳ႕တိုင္းမွာ ေရသန္႔စက္တစ္ခု လာတည္တယ္ဆိုတာ ဘာမွ ထူးျခားတဲ့ကိစၥရပ္လည္း မဟုတ္ပါဘူး။ ေရသန္႔ဗူးထဲကို ေရထည့္ျပီးေပးေဝတဲ့ အစီအစဥ္မ်ိဳး က်ြန္ေတာ္တို႔ အစီအစဥ္က ဒီလိုမဟုတ္ဘဲ ျမိဳ႕တစ္ျမိဳ႕လံုးကို ပိုက္လိုင္းနဲ႔ ေရေပးဖို႔အတြက္ စီမံေနတဲ့ အစီအစဥ္ ျဖစ္ပါတယ္။ဒီကိစၥကလည္း ပုဂၢလိကကုမၸဏီက အစိုးရနဲ႔ပူးေပါင္းျပီးေတာ့( PPP) ပူးေပါင္းေဆာင္ရြက္တာ ျဖစ္ပါတယ္။ဒီပုဂၢလိကရယ္၊ အစိုးရရယ္ပူးေပါင္းျပီးေတာ့ ေရသန္႔ထုတ္လုပ္ျပီး အိမ္တိုင္းကို ပိုက္လိုင္းနဲ႔ စည္ပင္သာယာကေန ေရေပးေဝတဲ့ ပံုသ႑န္မ်ိဳးနဲ႔ ေရေပးေဝသြားမွာ ျဖစ္ပါတယ္။ ဒီေငြေၾကးေကာက္ခံမႈေတြကိုလည္း စည္ပင္သာယာကေနျပီးေတာ့ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဒါတိုင္းစည္ပင္ကေန ျမိဳ႕ေတာ္စည္ပင္သာယာနဲ႔ ပူးေပါင္းျပီးေတာ့ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္” ဟုဝန္ႀကီးခ်ဳပ္ကေျပာသည္။
Unicodeဖြင့်ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် AG Resources Myanmar Co.Ltd., တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် လာမည့်ခြောက်လတွင် ဒလမြို့နယ်၌ အိမ်တိုင်ရာရောက် ရေဘုံဘိုင်စနစ်ဖြင့် ရေချိုသုံးစွဲနိုင်တော့မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြော ကြားသည်။

ယနေ့နံနက် ၇ နာရီတွင်ဒလမြို့နယ်၊ဆာပါချောင်ရပ်ကွက်တွင် ပြုလုပ်သည့် ဒလမြို့နယ်အတွင်း သောက်သုံးရေများဖြန့် ဝေပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့်ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနှင့် AG Resources Myanmar Co.Ltd., တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရေသန့်စက် ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ တည်ဆောက်တဲ့ ရေသန့်ဖြန့်ဝေရေးလုပ်ငန်းမှာ မြို့တော်စည်ပင်သာယာရေးကော်မတီရယ်၊ ကုမ္ပဏီရယ်နဲ့ ကျွန်တော်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါအစိုးရကနေ စီမံဆောင်ရွက်နေတဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်ဘာကြောင့် ဒီကို လာခဲ့သလဲဆိုရင် နွေရာသီရောက်တော့မှာ ဖြစ်တဲ့အတွက် ရေအခမဲ့ဖြန့်ဝေရေးကိစ္စကို ကျွန်တော်တို့ဘက်က အချိန်မြန်မြန် ဆောင်ရွက်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီနေ့ဖွင့်ပွဲလုပ်ပြီးသွားရင် ဒီနေ့ညနေမှာပဲ ဘုန်းကြီးကျောင်းတွေမှာပဲ ရေပေးဝေမယ်တို့ ရပ်ရွာထဲမှာပဲ ရေဖြန့်ပေးမယ်ဆိုတဲ့ အခြေအနေတစ်ခုရမှာ ဖြစ်ပါတယ်။

ဒလအတွက် ရေချို နေ့စဉ်နေ့တိုင်း (၂) သိန်း သုံးစွဲခွင့် စရတော့မှာပဲ ဖြစ်ပါတယ်။ ဒီကနေမှတစ်ဆင့် နောင် (၆ )လနေရင် (၃) သန်း အိမ်တိုင်ရာရောက် ရေဘုံဘိုင်တွေနဲ့ သုံးနိုင်တဲ့ အခြေအနေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တဖြေးဖြေးတိုးတက် လာဖို့ ဒလမြို့သူ/မြို့သားတွေရော အစိုးရဌာနအသီးသီးမှ တာဝန်ရှိတဲ့သူတွေရော၊ ပုဂ္ဂလိကကဏ္ဍနယ်ပယ်ကရော ဝိုင်းဝန်းပြီး ကူညီပူးပေါင်း ဆောင်ရွက်ကြပါ”ဟု ဝန်ကြီးချုပ်က ပြောသည်။

အစိုးရ၏ရည်ရွယ်ချက်အားဖြင့် မြို့တိုင်း၊ရွာတိုင်းကို လမ်းပေါက်ရန် မီးလင်းရန်နှင့် ရေသန့်သုံးစွဲနိုင်ရန်တို့ဖြစ်ပြီး ဒီကိစ္စရပ်မျိုးကို အစိုးရဘက်ဂျက်နဲ့သာ ဆောင်ရွက်ပါက အလှမ်းဝေးနေဦးမည်သာ ဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ငွေကြေးရင်းနှီးမြုပ်နှံမှုထည်သွင်းပြီး ရေဖြန့်ဖြူးမည်ဆိုပါက သုံးစွဲမည့်သူများလည်း မိမိတို့သုံးစွဲသည့်အပေါ်မူတည်ပြီး သုံးစွဲခပေး ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ဆီမှာ ရေသန့် ရနိုင်တဲ့ နေရာတွေရှိပါတယ်။
ဥပမာ-တွံတေးတူးမြောင်းရဲ့ မိုင်တိုင် ၂၀ ရဲ့ အထက်ပိုင်းနဲ့ ဧရာဝတီမြစ်ထိပ်ပိုင်း တိုးမြစ်ထိပ်နေရာတွေမှာ ရေကောင်းရေသန့်စနစ်နဲ့ ပြန်သန့်စင်ပေးမယ်ဆိုရင် ရေချိုရနိုင်မယ့် အခြေအနေရှိပါတယ်။ ဒီရေချိုကို မြို့တွင်းကို ဝေပေးနိုင်မယ်ဆိုရင် မြို့သူ၊မြို့သားတွေ ပြည်သူတွေ ရေကောင်းရေသန့် သုံးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုးမြစ်ထိပ်ကနေပြီးတော့ ပိုက်လိုင်းနဲ့ သွယ်ပြီးတော့ ရေသန့်စင်တဲ့စက်နဲ့ လုပ်ပြီး လူထုကိုရေဖြန့်ုဖြူးနိုင်ဖို့အတွက် သုံးစွဲလိုတဲ့ ပြည်သူလူထု ရှိသော်ငြားလည်း အစိုးရရဲ့ဘက်ဂျက်မတတ်နိုင်တဲ့အတွက် ကျွန်တော်တို့ ဒီလုပ်ငန်းကို မလုပ်နိုင်ခဲ့ပါဘူး။ အခုအခြေအနေမှာ ကျွန်တော်တို့က ပုဂ္ဂလိကကဏ္ဍရယ်၊ အစိုးရရယ်၊ ပြည်သူရယ် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အခြေခံပေါ်ကနေပြီးတော့ ရေသန့်ရှိတဲ့ တိုးမြစ်ထိပ်ကို မရောက်သေးတဲ့ ရေကိုသယ်ဆောင်မယ်။

ဒါမှမဟုတ်ရင် ဒီနေရာမှာပဲ သန့်စင်မယ်။ ပြီးရင်ပိုက်လိုင်းနဲ့ ပြည်သူလူထုကို ဝေပေးမယ်ဆိုရင် ဒီဘက်ဂျက်ကို ပုဂ္ဂလိကကဏ္ဍက ဝန်ခံပေးပါ။ ကျွန်တော်တို့က ရေရှိတဲ့နေရာကို ပြပါမယ်။ ပြီးရင် ပြည်သူလူထုကို ရေဖြန့်ပေးပါမယ်။ ပြည်သူလူထုက ရေသုံးစွဲခကို သတ်မှတ်ထားတဲ့ ရေမီတာ နှုန်းထားနဲ့ ပြန်ပေးမယ်ဆိုရင် ဒီကိစ္စက ချက်ချင်းအဆင်ပြေနိုင်ပါတယ်။ မကြာခင်ဆိုရင် နွေရာသီရောက်တော့မှာ
ဖြစ်ပါတယ်။ အမြို့မြို့အနယ်နယ်မှာ ရှိတဲ့ အလှူရှင်တွေက ဒီမြို့ကိုလာပြီးတော့ ရေလှူကြပါတယ်။ နှစ်တိုင်း ကြုံနေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ဒီရေသန့်စင်မှု စက်ကနေ ထွက်လာတဲ့ရေကို အခမဲ့ ဖြန့်ဝေဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံက ရေသန့်စက်ထုတ်ပြီးတော့ ပြည်သူလူထုကို ရေသန့်ဗူးရောင်းဖို့ ဒီအစီအစဉ်ကို စီစဉ်နေတာ မဟုတ်ပါဘူး။

ဒီနေရာကနေရေကို အိမ်တိုင်ရာရောက် ပိုက်လိုင်းနဲ့ ရေပေးဖို့အတွက် လုပ်နေတာပဲ ဖြစ်ပါတယ်။ ပိုက်နဲ့ ရေဖြန့်ဖြူးနိုင်ရေး အိမ်တိုင်းအိမ်တိုင်းဟာ ပိုက်ခေါင်းကိုဖွင့်ပြီး ရေသုံးနိုင်တဲ့အဆင့်မျိုး ဖြစ်ချင်ပါတယ်”ဟုဝန်ကြီးချုပ်ကပြောသည်။

လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ရန် လာမည့်ဇွန်လမှ စတင်ကာ ဒလတံတားကြီးကို စတင်တည်ဆောက်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ ဒလမြို့သည်ရန်ကုန်မြို့နှင့်နီးကပ်နေသော် လည်း ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် ဖွံ့ဖြိုးမှုနောက်ကျခဲ့ သည့်အခြေအနေများကိုပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေကြောင်း ၎င်းကပြောသည်။

“တစ်ခါတစ်လေမှာ ထင်နိုင်ပါတယ်။ မြို့တိုင်း၊မြို့တိုင်းမှာ ရေသန့်စက်တစ်ခု လာတည်တယ်ဆိုတာ ဘာမှ ထူးခြားတဲ့ကိစ္စရပ်လည်း မဟုတ်ပါဘူး။ ရေသန့်ဗူးထဲကို ရေထည့်ပြီးပေးဝေတဲ့ အစီအစဉ်မျိုး ကျွန်တော်တို့ အစီအစဉ်က ဒီလိုမဟုတ်ဘဲ မြို့တစ်မြို့လုံးကို ပိုက်လိုင်းနဲ့ ရေပေးဖို့အတွက် စီမံနေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ဒီကိစ္စကလည်း ပုဂ္ဂလိကကုမ္ပဏီက အစိုးရနဲ့ပူးပေါင်းပြီးတော့( PPP) ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ဒီပုဂ္ဂလိကရယ်၊ အစိုးရရယ်ပူးပေါင်းပြီးတော့ ရေသန့်ထုတ်လုပ်ပြီး အိမ်တိုင်းကို ပိုက်လိုင်းနဲ့ စည်ပင်သာယာကနေ ရေပေးဝေတဲ့ ပုံသဏ္ဍန်မျိုးနဲ့ ရေပေးဝေသွားမှာ ဖြစ်ပါတယ်။ ဒီငွေကြေးကောက်ခံမှုတွေကိုလည်း စည်ပင်သာယာကနေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါတိုင်းစည်ပင်ကနေ မြို့တော်စည်ပင်သာယာနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်ကပြောသည်။
Credit: News Watch