Zawgyi ျဖင့္ဖတ္၇န္
ကေလးငယ္ ၄၁ ဦး အပါအဝင္ လူ ၆၄ ဦးထက္မနည္း ေသဆုံးခဲ့တဲ့ ေဈးဝယ္စင္တာ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆိုက္ေဘးရီးယားေဒသ ကီမီ႐ိုဗိုၿမိဳ႕မွာ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြက ႐ုရွားအစိုးရတာဝန္ရွိသူေတြကို ေဒါသတႀကီး ဆႏၵျပခဲ့ၾကပါတယ္။

ယေန႔ (မတ္လ ၂၇ ရက္) ေပၚေပါက္ခဲ့တဲ့ ဆႏၵျပမႈေတြမတိုင္မီ အေစာပိုင္းမွာ ႐ုရွားသမၼတ ဗလာဒီမာပူတင္က မီးေလာင္မႈျဖစ္ခဲ့တဲ့ ေဈးဝယ္စင္တာေနရာကို လာေရာက္ၾကည့္ရႈခဲ့ၿပီး မီးေလာင္မႈဟာ ရာဇဝတ္မႈေျမာက္တဲ့ ေပါ့ဆမႈေၾကာင့္ ျဖစ္တယ္လို႔ ျပစ္တင္ေျပာၾကားခဲ့ပါတယ္။

Zimnyaya Vishnya ေဈးဝယ္စင္တာ မီးေလာင္မႈအတြင္း ေသဆုံးခဲ့သူေတြအတြက္ ဝမ္နည္းပူေဆြးမႈေန႔အျဖစ္ မတ္လ ၂၈ ရက္ကို သတ္မွတ္ထားေၾကာင္းလည္း သိရပါတယ္။

ဆႏၵျပသူေတြက ေဒသဆိုင္ရာ အစိုးရ႐ုံးခ်ဳပ္အျပင္ဘက္ကို စု႐ုံးခ်ီတက္ခဲ့ၾကၿပီး ေဈးဝယ္စင္တာ အေဆာက္အအုံမွာ မီးေဘးအႏၲရာယ္ လုံၿခဳံစိတ္ခ်ရမႈ အားနည္းခ်က္ေတြနဲ႔ ပတ္သက္ၿပီး အစိုးရတာဝန္ရွိသူေတြ ႏုတ္ထြက္ရမယ္လို႔ ေျပာခဲ့ပါတယ္။

ဆႏၵျပသူေတြက သမၼတပူတင္ ႏုတ္ထြက္ရန္လည္း သံၿပိဳင္ေႂကြးေၾကာ္ခဲ့ၾကေၾကာင္း သိရပါတယ္။ ဆႏၵျပပြဲမွာ ပါဝင္ခဲ့သူအမ်ားအျပားက အာဏာပိုင္ေတြကို မယုံၾကည္ေၾကာင္းနဲ႔ ၎တို႔ တရားဝင္ ထုတ္ျပန္ထားတဲ့ ေသဆုံးသူအေရအတြက္ဟာလည္း မွန္ကန္တယ္လို႔ မယုံၾကည္ေၾကာင္း ေျပာၾကပါတယ္။

Winter Cherry အေဆာက္အအုံရွိ ေဈးဝယ္စင္တာ မီးေလာင္မႈအတြင္း ေသဆုံးခဲ့သူ ၆၄ ဦးနက္ ၂၁ ဦးကို မည္သူျဖစ္ေၾကာင္း အတည္ျပဳထားၿပီး ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ မီးေလာင္မႈအတြင္း ေပ်ာက္ဆုံးေနသူ ၃၈ ဦးရွိေၾကာင္း အာဏာပိုင္ေတြက သတင္းထုတ္ျပန္ခဲ့ေပမဲ့ ေဆြမ်ိဳးသားခ်င္းေတြကေတာ့ ၆၇ ဦး ေပ်ာက္ဆုံးေနတယ္လို႔ ေျပာခဲ့ၾကပါတယ္။

ေဈးဝယ္စင္တာ မီးေလာင္မႈျဖစ္ပြားစဥ္ မီးအႏၲရာယ္သတိေပးမႈ မရွိခဲ့ေၾကာင္းနဲ႔ အေဆာက္အအုံရဲ႕ ထြက္ေပါက္ေတြကို ပိတ္ထားခဲ့ေၾကာင္း စုံစမ္းစစ္ေဆးသူေတြနဲ႔ မ်က္ျမင္ေတြ႕ရွိခဲ့သူေတြက ေျပာပါတယ္။ ဆိုက္ေဘးရီးယားေဒသ ကီမို႐ိုဗိုၿမိဳ႕ရွိ ေဈးဝယ္စင္တာမွာ မတ္လ ၂၅ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီဝန္းက်င္မွာ မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

မီးေလာင္မႈျဖစ္ခဲ့တဲ့ ေဈးဝယ္စင္တာကို ၂၀၁၃ ခုႏွစ္မွာ ဖြင့္လွစ္ခဲ့ၿပီး အေဆာက္အအုံထဲမွာ ႐ုပ္ရွင္႐ုံမ်ား၊ စားေသာက္ဆိုင္မ်ား၊ ေရေႏြးခ်ိဳးခန္းတစ္ခု၊ ဘိုလင္းပစ္ကစားကြင္းနဲ႔ ကေလးမ်ားအတြက္ တိရိစာၦန္႐ုံတစ္ခု ပါဝင္ေၾကာင္း သိရပါတယ္။

မီးေလာင္မႈျဖစ္ခဲ့စဥ္မွာ ေဈးဝယ္စင္တာရွိ ဘိုးလင္းပစ္ကစားကြင္းနဲ႔ ႐ုပ္ရွင္႐ုံတို႔မွာ လူအမ်ားအျပား ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။ ေဈးဝယ္စင္တာ မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ကီမို႐ိုဗိုေဒသဟာ ေမာ္စကိုၿမိဳ႕အေရွ႕ဘက္ မိုင္ ၂,၂၀၀ ခန႔္မွာ တည္ရွိၿပီး ေက်ာက္မီးေသြးထုတ္လုပ္တဲ့ အဓိက ေဒသတစ္ခုလည္း ျဖစ္ပါတယ္။

ဈးဝယ္စင္တာ မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး မီးေဘးအႏၲရာယ္ ကင္းရွင္းေရးဆိုင္ရာ ဝန္ထမ္းႏွစ္ဦး၊ Winter Cherry အေဆာက္အအုံရဲ႕ နည္းပညာဆိုင္ရာတာဝန္ရွိသူနဲ႔ မီးေလာင္မႈစတင္ခဲ့တဲ့ေနရာမွ လုပ္ငန္းမန္ေနဂ်ာတို႔ အပါအဝင္ လူဆယ္ဦးကို ဖမ္းဆီးထိန္းသိမ္းၿပီး စစ္ေဆးေမးျမန္းခဲ့ေၾကာင္း သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
ကလေးငယ် ၄၁ ဦး အပါအဝင် လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုက်ဘေးရီးယားဒေသ ကီမီရိုဗိုမြို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ရုရှားအစိုးရတာဝန်ရှိသူတွေကို ဒေါသတကြီး ဆန္ဒပြခဲ့ကြပါတယ်။

ယနေ့ (မတ်လ ၂၇ ရက်) ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြမှုတွေမတိုင်မီ အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာနေရာကို လာရောက်ကြည့်ရှုခဲ့ပြီး မီးလောင်မှုဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။

Zimnyaya Vishnya ဈေးဝယ်စင်တာ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် ဝမ်နည်းပူဆွေးမှုနေ့အဖြစ် မတ်လ ၂၈ ရက်ကို သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

ဆန္ဒပြသူတွေက ဒေသဆိုင်ရာ အစိုးရရုံးချုပ်အပြင်ဘက်ကို စုရုံးချီတက်ခဲ့ကြပြီး ဈေးဝယ်စင်တာ အဆောက်အအုံမှာ မီးဘေးအန္တရာယ် လုံခြုံစိတ်ချရမှု အားနည်းချက်တွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ နုတ်ထွက်ရမယ်လို့ ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေက သမ္မတပူတင် နုတ်ထွက်ရန်လည်း သံပြိုင်ကြွေးကြော်ခဲ့ကြကြောင်း သိရပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူအများအပြားက အာဏာပိုင်တွေကို မယုံကြည်ကြောင်းနဲ့ ၎င်းတို့ တရားဝင် ထုတ်ပြန်ထားတဲ့ သေဆုံးသူအရေအတွက်ဟာလည်း မှန်ကန်တယ်လို့ မယုံကြည်ကြောင်း ပြောကြပါတယ်။

Winter Cherry အဆောက်အအုံရှိ ဈေးဝယ်စင်တာ မီးလောင်မှုအတွင်း သေဆုံးခဲ့သူ ၆၄ ဦးနက် ၂၁ ဦးကို မည်သူဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူ ၃၈ ဦးရှိကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဆွေမျိုးသားချင်းတွေကတော့ ၆၇ ဦး ပျောက်ဆုံးနေတယ်လို့ ပြောခဲ့ကြပါတယ်။

ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားစဉ် မီးအန္တရာယ်သတိပေးမှု မရှိခဲ့ကြောင်းနဲ့ အဆောက်အအုံရဲ့ ထွက်ပေါက်တွေကို ပိတ်ထားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေနဲ့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။ ဆိုက်ဘေးရီးယားဒေသ ကီမိုရိုဗိုမြို့ရှိ ဈေးဝယ်စင်တာမှာ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာကို ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံထဲမှာ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ ရေနွေးချိုးခန်းတစ်ခု၊ ဘိုလင်းပစ်ကစားကွင်းနဲ့ ကလေးများအတွက် တိရိစ္ဆာန်ရုံတစ်ခု ပါဝင်ကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ခဲ့စဉ်မှာ ဈေးဝယ်စင်တာရှိ ဘိုးလင်းပစ်ကစားကွင်းနဲ့ ရုပ်ရှင်ရုံတို့မှာ လူအများအပြား ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကီမိုရိုဗိုဒေသဟာ မော်စကိုမြို့အရှေ့ဘက် မိုင် ၂,၂၀၀ ခန့်မှာ တည်ရှိပြီး ကျောက်မီးသွေးထုတ်လုပ်တဲ့ အဓိက ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဈးဝယ်စင်တာ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဝန်ထမ်းနှစ်ဦး၊ Winter Cherry အဆောက်အအုံရဲ့ နည်းပညာဆိုင်ရာတာဝန်ရှိသူနဲ့ မီးလောင်မှုစတင်ခဲ့တဲ့နေရာမှ လုပ်ငန်းမန်နေဂျာတို့ အပါအဝင် လူဆယ်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။

Credit: Duwun