Zawgyi ျဖင့္ဖတ္၇န္

ဇာတိေျမရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သရုပ္ေဆာင္ထားတဲ့ အကယ္ဒမီရန္ေအာင္ ဟာ ဂ်ပန္ႏုိင္ငံကုိေရာက္ရွိေနတဲ့ ျမန္မာႏုိင္ငံသား၊ ႏုိင္ငံေရးလႈပ္ရွားသူ တစ္ဦးရဲ႕ ကာရုိက္တာကုိ ပီျပင္ေအာင္ပါဝင္သရုပ္ေဆာင္ရတာျဖစ္ၿပီး ဒီဇာတ္ကားထဲမွာ ထူးျခားတဲ့ အဝတ္အစား ျပင္ဆင္မႈ အပုိင္းေတြကုိလည္း Duwun media ကေနေျပာျပခဲ့ပါတယ္။

” တီရွပ္ေလးထဲမွာ က၊ ခ တုိ႔ ျမန္မာ တုိ႔ေရးထားတဲ့ဟာေလးေတြကုိ ကၽြန္ေတာ္တုိ႔ ဝယ္ရပါတယ္။ က်န္တဲ့ ရွမ္းတုိက္ပုံတုိ႔ကုိ ကၽြန္ေတာ္ ဟုိးအရင္ကတည္းက စုထားတဲ့ အက်ၤီေတြကုိ ဒီဇာတ္ကားထဲမွာ ျပန္ဝတ္ျဖစ္ပါတယ္။ ရွမ္းေဘာင္းဘီေတြေရာေပါ့” လုိ႔ ဆုိပါတယ္။

ဂ်ပန္ႏုိင္ငံမွာ ႀကီးျပင္းလာတဲ့ သမီးျဖစ္သူရဲ႕ ခံယူခ်က္အမွားေတြကုိ ျပဳျပင္ေပးရတဲ့ ဖခင္တစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

” ႏုိင္ငံေရးသမားတစ္ေယာက္အေနနဲ႔ ကုိယ့္သမီးရဲ႕ ခံယူခ်က္အမွားေပၚမွာ ျပဳျပင္ေပးရတဲ့ ဖခင္တစ္ေယာက္အေနနဲ႔လုပ္ေပးရတာေရာ၊ သမီးေလးရဲ႕ အုိက္တင္အေနအထားေတြ၊ ေအာင္ရဲလင္းတုိ႔ မုိရီဆာကီဝင္းတုိ႔ေရာ သူ႕ကာရိုက္တာနဲ႔သူေတာ္ပါတယ္။ ဒါရုိက္တာကလည္း ဒီဇာတ္ကားႀကီးတစ္ခုလုံးကုိ ျခဳံၿပီးေတာ့ လုိခ်င္တဲ့ မက္ေဆ့ခ်္ေလးရေအာင္ လုပ္ေပးႏုိင္တယ္လုိ႔ ကၽြန္ေတာ္ျမင္တယ္” လုိ႔ အကယ္ဒမီ ရန္ေအာင္ က ေျပာပါတယ္။

ဇာတိေျမဇာတ္ကားကုိ Press Show အေနနဲ႔ ျပန္ၾကည့္ခြင့္ရခဲ့တဲ့ သူ႔ရင္ထဲက စကားသံကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

” အဓိက ကေတာ့ ကုိယ့္ႏုိင္ငံကုိယ္ျပန္ခြင့္မရတာေပါ့၊ အကုန္လုံး ေျပလည္သြားၿပီဆုိေပမယ့္လည္း ကုိယ့္ႏုိင္ငံကုိယ္ျပန္ခြင့္မရတဲ့ စိတ္ကုိ အေျခခံတာေပါ့။ ဒီဇာတ္ကားကုိၾကည့္ၿပီးေတာ့ ကုိယ့္ႏုိင္ငံကုိခ်စ္တဲ့၊ မ်ဳိးခ်စ္စိတ္ရွိတဲ့လူေတာ္ေတာ္မ်ားမ်ားက ႀကိဳက္ၾကမယ္လုိ႔ ကၽြန္ေတာ္ ျမင္ပါတယ္” လုိ႔ ဆုိပါတယ္။

ဇာတိေျမ ရုပ္ရွင္ဇာတ္ကားမွာေတာ့ ရန္ေအာင္၊ ေအာင္ရဲလင္း၊မိုရီဆာကီဝင္း၊ ၀တ္မႈံေရႊရည္ တို႕နဲ႕အတူ ရိုက္ကူးေနတာ ျဖစ္ၿပီး အဲ့ဒီ ဇာတ္ကားကိုေတာ့ ဒါရိုက္တာ ၾကည္ျဖဴသွ်င္က ပံုေဖာ္ရုိက္ကူးထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိ မတ္လအတြင္းဂ်ပန္ႏုိင္ငံမွာေရာ၊ ျမန္မာႏုိင္ငံမွာပါ ျပသႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ ဆုိပါတယ္။
Unicodeဖြင့်ဖတ်ရန်
ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အကယ်ဒမီရန်အောင် ဟာ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား၊ နိုင်ငံရေးလှုပ်ရှားသူ တစ်ဦးရဲ့ ကာရိုက်တာကို ပီပြင်အောင်ပါဝင်သရုပ်ဆောင်ရတာဖြစ်ပြီး ဒီဇာတ်ကားထဲမှာ ထူးခြားတဲ့ အဝတ်အစား ပြင်ဆင်မှု အပိုင်းတွေကိုလည်း Duwun media ကနေပြောပြခဲ့ပါတယ်။

” တီရှပ်လေးထဲမှာ က၊ ခ တို့ မြန်မာ တို့ရေးထားတဲ့ဟာလေးတွေကို ကျွန်တော်တို့ ဝယ်ရပါတယ်။ ကျန်တဲ့ ရှမ်းတိုက်ပုံတို့ကို ကျွန်တော် ဟိုးအရင်ကတည်းက စုထားတဲ့ အင်္ကျီတွေကို ဒီဇာတ်ကားထဲမှာ ပြန်ဝတ်ဖြစ်ပါတယ်။ ရှမ်းဘောင်းဘီတွေရောပေါ့” လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ သမီးဖြစ်သူရဲ့ ခံယူချက်အမှားတွေကို ပြုပြင်ပေးရတဲ့ ဖခင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

” နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်သမီးရဲ့ ခံယူချက်အမှားပေါ်မှာ ပြုပြင်ပေးရတဲ့ ဖခင်တစ်ယောက်အနေနဲ့လုပ်ပေးရတာရော၊ သမီးလေးရဲ့ အိုက်တင်အနေအထားတွေ၊ အောင်ရဲလင်းတို့ မိုရီဆာကီဝင်းတို့ရော သူ့ကာရိုက်တာနဲ့သူတော်ပါတယ်။ ဒါရိုက်တာကလည်း ဒီဇာတ်ကားကြီးတစ်ခုလုံးကို ခြုံပြီးတော့ လိုချင်တဲ့ မက်ဆေ့ချ်လေးရအောင် လုပ်ပေးနိုင်တယ်လို့ ကျွန်တော်မြင်တယ်” လို့ အကယ်ဒမီ ရန်အောင် က ပြောပါတယ်။

ဇာတိမြေဇာတ်ကားကို Press Show အနေနဲ့ ပြန်ကြည့်ခွင့်ရခဲ့တဲ့ သူ့ရင်ထဲက စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

” အဓိက ကတော့ ကိုယ့်နိုင်ငံကိုယ်ပြန်ခွင့်မရတာပေါ့၊ အကုန်လုံး ပြေလည်သွားပြီဆိုပေမယ့်လည်း ကိုယ့်နိုင်ငံကိုယ်ပြန်ခွင့်မရတဲ့ စိတ်ကို အခြေခံတာပေါ့။ ဒီဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ့်နိုင်ငံကိုချစ်တဲ့၊ မျိုးချစ်စိတ်ရှိတဲ့လူတော်တော်များများက ကြိုက်ကြမယ်လို့ ကျွန်တော် မြင်ပါတယ်” လို့ ဆိုပါတယ်။

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ အောင်ရဲလင်း၊မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပြီး အဲ့ဒီ ဇာတ်ကားကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို မတ်လအတွင်းဂျပန်နိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါ ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Photo: ဇာတိေျမေဖ့စ္ဘုတ္ေပ့ခ်္
Credit: Duwun