Zawgyi ျဖင့္ဖတ္၇န္

ႏိုင္ငံေတာ္အစုိးရ လၽွဳိ႕ဝွက္ခ်က္အက္ဥပေဒနဲ႔ တရားစြဲဆိုခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦးအမႈမွာ တရားလိုျပသက္ေသတဦးျဖစ္တဲ့ ဒုရဲမႉးမိုးရန္ႏိုင္ကို မယုံၾကည္ထိုက္ေသာ သက္ေသအျဖစ္ ေၾကညာေပးဖို႔ အစုိးရေရွ႕ေနက ေလၽွာက္ထား လိုက္ပါတယ္။

ဒုရဲမႉးမိုးရန္ႏိုင္ကို မယုံၾကည္ထိုက္တဲ့သက္ေသအျဖစ္ ေၾကညာေပးဖို႔ ဒီကေန႔ ဧၿပီလ ၂၅ရက္ေန႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရား႐ံုးမွာ ႐ိုက္တာသတင္းေထာက္ေတြကို ၁၅ ႀကိမ္ေျမာက္႐ံုးထုတ္ရာမွာ အစုိးရေရွ႕ေနက ေလၽွာက္ထားခဲ့တာပါ။

ဒီေလၽွာက္ထားခ်က္ကို ႏွစ္ဖက္ေရွ႕ေနေတြက တရား႐ံုးထဲမွာ အျပန္အလွန္ ေလၽွာက္ထားခဲ့ၾကပါတယ္။

သက္ေသထြက္ဆိုတဲ့ေန႔မွာ ဒုရဲမႉး မိုးရန္ႏိုင္ဟာ ေလးလေက်ာ္၊ ရက္ေပါင္းအေနနဲ႔ ၁၂၉ ရက္ အခ်ဳပ္ထဲမွာ ခ်ဳပ္ေႏွာင္ခံခဲ့ရတာေၾကာင့္ ရဲတပ္ဖြဲ႔အေပၚ စိတ္ၿငိဳျငင္ေနျခင္း၊ ရဲမႉးခ်ဳပ္တင္ကိုကိုအေပၚ အာဃာတရွိေနျခင္းေၾကာင့္ ႐ိုက္တာသတင္းေထာက္ေတြကို ေထာင္ဖမ္းခဲ့တာ ျဖစ္တယ္လို႔ ထြက္ဆိုခ့ဲတာျဖစ္ေၾကာင္း အစုိးရေရွ႕ေနဘက္က တရားသူႀကီးကို ေလၽွာက္ထားခဲ့ပါတယ္။

ဒီကေန႔ ေလၽွာက္ထားခ်က္နဲ႔ပတ္သက္လို႔ ေမလ ၂ ရက္ေန႔မွာ ဆုံးျဖတ္သြားမွာ ျဖစ္တယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။

ဒီအမႈမွာ တရားလိုျပ သက္ေသအေနနဲ႔ ၂၅ ေယာက္ ရွိၿပီး အဒီအထဲက ဒုရဲမႉး မိုးရန္ႏိုင္ကို ၿပီးခဲ့တဲ့အပတ္က တရားလိုျပသက္ေသအျဖစ္ စစ္ေဆးခ့ဲရာမွာ ဒုရဲမႉးမိုးရန္ႏိုင္က ႐ိုက္တာ သတင္းေထာက္ေတြဟာ ေထာင္ေခ်ာက္ဆင္ ဖမ္းခံရတာ ျဖစ္တယ္လို႔ ထြက္ဆိုခဲ႔ပါတယ္။
Unicodeဖြင့်ဖတ်ရန်

နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးအမှုမှာ တရားလိုပြသက်သေတဦးဖြစ်တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးဖို့ အစိုးရရှေ့နေက လျှောက်ထား လိုက်ပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေညာပေးဖို့ ဒီကနေ့ ဧပြီလ ၂၅ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရိုက်တာသတင်းထောက်တွေကို ၁၅ ကြိမ်မြောက်ရုံးထုတ်ရာမှာ အစိုးရရှေ့နေက လျှောက်ထားခဲ့တာပါ။

ဒီလျှောက်ထားချက်ကို နှစ်ဖက်ရှေ့နေတွေက တရားရုံးထဲမှာ အပြန်အလှန် လျှောက်ထားခဲ့ကြပါတယ်။

သက်သေထွက်ဆိုတဲ့နေ့မှာ ဒုရဲမှူး မိုးရန်နိုင်ဟာ လေးလကျော်၊ ရက်ပေါင်းအနေနဲ့ ၁၂၉ ရက် အချုပ်ထဲမှာ ချုပ်နှောင်ခံခဲ့ရတာကြောင့် ရဲတပ်ဖွဲ့အပေါ် စိတ်ငြိုငြင်နေခြင်း၊ ရဲမှူးချုပ်တင်ကိုကိုအပေါ် အာဃာတရှိနေခြင်းကြောင့် ရိုက်တာသတင်းထောက်တွေကို ထောင်ဖမ်းခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေဘက်က တရားသူကြီးကို လျှောက်ထားခဲ့ပါတယ်။

ဒီကနေ့ လျှောက်ထားချက်နဲ့ပတ်သက်လို့ မေလ ၂ ရက်နေ့မှာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒီအမှုမှာ တရားလိုပြ သက်သေအနေနဲ့ ၂၅ ယောက် ရှိပြီး အဒီအထဲက ဒုရဲမှူး မိုးရန်နိုင်ကို ပြီးခဲ့တဲ့အပတ်က တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ရာမှာ ဒုရဲမှူးမိုးရန်နိုင်က ရိုက်တာ သတင်းထောက်တွေဟာ ထောင်ချောက်ဆင် ဖမ်းခံရတာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
Credit; DVB