Zawgyi ျဖင့္ဖတ္၇န္

Japan နိုင္ငံ Koshu ျမိဳ႕မွာ တည္ရွိတဲ့ Aokigahara သစ္ေတာဟာ ေသေၾကာင္းၾကံစည္မႈ အမ်ားဆံုးျဖစ္တဲ့ သစ္ေတာတစ္ခုအျဖစ္ နာမည္ၾကီးျပီး Sucide Forest လို႔ နာမည္ေပးထားသလို Sea of Trees လို႔လည္း အမည္နာမ တပ္ေခၚေလ့ရွိပါတယ္။ အဲ့ဒီအမည္နာမေတြဟာ “ ေသဆံုးဖို႔အတြက္ ျပီးျပည့္စံုဆံုးေနရာတစ္ခု” လို႔ အဓိပၸါယ္ရပါတယ္တဲ့။

တကမာၻလံုးမွာ ဒုတိယ မိမိကိုယ္ကို ေသေၾကာင္းၾကံစည္မႈ အမ်ားဆံုးျဖစ္တဲ့ အေလ်ာက္ ႏွစ္စဥ္ ႏွစ္တိုင္း လူ အေယာက္ ၃၀ ကေန ၁၀၀ အထိ ဟာ သူတို႔ရဲ႕ အသက္ေတြကို စိမ္းစိုသာယာျပီး ဆိတ္ျငိမ္ေအးခ်မ္းတဲ့ အဲ့ဒီသစ္ေတာေလးထဲမွာ အဆံုးစီရင္ေလ့ရွိတယ္လို႔လည္းသိရပါတယ္။ ဒီအေရအတြက္ဟာ ဂ်ပန္နိုင္ငံ အစိုးရက ထုတ္ျပန္တဲ့အေရအတြက္ျဖစ္ျပီး အျခားမသိရွိေသးတဲ့ အဆံုးစီရင္မႈေတြလည္း ေျမာက္ျမားစြာ က်န္ရွိေနပါေသးတယ္။

ႏွစ္ေပါင္း အေတာ္ၾကာတဲ့အခါမွာေတာ့ အဲ့ဒီသစ္ေတာေလးထဲမွာ မကၽြတ္မလြတ္ေသးတဲ့ ဝိဥာည္ေတြနဲ႔ မေကာင္းဆိုးဝါးေတြ အမ်ားအျပားရွိေနျပီး သစ္ေတာေလးထဲကို ေရာက္လာသူတိုင္းကို ကိုယ့္ကိုကိုယ္အဆံုးစီရင္ေအာင္ လွည့္ဖ်ားေႏွာင့္ယွက္တတ္တယ္ဆိုတဲ့ အေၾကာင္းေတြပါ ျပန္ႏွံ႔လာခဲ့ပါတယ္။ အဲဒီလို သတင္းမ်ိဳးစံုျပန္႔ႏွံ႔ေနေပမယ့္ လူသိနည္းေနေသးတဲ့ အေၾကာင္းေတြကိုေတာ့ စာဖတ္သူေတြအတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္…။

၁။ဆိတ္ျငိမ္ေအးခ်မ္းလြန္းတာလား။ ထိတ္လန္႔ေျခာက္ျခားစရာေကာင္းတာလား။

ေဖာ္ျပပါ မေကာင္းသတင္းေတြ အမ်ားအျပားျပန္႔ႏွံ႔ေနေပမယ့္ Aokigahara သစ္ေတာဟာ သဘာဝအေလ်ာက္ျဖစ္ေပၚေနတဲ့ သစ္ေတာျဖစ္တာေၾကာင့္ အရမ္းသာယာလွပျပီး ျငိမ္သက္တိတ္ဆိတ္လြန္းပါတယ္။ အဲ့ဒီ တိတ္ဆိတ္ျငိမ္သက္မႈေတြက သဘာဝအလွကို ခံစားသူေတြအတြက္ သုခဘံုျဖစ္ေပမယ့္ စိတ္ဓာတ္က်ေနသူ၊ စိတ္အားငယ္တတ္သူေတြအတြက္ စိတ္ေျခာက္ျခားရေလာက္ပါတယ္တဲ့။

၂။ Koshu ေဒသခံေတြဟာ သစ္ေတာထဲမွာ ေသေၾကာင္းၾကံစည္ဖို႔ ဘယ္တုန္းကမွ မၾကိဳးစားခဲ့ပါဘူး။

မရဏသစ္ေတာဆိုတဲ့အတိုင္း ေသေၾကာင္းၾကံစည္မႈေတြ မေရမတြက္နိုင္ေအာင္ မ်ားျပားေပမယ့္ အဲ့ဒီသစ္ေတာေလးနဲ႔ အရမ္းနီးတဲ့ Koshu ျမိဳ႕က ေဒသခံေတြမပါပါဘူးတဲ့။ သူတို႔ဟာ ငယ္စဥ္ကတည္းက အဲ့ဒီမရဏသစ္ေတာရဲ႕ ေၾကာက္လန္႔စရာေတြကို သိကၽြမ္းခဲ့တာေၾကာင့္ တတ္နိုင္သမွ် ေရွာင္ၾကပါတယ္တဲ့။

၃။ ေသေၾကာင္းၾကံစည္ၾကတဲ့ သူအမ်ားစုဟာ ခဏလာေရာက္လည္ပတ္ၾကတဲ့ ခရီးသြားေတြ မ်ားပါတယ္တဲ့။

ေသေၾကာင္းၾကံစည္သူေတြရဲ႕ ေသေၾကာင္းၾကံစည္ရျခင္း အေၾကာင္းရင္းကို ေသေသခ်ာခ်ာ စံုစမ္းလိုက္တဲ့အခါ အမ်ားစုဟာ ေသေၾကာင္းၾကံစည္ဖို႔ အစီအစဥ္မရွိပဲ ခဏတျဖဳတ္ လာေရာက္ၾကသူေတြမ်ားပါတယ္တဲ့။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ေတာထဲကို စျပီး ဝင္လာခ်ိန္မွာ မ်က္စိလည္ လမ္းမေပ်ာက္ေအာင္ အေရာင္ပါတဲ့ တိတ္ေတြကို လမ္းတစ္ေလွ်ာက္ကပ္ထားခဲ့ျပီး ညဘက္ အႏၱရာယ္ကင္းကင္း အိပ္စက္ဖို႔ ရြက္ဖ်င္တဲေလးေတြကိုေတာင္ ေဆာက္ထားတာကို ေတြ႔ရေလ့ရွိတာေၾကာင့္ပါတဲ့။

၄။ ဝါရင့္ ေတာတြင္းခရီးသြားေတာင္ မရဏသစ္ေတာထဲမွာ လမ္းေပ်ာက္ေလ့ရွိပါတယ္တဲ့။

ေတာတြင္းခရီးထြက္ဖို႔ စီစဥ္ထားတဲ့သူေတြဟာ လမ္းမေပ်ာက္ေစဖို႔အတြက္ လမ္းျပကိရိယာေတြမပါမျဖစ္ ေဆာင္သြားၾကေလ့ရွိပါတယ္။ ဒီ မရဏသစ္ေတာထဲမွာေတာ့ အဲ့ဒီကိရိယာေတြက အလုပ္ဘယ္ေတာ့မွ မလုပ္ပါဘူးတဲ့။ ေနာက္ဆံုးေပၚ နည္းပညာေတြသံုးထားတဲ့ GPS စနစ္ေတြေတာင္ အဲ့ဒီသစ္ေတာထဲမွာ အလုပ္မလုပ္ပါဘူးတဲ့။ အဲ့ဒီသစ္ေတာက မီးေတာင္ေျမမွာပါတဲ့ သံဓာတ္ေတြေၾကာင့္ ဘယ္ GPS စနစ္မွ အလုပ္မလုပ္ပါဘူးတဲ့။

၅။ မရဏသစ္ေတာရဲ႕ အေကာင္းဆံုးလမ္းျပစနစ္က ၾကိဳးနဲ႔ တိပ္ေတြကို အသံုးျပဳျခင္းပါ..တဲ့။

ဒီအခ်က္က မရဏသစ္ေတာရဲ႕ ေၾကာက္စရာေကာင္းတဲ့အခ်က္တစ္ခ်က္အျဖစ္နဲ႔ေတာင္ သတ္မွတ္သင့္ပါတယ္။ ကိုယ့္ကိုကိုယ္ ေသေၾကာင္းၾကံစည္သူအဖို႔ ေရကန္အသင့္ ၾကာအသင့္ ပဲျဖစ္ပါတယ္။ တကယ္လို႔ သင္ဟာ အဲ့ဒီသစ္ေတာကို အလည္တစ္ေခါက္ေရာက္တဲ့အခါ ၾကိဳးတန္းတေလ်ာက္ လိုက္ၾကည့္ၾကည့္လိုက္ပါ။ သိပ္မၾကာေသးခင္က ေသေၾကာင္းၾကံစည္ထားတဲ့ ရုပ္အေလာင္းတစ္ခုက အဲ့ဒီ ၾကိဳးစ အဆံုးသတ္သြားတဲ့ ေနရာတစ္ဝိုက္မွာ ရွိေနမွာ အေသအခ်ာပါ။
Unicodeဖြင့်ဖတ်ရန်

Japan နိုင်ငံ Koshu မြို့မှာ တည်ရှိတဲ့ Aokigahara သစ်တောဟာ သေကြောင်းကြံစည်မှု အများဆုံးဖြစ်တဲ့ သစ်တောတစ်ခုအဖြစ် နာမည်ကြီးပြီး Sucide Forest လို့ နာမည်ပေးထားသလို Sea of Trees လို့လည်း အမည်နာမ တပ်ခေါ်လေ့ရှိပါတယ်။ အဲ့ဒီအမည်နာမတွေဟာ “ သေဆုံးဖို့အတွက် ပြီးပြည့်စုံဆုံးနေရာတစ်ခု” လို့ အဓိပ္ပါယ်ရပါတယ်တဲ့။

တကမ္ဘာလုံးမှာ ဒုတိယ မိမိကိုယ်ကို သေကြောင်းကြံစည်မှု အများဆုံးဖြစ်တဲ့ အလျောက် နှစ်စဉ် နှစ်တိုင်း လူ အယောက် ၃၀ ကနေ ၁၀၀ အထိ ဟာ သူတို့ရဲ့ အသက်တွေကို စိမ်းစိုသာယာပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ အဲ့ဒီသစ်တောလေးထဲမှာ အဆုံးစီရင်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဒီအရေအတွက်ဟာ ဂျပန်နိုင်ငံ အစိုးရက ထုတ်ပြန်တဲ့အရေအတွက်ဖြစ်ပြီး အခြားမသိရှိသေးတဲ့ အဆုံးစီရင်မှုတွေလည်း မြောက်မြားစွာ ကျန်ရှိနေပါသေးတယ်။

နှစ်ပေါင်း အတော်ကြာတဲ့အခါမှာတော့ အဲ့ဒီသစ်တောလေးထဲမှာ မကျွတ်မလွတ်သေးတဲ့ ဝိဉာည်တွေနဲ့ မကောင်းဆိုးဝါးတွေ အများအပြားရှိနေပြီး သစ်တောလေးထဲကို ရောက်လာသူတိုင်းကို ကိုယ့်ကိုကိုယ်အဆုံးစီရင်အောင် လှည့်ဖျားနှောင့်ယှက်တတ်တယ်ဆိုတဲ့ အကြောင်းတွေပါ ပြန်နှံ့လာခဲ့ပါတယ်။ အဲဒီလို သတင်းမျိုးစုံပြန့်နှံ့နေပေမယ့် လူသိနည်းနေသေးတဲ့ အကြောင်းတွေကိုတော့ စာဖတ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်…။

၁။ဆိတ်ငြိမ်အေးချမ်းလွန်းတာလား။ ထိတ်လန့်ခြောက်ခြားစရာကောင်းတာလား။

ဖော်ပြပါ မကောင်းသတင်းတွေ အများအပြားပြန့်နှံ့နေပေမယ့် Aokigahara သစ်တောဟာ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ သစ်တောဖြစ်တာကြောင့် အရမ်းသာယာလှပပြီး ငြိမ်သက်တိတ်ဆိတ်လွန်းပါတယ်။ အဲ့ဒီ တိတ်ဆိတ်ငြိမ်သက်မှုတွေက သဘာဝအလှကို ခံစားသူတွေအတွက် သုခဘုံဖြစ်ပေမယ့် စိတ်ဓာတ်ကျနေသူ၊ စိတ်အားငယ်တတ်သူတွေအတွက် စိတ်ခြောက်ခြားရလောက်ပါတယ်တဲ့။

၂။ Koshu ဒေသခံတွေဟာ သစ်တောထဲမှာ သေကြောင်းကြံစည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။

မရဏသစ်တောဆိုတဲ့အတိုင်း သေကြောင်းကြံစည်မှုတွေ မရေမတွက်နိုင်အောင် များပြားပေမယ့် အဲ့ဒီသစ်တောလေးနဲ့ အရမ်းနီးတဲ့ Koshu မြို့က ဒေသခံတွေမပါပါဘူးတဲ့။ သူတို့ဟာ ငယ်စဉ်ကတည်းက အဲ့ဒီမရဏသစ်တောရဲ့ ကြောက်လန့်စရာတွေကို သိကျွမ်းခဲ့တာကြောင့် တတ်နိုင်သမျှ ရှောင်ကြပါတယ်တဲ့။

၃။ သေကြောင်းကြံစည်ကြတဲ့ သူအများစုဟာ ခဏလာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ များပါတယ်တဲ့။

သေကြောင်းကြံစည်သူတွေရဲ့ သေကြောင်းကြံစည်ရခြင်း အကြောင်းရင်းကို သေသေချာချာ စုံစမ်းလိုက်တဲ့အခါ အများစုဟာ သေကြောင်းကြံစည်ဖို့ အစီအစဉ်မရှိပဲ ခဏတဖြုတ် လာရောက်ကြသူတွေများပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တောထဲကို စပြီး ဝင်လာချိန်မှာ မျက်စိလည် လမ်းမပျောက်အောင် အရောင်ပါတဲ့ တိတ်တွေကို လမ်းတစ်လျှောက်ကပ်ထားခဲ့ပြီး ညဘက် အန္တရာယ်ကင်းကင်း အိပ်စက်ဖို့ ရွက်ဖျင်တဲလေးတွေကိုတောင် ဆောက်ထားတာကို တွေ့ရလေ့ရှိတာကြောင့်ပါတဲ့။

၄။ ဝါရင့် တောတွင်းခရီးသွားတောင် မရဏသစ်တောထဲမှာ လမ်းပျောက်လေ့ရှိပါတယ်တဲ့။

တောတွင်းခရီးထွက်ဖို့ စီစဉ်ထားတဲ့သူတွေဟာ လမ်းမပျောက်စေဖို့အတွက် လမ်းပြကိရိယာတွေမပါမဖြစ် ဆောင်သွားကြလေ့ရှိပါတယ်။ ဒီ မရဏသစ်တောထဲမှာတော့ အဲ့ဒီကိရိယာတွေက အလုပ်ဘယ်တော့မှ မလုပ်ပါဘူးတဲ့။ နောက်ဆုံးပေါ် နည်းပညာတွေသုံးထားတဲ့ GPS စနစ်တွေတောင် အဲ့ဒီသစ်တောထဲမှာ အလုပ်မလုပ်ပါဘူးတဲ့။ အဲ့ဒီသစ်တောက မီးတောင်မြေမှာပါတဲ့ သံဓာတ်တွေကြောင့် ဘယ် GPS စနစ်မှ အလုပ်မလုပ်ပါဘူးတဲ့။

၅။ မရဏသစ်တောရဲ့ အကောင်းဆုံးလမ်းပြစနစ်က ကြိုးနဲ့ တိပ်တွေကို အသုံးပြုခြင်းပါ..တဲ့။

ဒီအချက်က မရဏသစ်တောရဲ့ ကြောက်စရာကောင်းတဲ့အချက်တစ်ချက်အဖြစ်နဲ့တောင် သတ်မှတ်သင့်ပါတယ်။ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သူအဖို့ ရေကန်အသင့် ကြာအသင့် ပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အဲ့ဒီသစ်တောကို အလည်တစ်ခေါက်ရောက်တဲ့အခါ ကြိုးတန်းတလျောက် လိုက်ကြည့်ကြည့်လိုက်ပါ။ သိပ်မကြာသေးခင်က သေကြောင်းကြံစည်ထားတဲ့ ရုပ်အလောင်းတစ်ခုက အဲ့ဒီ ကြိုးစ အဆုံးသတ်သွားတဲ့ နေရာတစ်ဝိုက်မှာ ရှိနေမှာ အသေအချာပါ။

Credit: Chris (Daily Hot News)

LEAVE A REPLY