Zawgyi ဖြင့်ဖတ်၇န်





Myat Su Nyein
Ref : kstarlive
Unicodeဖြင့်ဖတ်ရန်
ဘယ်သူမဆို Idol နဲ့ တူတယ်လို့ အပြောခံရရင်ကျေနပ်ကြမှာပါ။ ဒါပေမဲ့ ဒီလူကတော့ ပြောင်းပြန်ပါ။ သူဟာ အဆိုတော်မဟုတ်သလို တေးရေးလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ BTS အဖွဲ့ဝင် Jimin နဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီး စိတ်ဝင်စားမှုရရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့ သူကတော့ လူတွေပြောကြတဲ့ တူတယ်ဆိုတဲ့ မှတ်ချက်ကို ငြင်းပယ်ပြီး လက်မခံပါဘူး။

အကြောင်းကတော့ သူ့ကို ဝိုင်းပြီး ပြစ်တင်ကဲ့ရဲ့ကြမှာ စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။ “ကျွန်တော်တို့ လုံးဝမတူပါဘူး။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းလေးမှ တူတယ်လို့ မထင်မှတ်မိပါဘူး။ BTS ကို သွားပြီး လှုပ်ခတ်အောင် မလုပ်ချင်ပါဘူး။ ကျွန်တော် ပြဿနာတက်သွားပါဦးမယ်” လို့ KBS ရုပ်သံလိုင်းရဲ့ “1 vs 100” အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ BTS ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ARMYs တွေကတော့ သူ့ကို နှစ်သိမ့်ပေးခဲ့ပါတယ်။ ရုပ်ချင်းတူတယ်လို့ ပြောရင်လည်း သူ့ကို ဘာမှမထိခိုက်စေပါဘူးလို့ နှစ်သိမ့်ပေးခဲ့ကြပါတယ်။ သူ့ကိုဘယ်သူမှ မရယ်ခဲ့ကြဘဲ သူစိုးရိမ်နေတာကို လျော့ချဖို့ အားပေးခဲ့ကြပါတယ်။

သင်တို့ရော BTS အဖွဲ့ဝင် Jimin နဲ့ သူနဲ့ တကယ်ရုပ်ချင်းဆင်တယ်လို့ ထင်ပါသလား ?

Myat Su Nyein
Ref : kstarlive
Credit: MOMOLAY