Zawgyi ဖြင့်ဖတ်၇န်


Image may contain: 1 person








Unicode ဖြင့်ဖတ်ရန်

ဖေ့စ်ဘွတ်ခ် အသုံးပြုသူ လူပေါင်း ၈၇ သန်းရဲ့
အချက်အလက်တွေကို Cambridge Analytica ကုမ္ပဏီက
ရယူခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက်လာပြီးတဲ့ နောက်
ပြုလုပ်လာတဲ့ အမေရိကန် ဆီးနိတ် ကော်မတီ အစုံ
ပါဝင်တဲ့ ကြားနာပွဲမှာ ဖေ့စ်ဘွတ် ကုမ္ပဏီ ပိုင်ရှင်
မာ့ခ်ဇတ်ကာဘတ်ဂ် လာရောက် ဖြေဆို ခဲ့ပါတယ်။

အဲဒီ ကြားနားပွဲမှာ မြန်မာ အရေး ကိစ္စလည်း ထည့်သွင်း
မေးမြန်း ခံခဲ့ရတာမို့ မစ္စတာ ဇတ်ကာဘတ်ဂ် ဖြေဆို ခဲ့ရပါတယ်။

ဗားမွန့်ပြည်နယ်က ဝါရင့် ဒီမိုကရက် အမတ် ပက်ထရစ် လီဟီ က
“ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အပေါ် ပစ်မှတ်ထားတဲ့
အမုန်းတရား လှုံ့ဆော်မှုတွေဟာ ဖေ့စ်ဘွတ်ပေါ်ကနေ ပြန့်ပွား နေတာ ဆိုပြီး
ကုလသအမဂ္ဂ စုံစမ်းရေးသမားတွေက ပြစ်တင် ခဲ့ကြတယ်။
လူမျိုးတုန်း သတ်ဖြတ်မှုတွေ အတွက် ဖေ့စ်ဘွတ်ခ်မှာ
တာဝန်ရှိတယ်လို့တောင် ထောက်ပြ ခဲ့ကြတာ။
အမုန်းစကားတွေကို ၂၄ နာရီ အတွင်း ဖြုတ်ချနိုင်ဖို့
ဘာလို့ မစွမ်းဆောင် နိုင်ခဲ့တာလဲ” ဆိုပြီး မေးခွန်း ထုတ်ခဲ့ပါတယ်။

မာ့ခ်ဇတ်ကာဘတ်ဂ် တုံ့ပြန် တာကတော့ …..

“ကျနော်တို့ ကြိုးစား နေပါတယ်။
အတိအကျ ပြောရရင် ကျနော်တို့ လုပ်ဆောင် နေတာ ၃ မျိုး ရှိတယ်။
ပထမ တစ်ချက်ကတော့ မြန်မာ စကားပြောဆို နားလည်တဲ့ စောင့်ကြည်သူတွေ ကို
ဒါဇင်နဲ့ ချီပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထပ်မံ ငှားရမ်း အလုပ်ခန့် နေပါတယ်။

ဒုတိယ တစ်ချက်ကတော့ အမုန်း တရား ဖြန့်ချီသူတွေဟာ
ဘယ်သူတွေလည်း ဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံထဲက
အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ပါတယ်၊
တင်လာတဲ့ ပို့စ်တချို့ကို ဖြုတ်ချဖို့ မဟုတ်ပဲ အကောင့်
တစ်ခုလုံး ပိတ်ပစ် နိုင်အောင်လို့ပါ။

တတိယ တစ်ချက် ကတော့ …. မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့
အနာဂတ်မှာလည်း ဒီလို ကိစ္စမျိုးတွေကို တင်ကြို ဟန့်တားနိုင်တဲ့
နည်းပညာ ဆိုင်ရာ ပြင်ဆင် ပြောင်းလဲဖို့ လုပ်ဆောင် နေတယ်” ဆိုပြီး
ဖေ့စ်ဘွတ်ခ်ပိုင်ရှင် မစ္စတာ ဇတ်ကာဘတ်ဂ်က ပြောသွားပါတယ်။

Source -ဘီဘီစီမြန်မာပိုင်း
Credit: BBC

LEAVE A REPLY