Zawgyi ျဖင့္ဖတ္၇န္

အမ်ဳိးသား ျပန္လည္ ရင္ၾကားေစ့ေရးအတြက္ ႏိုင္ငံေရးအက်ဥ္းသား အားလံုး လႊတ္ေပးရန္ ေမတၱာရပ္ခံေၾကာင္းႏွင့္ ပင္လုံညီလာခံ ေအာင္ျမင္ေရးမွာလည္း အေရးပါေသာကိစၥ ျဖစ္ေၾကာင္း ပုဒ္မသုံးခုျဖင့္ တရားစြဲဆုိ ခံထားရေသာ ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာ ေ၀ဟင္ေအာင္အား ဧၿပီ ၄ ရက္က ရွစ္ႀကိမ္ေျမာက္ ႐ုံးထုတ္စဥ္ ေဒါက္တာေအးေမာင္က ေျပာၾကားသည္။

“ကြၽန္ေတာ္တုိ႔က ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးကုိ သြားခ်င္တယ္။ ကြၽန္ေတာ္တုိ႔ေျပာတာ အားလုံးလည္းပဲ အမ်ဳိးသားရင္ၾကားေစ့ေရး ျဖစ္တယ္။ ရေသ့ေတာင္မွာ ေျပာတာကလည္း ကြၽန္ေတာ္တုိ႔ ဖိတ္လုိ႔ သြားခဲ့တာ။ ၂၅ မိနစ္ေလာက္ ေျပာခဲ့တဲ့အထဲမွာလည္း ျပည္ေထာင္စုကုိ ၿငိမ္းခ်မ္းေရးကုိပဲ ေျပာခဲ့တာ။ စြပ္စြဲထားသလုိမ်ိဳး မဟုတ္ဘူး။ ေနာက္ အမ်ဳိးသားရင္ၾကားေစ့ေရးကုိ သြားတာျဖစ္တယ္။ ႏုိင္ငံေရး အက်ဥ္းသားေတြ ေစာင့္ေမွ်ာ္ေနၾကတယ္။ ဒီသႀကၤန္ မတုိင္ခင္ေလးမွာ အမ်ဳိးသား ျပန္လည္ ရင္ၾကားေစ့ေရးအတြက္ ႏုိင္ငံေရး အက်ဥ္းသား အားလုံးကုိ လႊတ္ေပးႏုိင္ပါေစလုိ႔ ေမတၱာပုိ႔တယ္။ သႀကၤန္မတုိင္ခင္ ျပည္သူေတြကုိ ေမတၱာေပးပါ။ ျပည္သူေတြဆီကလည္း ေမတၱာျပန္ရပါလိမ့္မယ္။ သုံးႏွစ္တာ ကာလမွာ ကြၽန္ေတာ္တုိ႔ ျပည္တြင္းစစ္ႀကီး ရပ္ဖုိ႔အတြက္လည္း ပင္လုံဟာ အေရးႀကီးတယ္။ အားလုံးပါ၀င္တဲ့ အခင္းအက်င္း ျဖစ္မွသာလွ်င္ ျပည္ေထာင္စုႀကီးဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးကုိ ရမယ္။ ၃၇ ခ်က္ ရၿပီးၿပီ။ အဲဒီမွာပါတဲ့ အခ်က္ေတြကုိ လူထုကုိ ေျပာျပခဲ့ၿပီးၿပီ။ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ရမယ္။ ကုိယ္ပုိင္ျပ႒ာန္းပုိင္ခြင့္ ဆုိတာ ျပည္ေထာင္စုက ေပးရမယ့္ တာ၀န္။ ဒါ ခြင့္တူညီမွ် ၀ါဒျဖဴစင္တဲ့ ျပည္ေထာင္စုႀကီးကုိ ျပန္တည္ေဆာက္ဖုိ႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္ ႀကိဳးစားေနတယ္။ အေဖ့ရဲ႕တာ၀န္ကုိ သမီးက ျပန္ၿပီး တည္ေဆာက္ေနတာ ကြၽန္ေတာ္တုိ႔ ပါ၀င္ခ်င္တယ္။ အစ္မႀကီးနဲ႔ဆုိရင္ ကြၽန္ေတာ္တုိ႔ အမ်ားႀကီး ရင္းႏွီးပါတယ္။ ကားနဲ႔ သြားတုန္းက ေျပာခဲ့တာ ရွိတယ္။ ကုိေအးေမာင္ေရ အခ်ိန္ေတြ ႏွေျမာဖုိ႔ ေကာင္းလုိက္တာ။ ကြၽန္ေတာ္တုိ႔ဟာ အခ်ိန္တစ္ခုကုိ ထိထိမိမိ သုံးခ်င္တယ္။ စည္းလုံးညီညြတ္ဖို႔အတြက္ တုိင္းရင္းသား တစ္မ်ဳိးခ်င္းစီရဲ႕ ခံစားခ်က္ကုိ ျပည္ေထာင္စုႀကီးက နားလည္ရမယ္။ ရွမ္းရဲ႕ ခံစားခ်က္ကုိ ရခုိင္က နားလည္ရမယ္။ ရခုိင္ရဲ႕ ခံစားခ်က္ကုိ ဗမာက နားလည္ရမယ္။ ကြၽန္ေတာ္တုိ႔ဆုိရင္ ေထာင္ထဲမွာ ရက္ေပါင္း ၇၇ ရက္ေလာက္ ရွိပါၿပီ။ အမ္းက လူထု တစ္သိန္းေက်ာ္ရဲ႕ကုိယ္စား ကၽြန္ေတာ္ ဘာမွေျပာခြင့္ မရွိဘူး။ ကြၽန္ေတာ္တုိ႔ကုိ စြပ္စြဲထားတဲ့ အခ်က္ သုံးခ်က္ဟာလည္း ဘာမွ ကြၽန္ေတာ္တုိ႔နဲ႔ မပတ္သက္ဘူး။ ႏုိင္ငံေတာ္ကုိ တည္ေဆာက္ေနတယ္။ ႏုိင္ငံေတာ္ကုိ ပုန္ကန္ျခားနားမွာ မဟုတ္ဘူး။ အၾကည္ညိဳပ်က္ေအာင္လည္း မလုပ္ဘူး။ ကြၽန္ေတာ္တုိ႔ ေျပာတာ အားလုံးဟာ လူထုကုိ အေျချပဳၿပီးမွ ႏုိင္ငံေရးလုပ္တာ ျဖစ္တယ္” ဟု ေဒါက္တာေအးေမာင္က ေျပာၾကားသည္။

ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ (၂၃၃) ႏွစ္ေျမာက္ ရခိုင္အခ်ဳပ္အျခာအာဏာ က်ဆံုးျခင္း အထိမ္းအမွတ္ စာေပေဟာေျပာပြဲတြင္ ေဟာေျပာမႈျဖင့္ ႏိုင္ငံေတာ္ ပုန္ကန္မႈ ပုဒ္မ ၁၂၂၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ၅၀၅ (ခ) (ဂ) ၊ မတရားအသင္းႏွင့္ ဆက္သြယ္မႈ ၁၇ (၁) တို႔ျဖင့္ ဇန္န၀ါရီ ၁၆ ရက္ ညေနပိုင္းက စာေရးဆရာ ေ၀ဟင္ေအာင္အား ေနအိမ္မွ ေခၚယူ ဖမ္းဆီးခဲ့ၿပီး ဇန္န၀ါရီ ၁၈ ရက္တြင္ ေဒါက္တာေအးေမာင္အား စစ္ေတြၿမိဳ႕ရွိ ၎၏ ေနအိမ္မွ ဖမ္းဆီးခဲ့သည္။
“သမၼတသစ္ ဦး၀င္းျမင့္ လက္ထက္မွာ ေထာင္ထဲက လူေတြအမ်ားႀကီးက လြတ္ၿငိမ္းခ်မ္းသာခြင့္အတြက္ အမ်ားႀကီး ေမွ်ာ္ေနၾကတယ္။ စစ္ေတြေထာင္မွာ လူတစ္ေထာင္ေလာက္ ဆ့ံေပမယ့္ ေထာင့္ငါးရာေလာက္ ျဖစ္ေနတယ္။ တစ္ေယာက္ေနရာမွာ သံုးေယာက္ ၀င္အိပ္ေနရတယ္။ အက်ဥ္းသားေတြ အတြက္လည္း အခြင့္အေရး ခ်ဳိးေဖာက္ခံေနရသလုိ ျဖစ္ေနတယ္။ ႏုိင္ငံေတာ္အတြက္လည္း ဘတ္ဂ်က္တုိးၿပီး ကုန္ရာေရာက္ေနတဲ့ အတြက္ေၾကာင့္ အဲဒီလူေတြ ဦး၀င္းျမင့္ဆီက လြတ္ၿငိမ္းခ်မ္းသာခြင့္ကုိ ေမွ်ာ္ေနၾကတယ္။ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးဖုိ႔ အခ်ိန္တန္ၿပီလုိ႔လည္း ကြၽန္ေတာ္ျမင္တယ္” ဟု စာေရးဆရာ ေ၀ဟင္ေအာင္က ႐ုံးထုတ္စဥ္ ေျပာၾကားသည္။

ထုိ႔ျပင္ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ NLD ပါ၀င္မွ ဖက္ဒရယ္ ျပည္ေထာင္စုကုိ သြားႏုိင္မည္ဟု ယုံၾကည္ေၾကာင္း၊ ထို႔ေၾကာင့္ တုိင္းရင္းသားပါတီ အားလုံးက ေမတၱာရပ္ခံခဲ့ေၾကာင္း၊ ျပည္ေထာင္စုလႊတ္ေတာ္ကုိ တက္ေပးရန္၊ က်မ္းက်ိန္ေပးရန္ ေတာင္းဆုိခဲ့ေၾကာင္း၊ ယင္းအတြက္ တုိင္းရင္းသားပါတီ အားလုံးပါ၀င္မွ အမ်ဳိးသား ရင္ၾကားေစ့ေရးကုိ ရမည္ဆုိသည့္ သေဘာႏွင့္ လုပ္ေဆာင္ခဲ့ေၾကာင္း၊ အားလုံးအေနျဖင့္ ဖယ္ဒရယ္ျပည္ေထာင္စုကုိ တည္ေဆာက္ႏုိင္ရမည္ ျဖစ္ေၾကာင္း၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းရေအာင္ ႏုိင္ငံေရး အက်ဥ္းသားအားလုံးကုိ လႊတ္ေပးဖုိ႔ ေမတၱာရပ္ခံေၾကာင္း ေဒါက္တာေအးေမာင္ က ေျပာၾကားသည္။

ရွစ္ႀကိမ္ေျမာက္ ႐ုံးထုတ္မႈႏွင့္ ပတ္သက္၍ စာေရးဆရာ ေ၀ဟင္ေအာင္ အမႈအား လုိက္ပါ ေဆာင္ရြက္ေပးသူ ေရွ႕ေန ေဒၚေအးႏုစိန္က “ဒီေန႔ စစ္ေတြခ႐ုိင္ တရား႐ုံးခ်ိန္းကေတာ့ စစ္ေတြၿမိဳ႕နယ္မွာ ရွိေနတဲ့ အမႈႏွစ္ခုကုိ စစ္ေတြခ႐ုိင္မွာ တစ္ေပါင္းတည္း စစ္ေဆးေပးဖို႔ ေလွ်ာက္ထားတာကုိ အမိန္႔ခ်ဖုိ႔ ျဖစ္ေပမယ့္ ခ႐ုိင္တရား႐ုံးက မူလအမႈတြဲကုိ ရခုိင္ျပည္နယ္ တရားလႊတ္ေတာ္က ေခၚယူသြားၿပီ ျဖစ္တဲ့အတြက္ အမိန္႔မခ်ႏုိင္ဘူး ဆုိတာကုိ ၾကားရပါတယ္။ ၿမိဳ႕နယ္မွာ အဲဒီအတုိင္းပဲ ရခုိင္ျပည္နယ္ တရားလႊတ္ေတာ္က ေခၚယူသြားၿပီ ျဖစ္တဲ့အတြက္ ၿမိဳ႕နယ္႐ုံးမွာလည္း စစ္ေဆးတာ မလုပ္ႏုိင္ခဲ့ဘူး။ ဧၿပီ ၁၈ ရက္ကုိ ျပန္လည္ ခ်ိန္းဆုိလုိက္ပါတယ္။ အမႈေခ်ဖ်က္တယ္ ဆုိတာဟာ အမႈတစ္ခုလုံးကုိ ေခ်ဖ်က္ဖုိ႔ တက္တာလည္း ျဖစ္ပါတယ္။ ဘယ္သူပဲ တက္တက္ ေခ်ဖ်က္ဖို႔ အေၾကာင္းျခင္းရာနဲ႔ ဥပေဒညီညြတ္ခဲ့ရင္ ေခ်ဖ်က္ေပးမွာပဲ။ ေပးလုိက္လုိ႔ ရွိရင္ ေ၀ဟင္ေအာင္လည္း အဲဒီအမႈမွာ အတူတူျဖစ္တဲ့အတြက္ ေခ်ဖ်က္ခံရတဲ့အထဲ ပါသြားမွာပါ။ ဒါေပမဲ့ ကြၽန္မဘက္ကေတာ့ အခ်ိန္နည္းနည္း လုိေသးတယ္လုိ႔ ယူဆတဲ့အတြက္ ကြၽန္မက တစ္ေပါင္းတည္း မတင္တာ ျဖစ္ပါတယ္။ အခ်ိန္လုိေသးတယ္လုိ႔ ယူဆတယ္” ဟု ေျပာၾကားသည္။

ေဒါက္တာ ေအးေမာင္၏ ေရွ႕ေနမ်ားက အမႈသုံးခုစလုံးကုိ ေခ်ဖ်က္ေပးရန္ ေလွ်ာက္ထားသျဖင့္ တရားလႊတ္ေတာ္က မူလအမႈတြဲကုိ ေခၚယူထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“စစ္မွန္တဲ့ ဖက္ဒရယ္စနစ္ကုိ ရသြားရင္ ကြၽန္ေတာ္တုိ႔ အားလုံး ေျဖရွင္းၿပီး ျဖစ္လိမ့္မယ္။ ကြၽန္ေတာ္တုိ႔က အမ်ဳိးသား ျပန္လည္ ရင္ၾကားေစ့ေရးကုိ သြားတယ္။ ၂၀ ရာစုမွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေျပာခဲ့တဲ့ စကားဟာ တုိင္းရင္းသား အားလုံးရဲ႕ရင္ထဲမွာ ရွိတယ္။ အဲဒီေတာ့ လက္နက္ကိုင္ ပဋိပကၡကုိ ေျဖရွင္းႏိုင္ရမယ္။ အမ်ဳိးသား ရင္ၾကားေစ့ေရးကုိ သြားႏုိင္ရမယ္။ အဲဒါဟာ ကြၽန္ေတာ္တုိ႔ရဲ႕ ၂၁ ရာစုပင္လုံမွာ ေဒၚေအာင္ဆန္းစုၾကည္ လုပ္ရမယ့္ တာ၀န္ပဲ။ ၂၁ ရာစုပင္လုံရဲ႕ အေၾကြးကုိ ေဒၚေအာင္ဆန္းစုၾကည္ ျပန္လည္ တည္ေဆာက္ႏုိင္ရမယ္။ အဲဒါဟာ ၂၁ ရာစုပင္လုံရဲ႕ ေအာင္ပြဲ ျဖစ္တယ္။ ေနာက္ၿပီး ဟိုဘက္က စြပ္စြဲခ်က္နဲ႔ ကြၽန္ေတာ္ေျပာတာနဲ႔ မတူဘူး။ စာသား ျပန္ျပင္ထားတာ။ အဲဒါေလးကို ဦးညီပု ျပန္ဖတ္ရင္ စိတ္ေကာင္းမွာ မဟုတ္ဘူး။ ကြၽန္ေတာ္လည္း စိတ္မေကာင္းဘူး။ စြပ္စြဲခ်က္ေတြ အားလံုးဟာ လိုရာဆြဲၿပီးမွ စာသား ျပန္စီထားတဲ့ အခါက်ေတာ့ ဒါေလးေတြကို စဥ္းစားေစခ်င္တယ္။ ကြၽန္ေတာ္ ေျပာခဲ့သလုိေပါ့။ အမ်ိဳးသား ရင္ၾကားေစ့ေရးကုိလည္း သြားဖို႔လုိတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တုိ႔ေျပာတာ အားလုံးက Prossess ေတြကုိပဲ ေျပာခဲ့တာပါ။ ဖြဲ႕စည္းပုံ အေျခခံဥပေဒ တစ္ခုေအာက္မွာ ႏုိင္ငံေရးပါတီ ေထာင္တယ္။ ဖက္ဒရယ္ ျပည္ေထာင္စုမွာ ရေအာင္ယူမယ္ ဆုိတာကုိ ဘာညာအဓိပၸာယ္ ဖြင့္လုိက္တာကေတာ့ လြဲေနတယ္” ဟု ေဒါက္တာေအးေမာင္က မတ္ ၁၄ ရက္ ႐ုံးထုတ္စဥ္ ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ အခုဆိုရင္ တရားလိုေတြရဲ႕ စြပ္စြဲခ်က္ေတြ အားလံုးဟာ သက္ေသခံ ဥပေဒနဲ႔ ကင္းကြာေနၾကတာ ရွိတယ္။ အမႈမေျမာက္ႏိုင္ဘူး ဆိုတဲ့ သံုးသပ္ခ်က္ေတြလည္း ရွိၾကတာေပါ့ဗ်ာ။ ေျမာက္ဦးပဋိပကၡနဲ႔ ကြၽန္ေတာ္ လံုး၀ပတ္သက္မႈ မရွိဘူး။ ကြၽန္ေတာ္တို႔ဟာ ရေသ့ေတာင္မွာ ျဖစ္တာ။ မိုင္ေပါင္း ဆယ္ေက်ာ္ ေ၀းတဲ့ေနရာမွာ ဖိတ္ၾကားထားလို႔ ကြၽန္ေတာ္တုိ႔က သြားၿပီး တရားေဟာခဲ့တာ။ အဲဒီလိုမ်ဳိးေဟာခဲ့တာ ေလးႏွစ္ ငါးႏွစ္ေလာက္ ရွိၿပီ။ ဒါက သမိုင္းအရ ေျပာေနတဲ့အခါက်ေတာ့ ဒါကိုအားလံုးက သေဘာေပါက္ဖို႔ လိုတယ္” ဟု ေဒါက္တာေအးေမာင္က မီဒီယာမ်ားအား မတ္ ၁၉ ရက္က ေျပာၾကားခဲ့သည္။
Unicodeဖြင့်ဖတ်ရန်
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပင်လုံညီလာခံ အောင်မြင်ရေးမှာလည်း အရေးပါသောကိစ္စ ဖြစ်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ဧပြီ ၄ ရက်က ရှစ်ကြိမ်မြောက် ရုံးထုတ်စဉ် ဒေါက်တာအေးမောင်က ပြောကြားသည်။

“ကျွန်တော်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးကို သွားချင်တယ်။ ကျွန်တော်တို့ပြောတာ အားလုံးလည်းပဲ အမျိုးသားရင်ကြားစေ့ရေး ဖြစ်တယ်။ ရသေ့တောင်မှာ ပြောတာကလည်း ကျွန်တော်တို့ ဖိတ်လို့ သွားခဲ့တာ။ ၂၅ မိနစ်လောက် ပြောခဲ့တဲ့အထဲမှာလည်း ပြည်ထောင်စုကို ငြိမ်းချမ်းရေးကိုပဲ ပြောခဲ့တာ။ စွပ်စွဲထားသလိုမျိုး မဟုတ်ဘူး။ နောက် အမျိုးသားရင်ကြားစေ့ရေးကို သွားတာဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ စောင့်မျှော်နေကြတယ်။ ဒီသင်္ကြန် မတိုင်ခင်လေးမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးနိုင်ပါစေလို့ မေတ္တာပို့တယ်။ သင်္ကြန်မတိုင်ခင် ပြည်သူတွေကို မေတ္တာပေးပါ။ ပြည်သူတွေဆီကလည်း မေတ္တာပြန်ရပါလိမ့်မယ်။ သုံးနှစ်တာ ကာလမှာ ကျွန်တော်တို့ ပြည်တွင်းစစ်ကြီး ရပ်ဖို့အတွက်လည်း ပင်လုံဟာ အရေးကြီးတယ်။ အားလုံးပါဝင်တဲ့ အခင်းအကျင်း ဖြစ်မှသာလျှင် ပြည်ထောင်စုကြီးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ရမယ်။ ၃၇ ချက် ရပြီးပြီ။ အဲဒီမှာပါတဲ့ အချက်တွေကို လူထုကို ပြောပြခဲ့ပြီးပြီ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ဆိုတာ ပြည်ထောင်စုက ပေးရမယ့် တာဝန်။ ဒါ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုကြီးကို ပြန်တည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတယ်။ အဖေ့ရဲ့တာဝန်ကို သမီးက ပြန်ပြီး တည်ဆောက်နေတာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ အစ်မကြီးနဲ့ဆိုရင် ကျွန်တော်တို့ အများကြီး ရင်းနှီးပါတယ်။ ကားနဲ့ သွားတုန်းက ပြောခဲ့တာ ရှိတယ်။ ကိုအေးမောင်ရေ အချိန်တွေ နှမြောဖို့ ကောင်းလိုက်တာ။ ကျွန်တော်တို့ဟာ အချိန်တစ်ခုကို ထိထိမိမိ သုံးချင်တယ်။ စည်းလုံးညီညွတ်ဖို့အတွက် တိုင်းရင်းသား တစ်မျိုးချင်းစီရဲ့ ခံစားချက်ကို ပြည်ထောင်စုကြီးက နားလည်ရမယ်။ ရှမ်းရဲ့ ခံစားချက်ကို ရခိုင်က နားလည်ရမယ်။ ရခိုင်ရဲ့ ခံစားချက်ကို ဗမာက နားလည်ရမယ်။ ကျွန်တော်တို့ဆိုရင် ထောင်ထဲမှာ ရက်ပေါင်း ၇၇ ရက်လောက် ရှိပါပြီ။ အမ်းက လူထု တစ်သိန်းကျော်ရဲ့ကိုယ်စား ကျွန်တော် ဘာမှပြောခွင့် မရှိဘူး။ ကျွန်တော်တို့ကို စွပ်စွဲထားတဲ့ အချက် သုံးချက်ဟာလည်း ဘာမှ ကျွန်တော်တို့နဲ့ မပတ်သက်ဘူး။ နိုင်ငံတော်ကို တည်ဆောက်နေတယ်။ နိုင်ငံတော်ကို ပုန်ကန်ခြားနားမှာ မဟုတ်ဘူး။ အကြည်ညိုပျက်အောင်လည်း မလုပ်ဘူး။ ကျွန်တော်တို့ ပြောတာ အားလုံးဟာ လူထုကို အခြေပြုပြီးမှ နိုင်ငံရေးလုပ်တာ ဖြစ်တယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် (၂၃၃) နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှ ခေါ်ယူ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့သည်။
“သမ္မတသစ် ဦးဝင်းမြင့် လက်ထက်မှာ ထောင်ထဲက လူတွေအများကြီးက လွတ်ငြိမ်းချမ်းသာခွင့်အတွက် အများကြီး မျှော်နေကြတယ်။ စစ်တွေထောင်မှာ လူတစ်ထောင်လောက် ဆံ့ပေမယ့် ထောင့်ငါးရာလောက် ဖြစ်နေတယ်။ တစ်ယောက်နေရာမှာ သုံးယောက် ဝင်အိပ်နေရတယ်။ အကျဉ်းသားတွေ အတွက်လည်း အခွင့်အရေး ချိုးဖောက်ခံနေရသလို ဖြစ်နေတယ်။ နိုင်ငံတော်အတွက်လည်း ဘတ်ဂျက်တိုးပြီး ကုန်ရာရောက်နေတဲ့ အတွက်ကြောင့် အဲဒီလူတွေ ဦးဝင်းမြင့်ဆီက လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်နေကြတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အချိန်တန်ပြီလို့လည်း ကျွန်တော်မြင်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ရုံးထုတ်စဉ် ပြောကြားသည်။

ထို့ပြင် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါဝင်မှ ဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပါတီ အားလုံးက မေတ္တာရပ်ခံခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကို တက်ပေးရန်၊ ကျမ်းကျိန်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းအတွက် တိုင်းရင်းသားပါတီ အားလုံးပါဝင်မှ အမျိုးသား ရင်ကြားစေ့ရေးကို ရမည်ဆိုသည့် သဘောနှင့် လုပ်ဆောင်ခဲ့ကြောင်း၊ အားလုံးအနေဖြင့် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရအောင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ မေတ္တာရပ်ခံကြောင်း ဒေါက်တာအေးမောင် က ပြောကြားသည်။

ရှစ်ကြိမ်မြောက် ရုံးထုတ်မှုနှင့် ပတ်သက်၍ စာရေးဆရာ ဝေဟင်အောင် အမှုအား လိုက်ပါ ဆောင်ရွက်ပေးသူ ရှေ့နေ ဒေါ်အေးနုစိန်က “ဒီနေ့ စစ်တွေခရိုင် တရားရုံးချိန်းကတော့ စစ်တွေမြို့နယ်မှာ ရှိနေတဲ့ အမှုနှစ်ခုကို စစ်တွေခရိုင်မှာ တစ်ပေါင်းတည်း စစ်ဆေးပေးဖို့ လျှောက်ထားတာကို အမိန့်ချဖို့ ဖြစ်ပေမယ့် ခရိုင်တရားရုံးက မူလအမှုတွဲကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ခေါ်ယူသွားပြီ ဖြစ်တဲ့အတွက် အမိန့်မချနိုင်ဘူး ဆိုတာကို ကြားရပါတယ်။ မြို့နယ်မှာ အဲဒီအတိုင်းပဲ ရခိုင်ပြည်နယ် တရားလွှတ်တော်က ခေါ်ယူသွားပြီ ဖြစ်တဲ့အတွက် မြို့နယ်ရုံးမှာလည်း စစ်ဆေးတာ မလုပ်နိုင်ခဲ့ဘူး။ ဧပြီ ၁၈ ရက်ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။ အမှုချေဖျက်တယ် ဆိုတာဟာ အမှုတစ်ခုလုံးကို ချေဖျက်ဖို့ တက်တာလည်း ဖြစ်ပါတယ်။ ဘယ်သူပဲ တက်တက် ချေဖျက်ဖို့ အကြောင်းခြင်းရာနဲ့ ဥပဒေညီညွတ်ခဲ့ရင် ချေဖျက်ပေးမှာပဲ။ ပေးလိုက်လို့ ရှိရင် ဝေဟင်အောင်လည်း အဲဒီအမှုမှာ အတူတူဖြစ်တဲ့အတွက် ချေဖျက်ခံရတဲ့အထဲ ပါသွားမှာပါ။ ဒါပေမဲ့ ကျွန်မဘက်ကတော့ အချိန်နည်းနည်း လိုသေးတယ်လို့ ယူဆတဲ့အတွက် ကျွန်မက တစ်ပေါင်းတည်း မတင်တာ ဖြစ်ပါတယ်။ အချိန်လိုသေးတယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

ဒေါက်တာ အေးမောင်၏ ရှေ့နေများက အမှုသုံးခုစလုံးကို ချေဖျက်ပေးရန် လျှောက်ထားသဖြင့် တရားလွှတ်တော်က မူလအမှုတွဲကို ခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ရသွားရင် ကျွန်တော်တို့ အားလုံး ဖြေရှင်းပြီး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို သွားတယ်။ ၂၀ ရာစုမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားဟာ တိုင်းရင်းသား အားလုံးရဲ့ရင်ထဲမှာ ရှိတယ်။ အဲဒီတော့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရမယ်။ အမျိုးသား ရင်ကြားစေ့ရေးကို သွားနိုင်ရမယ်။ အဲဒါဟာ ကျွန်တော်တို့ရဲ့ ၂၁ ရာစုပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ရမယ့် တာဝန်ပဲ။ ၂၁ ရာစုပင်လုံရဲ့ အကြွေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် တည်ဆောက်နိုင်ရမယ်။ အဲဒါဟာ ၂၁ ရာစုပင်လုံရဲ့ အောင်ပွဲ ဖြစ်တယ်။ နောက်ပြီး ဟိုဘက်က စွပ်စွဲချက်နဲ့ ကျွန်တော်ပြောတာနဲ့ မတူဘူး။ စာသား ပြန်ပြင်ထားတာ။ အဲဒါလေးကို ဦးညီပု ပြန်ဖတ်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်လည်း စိတ်မကောင်းဘူး။ စွပ်စွဲချက်တွေ အားလုံးဟာ လိုရာဆွဲပြီးမှ စာသား ပြန်စီထားတဲ့ အခါကျတော့ ဒါလေးတွေကို စဉ်းစားစေချင်တယ်။ ကျွန်တော် ပြောခဲ့သလိုပေါ့။ အမျိုးသား ရင်ကြားစေ့ရေးကိုလည်း သွားဖို့လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပြောတာ အားလုံးက Prossess တွေကိုပဲ ပြောခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုအောက်မှာ နိုင်ငံရေးပါတီ ထောင်တယ်။ ဖက်ဒရယ် ပြည်ထောင်စုမှာ ရအောင်ယူမယ် ဆိုတာကို ဘာညာအဓိပ္ပာယ် ဖွင့်လိုက်တာကတော့ လွဲနေတယ်” ဟု ဒေါက်တာအေးမောင်က မတ် ၁၄ ရက် ရုံးထုတ်စဉ် ပြောကြားသည်။

“ကျွန်တော်တို့ အခုဆိုရင် တရားလိုတွေရဲ့ စွပ်စွဲချက်တွေ အားလုံးဟာ သက်သေခံ ဥပဒေနဲ့ ကင်းကွာနေကြတာ ရှိတယ်။ အမှုမမြောက်နိုင်ဘူး ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိကြတာပေါ့ဗျာ။ မြောက်ဦးပဋိပက္ခနဲ့ ကျွန်တော် လုံးဝပတ်သက်မှု မရှိဘူး။ ကျွန်တော်တို့ဟာ ရသေ့တောင်မှာ ဖြစ်တာ။ မိုင်ပေါင်း ဆယ်ကျော် ဝေးတဲ့နေရာမှာ ဖိတ်ကြားထားလို့ ကျွန်တော်တို့က သွားပြီး တရားဟောခဲ့တာ။ အဲဒီလိုမျိုးဟောခဲ့တာ လေးနှစ် ငါးနှစ်လောက် ရှိပြီ။ ဒါက သမိုင်းအရ ပြောနေတဲ့အခါကျတော့ ဒါကိုအားလုံးက သဘောပေါက်ဖို့ လိုတယ်” ဟု ဒေါက်တာအေးမောင်က မီဒီယာများအား မတ် ၁၉ ရက်က ပြောကြားခဲ့သည်။
writer: သန္းလိႈင္
April 4, 2018
Credit: Eleven