Zawgyi ဖြင့်ဖတ်၇န်

ကျွန်တော်တို့ဘဝကို ပိုသက်တောင့်သက်သာရှိစေပြီး ပျော်ရွှင်စရာကောင်းဖို့အတွက်နည်းပညာတွေက အထောက်အကူပေးပါတယ် ။













Unicodeဖြင့်ဖတ်ရန်

အရုပ်တွေကအရမ်းလူဆန်လာတော့ နဲနဲတော့လန့်စရာကောင်းလာတယ် ။

နည်းပညာတွေကတော့တိုးတက်နေတာပါပဲ ။
ကျွန်တေ်ာတို့ဘဝကို ပိုသက်တောင့်သက်သာရှိစေပြီး ပျော်ရွှင်စရာကောင်းဖို့အတွက်နည်းပညာတွေက အထောက်အကူပေးပါတယ် ။
အခုဆိုရင်လည်း လူသားမဟုတ်တဲ့ ပါတနာတွေအဖြစ် Sex Dolls တွေကိုဖန်တီးထုတ်လုပ်နေပြီဖြစ်တယ် ။
မကြာသေးမီကမှမိတ်ဆက်လိုက်တဲ့ Sex Doll ဟာဆိုရင် ရယ်နိုင်ပြုံးနိုင် စကားပြောနိုင်ပြီး သီချင်းတောင်ဆိုနိုင်ပါသေးတယ် ။

သူဟာ ငေးမောစရာကောင်းလောက်အောင်ပြုံးနိုင်တယ်လို့ လေ့လာသူတွေကပြောကြတယ် ။
ထို့အပြင်လူတစ်ယောက်ရဲ့စကားကိုနားထောင်ပြီးတော့ မေးခွန်းတွေကို မျက်နှာအမူအယာနဲ့ပါပြန်ဖြေနိုင်တဲ့
နည်းနစ်လည်းထည့်သွင်းထားကြောင်းသိရတယ် ။
အရုပ်ရရဲ့ခေါင်းပိုင်းကိုတော့ Doll Sweet Dolls နဲ့ EX Doll တို့မှပူးပေါင်းဖန်တီးထားတာဖြစ်ပြီး
တကယ့်လူသားတစ်ယောက်ရဲ့မျက်နှာအနေအထားအတိုင်းတပ်ဆင်ထားခြင်းဖြစ်တယ်လို့ ထုတ်လုပ်သူတွေကပြောပါတယ် ။

နည်းပညာမြင့်ဦးခေါင်းကအစိတ်အပိုင်းတွေကိုတော့ စီလီကွန်အရေပြားနဲ့ဖုံးအုပ်ထားပါတယ် ။
ခေါင်းလှည့်နိုင်ခြင်းမရှိသေးပေမယ့်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ လုံးဝကို အံဝင်ဂွင်ကျဖြစ်ပါတယ် ။

လူတစ်ယောက်လိုပြုံးနိုင် စကားပြောနိုင် သီချင်းဆိုနိုင်တဲ့ စက်ရုပ်တဲ့…လူနဲ့တော်တော်တူတယ်နော် ။

စက်ရုပ်ဟာအခုအခြေအနေမှာတော့ တရုတ်လိုပဲ နားလည်ပါသေးတယ် ။
ဖန်တီးသူတွေဟာ အင်္ဂလိပ်လို နဲ့ ဂျပန်လို နားလည်တဲ့စက်ရုပ်တွေတည်ဆောက်နိုင်ဖို့အတွက် ပညာရှင်တွေစုဆောင်းနေပါသေးတယ် ။

သုံစွဲသူဟာ အရုပ်ရဲ့မျက်နှာထားကို ဖုန်း ဒါမှမဟုတ် ဂိမ်းခလုတ်တစ်ခုကနေထိန်းချုပ်လို့ရတယ် ။

ဒီအရုပ်ရဲ့ဦးခေါင်းကိုတော့ Bugatti Veyron of VR လို့နာမည်ပေးထားပြီး စတာလင်ပေါင် ၄၅၀၀ တန်ဖိုးရှိပါတယ် ။
EX Dolls ကုမ္ပဏ္ဍီဟာ ၂၀၁၄ ခုနှစ်ထဲက စက်ရုပ်တွေကို ဖန်တီးနေခဲ့တာဖြစ်ပေမယ့် Cyborg မျိုးဆက်နဲ့တော့ အလှမ်းကွာဝေးလွန်းပါတယ် ။

ဒီအရုပ်တွေဟာ တရုတ်လိုပဲပြောတတ်တယ် ။
ဖန်တီးသူတွေကတော့ အင်္ဂလိပ်လိုနဲ့ ဂျပန်လို ပြောတတ်တဲ့အရုပ်တွေထုတ်လုပ်ဖို့တွေးထားတယ် ။

လူစစ်စစ်နဲ့တူတဲ့စက်ရုပ်တွေကိုတော့ ချက်ချင်းကြီး တွေ့နိုင်မှာမဟုတ်ကြောင်း Paul ကပြောထားပါတယ် ။
ဒါပေမယ့်လည်း သဘာဝကျတဲ့ စက်ရုပ်မျိုးကိုတော့ တဖြည်းဖြည်းထုတ်လုပ်သွားနိုင်မယ်လို့သူကယုံကြည်တယ် ။
“တကယ့်ကို အံ့အားသင့်စရာပါပဲ …နောက်ထပ် ၁၅ နှစ်..နှစ် ၂၀ အတွင်းမှာ ကျွန်တော်တို့အနာဂတ်နည်းပညာတွေနဲ့ဆိုရင်
တကယ့်လူနဲ့တူတဲ့အရုပ်တွေကိုဖန်တီးနိုင်တော့မယ်လို့ထင်ပါတယ်” ။

ထို့အပြင် အမျိုးသား ပုံစံ စက်ရုပ်လည်းရှိပါတယ် ။

Lumb ကလည်း Sex Dolls တွေဟာလူတစ်ယောက်ကို ကျန်းမာရေးညီညွှတ်တဲ့အစားအသောက်တွေစားတာ….Gym
ပုံမှန်သွားတာထက်တောင်ကျန်းမာစေကြောင်း ပြောထားပါတယ် ။

တကယ်တော့ Sex Dolls ဆိုတာက လိင်ကိစ္စအတွက်ပဲဦးတည်ပြီးထုတ်ထားတာမဟုတ်ပါဘူး ။
အခြားလူမှုရေးကိစ္စတွေအတွက်လည်း ရည်ရွယ်ကြောင်း Paul ကပြောပါတယ် ။
တချို့လူတွေဟာဆိုရင် ဒီအရုပ်တွေကို အဝတ်အစားဆင်ယင်ပေးပြီး ဓါတ်ပုံမော်ဒယ်အဖြစ်သုံးဖို့အတွက်ဝယ်ယူကြတာကိုတွေ့ရပါတယ် ။

ဒီအရုပ်တွေကို ဓါတ်ပုံနယ်ပယ်ထဲမှသုံးမယ်ဆိုရင် ပုံစံတစ်မျိုးပဲရှိတဲ့ခေါင်းပဲရှိတယ်ဆိုပေမယ့်
မျက်နှာအမူအယာအမျိုးမျိုးပြောင်းလဲပြီး အသုံးပြုနိုင်မှာဖြစ်တယ် ။
ဒီအရုပ်တွေရဲ့လောကမှာ သူတို့နဲ့ လိင်ဆက်ဆံတာတွေပဲရှိတာမဟုတ်ဘူး ။
သူတို့ကို အနုပညာလက်ရာတစ်ခုလိုမျိုးစုဆောင်းတဲ့သူတွေရှိပါသေးတယ် ။
ပြီးတော့ အရုပ်ခန္ဓာကိုယ်ပုံစံနဲ့လိုက်ပြီး လိုက်ဖက်ညီတဲ့ခေါင်းအမျိုးအစားတွေရှိပါတယ် ။

DS Doll Robotic Head တွေကိုတော့ ၂၀၁၈ ခုနှစ်နှောင်းပိုင်းလောက်မှာ ဈေးကွက်မှာတွေ့ရနိုင်ပါတယ် ။
Writer – Min Thu (Daily Hot News)
Credit: Myanmar Time