Zawgyi ျဖင့္ဖတ္၇န္
ကယ္လီဖိုးနီးယား ျပည္နယ္၊ စန္ဘ႐ူႏုိရွိ YouTube ရုံးခ်ဳပ္မွာ ေဒသစံေတာ္ခ်ိန္ အဂၤါေန႔ (ဧၿပီ ၃ ရက္) က အမ်ိဳးသမီး ဝန္ထမ္းတစ္ဦးက လူသုံးဦးကို ေသနတ္နဲ႔ ပစ္ခတ္ၿပီး ကိုယ္႔ကိုယ္ကုိ အဆုံးစီရင္ သြားေၾကာင္းသိရပါတယ္။အေမရိကန္မွာ အလားတူပစ္ခတ္မႈ အမ်ားစုကုိ အမ်ဳိးသားေတြကသာ က်ဴးလြန္ေလ့႐ွိတယ္လို႕ ဆုိပါတယ္။

လက္ရွိမွာေတာ႔ ကိုယ္႔ကိုယ္ကို ပစ္ခတ္အဆုံးစီရင္ထားတဲ႔ အမ်ိဳးသမီးအေလာင္းကို ေတြ႔ခဲ႔တာျဖစ္ၿပီး ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီး ေသနတ္ဒဏ္ရာခဲ့သူ ၃ ဦးကိုေတာ႔ ေဆးရုံပို႔ထားတယ္လို႔ ဆန္ဘာႏိုရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဆန္ဖရန္စစၥကိုေဆးရုံက ေျပာေရးဆိုခြင္႔ရွိတဲ႔ သူကေတာ႔ လူနာသုံးဦးရွိၿပီး ၃၆ ႏွစ္အရြယ္အမ်ိဳးသားကေတာ႔ အသက္အႏၱရယ္စုိးရိမ္ရတဲ့ အေျခအေနျဖစ္ၿပီး ၃၂ ႏွစ္နဲ႕ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႏွစ္ဦးလည္း ေသနတ္ဒဏ္ရာ ကုသမႈခံယူေနရတယ္လို႕ ဆုိပါတယ္။

အိမ္ျဖဴေတာ္ရဲ႕ သတင္းထုတ္ျပန္ေရး တာဝန္႐ွိသူ ဆာရာစန္ဒါးစ္က YouTube ႐ုံးခ်ဳပ္မွာ ေသနတ္ပစ္မႈျဖစ္ပြားခဲ့တဲ့ အေျခအေနကုိ သမၼတေဒၚနယ္ထရန္႕က ေစာင့္ၾကည့္ေနေၾကာင္း ေျပာပါတယ္။

သမၼတထရန္႕ YouTube ရုံးခ်ဳပ္မွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မွုနဲ႕ပတ္သတ္ၿပီး Twitter မွာ “ပစ္ခတ္ခံခဲ့ရသူေတြနဲ႕ သူတုိ႕ရဲ႕မိသားစုေတြအတြက္ ကၽြန္ေတာ္ ဆုေတာင္းေနပါတယ္” လို႕ ေရးသားခဲ့ပါတယ္။

YouTube ႐ုံးခ်ဳပ္မွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈအတြင္း သံသယ႐ွိသူ အမ်ဳိးသမီးက ေန႕လယ္စာစားခ်ိန္မွာ ထမင္းစားခန္းေနရာကုိ ေရာက္႐ွိလာခဲ့ၿပီးေနာက္ ပစ္ခတ္ခဲ့တယ္လို႕ NBC သတင္းက ေျပာပါတယ္။

အခင္းျဖစ္ေနရာကုိ ေန႕လယ္ ၁၂ နာရီ ၄၈ မိနစ္မွာ ရဲတပ္ဖြဲ႕က ေရာက္႐ွိလာခဲ့စဥ္ ဝ႐ုန္းသုန္းကား ျဖစ္ေနတဲ့ အေျခအေနကုိ ျမင္ေတြ႕ရေၾကာင္းနဲ႕ လူအမ်ားအျပား ထြက္ေျပးေနၾကေၾကာင္း စန္ဘ႐ူႏုိ ရဲတပ္ဖြဲ႕အႀကီးအကဲ Ed Barberini က ေျပာပါတယ္။

အေမရိကန္မွာ အလားတူပစ္ခတ္မႈ အမ်ားစုကုိ အမ်ဳိးသားေတြကသာ က်ဴးလြန္ေလ့႐ွိတယ္လို႕ ဆုိပါတယ္။ FBI မွတ္တမ္းေတြအရ ၂၀၀၀ ျပည့္ႏွစ္မွ ၂၀၁၃ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈျဖစ္ရပ္ ၁၆၀ မွာ အမ်ဳိးသမီးက ပစ္ခတ္မႈ ေျခာက္ခုသာ႐ွိခဲ့ေၾကာင္း သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
ကယ်လီဖိုးနီးယား ပြည်နယ်၊ စန်ဘရူနိုရှိ YouTube ရုံးချုပ်မှာ ဒေသစံတော်ချိန် အင်္ဂါနေ့ (ဧပြီ ၃ ရက်) က အမျိုးသမီး ဝန်ထမ်းတစ်ဦးက လူသုံးဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားကြောင်းသိရပါတယ်။

လက်ရှိမှာတော့ ကိုယ့်ကိုယ်ကို ပစ်ခတ်အဆုံးစီရင်ထားတဲ့ အမျိုးသမီးအလောင်းကို တွေ့ခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာခဲ့သူ ၃ ဦးကိုတော့ ဆေးရုံပို့ထားတယ်လို့ ဆန်ဘာနိုရဲတပ်ဖွဲ့က ပြောပါတယ်။

ဆန်ဖရန်စစ္စကိုဆေးရုံက ပြောရေးဆိုခွင့်ရှိတဲ့ သူကတော့ လူနာသုံးဦးရှိပြီး ၃၆ နှစ်အရွယ်အမျိုးသားကတော့ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပြီး ၃၂ နှစ်နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦးလည်း သေနတ်ဒဏ်ရာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဆာရာစန်ဒါးစ်က YouTube ရုံးချုပ်မှာ သေနတ်ပစ်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေကို သမ္မတဒေါ်နယ်ထရန့်က စောင့်ကြည့်နေကြောင်း ပြောပါတယ်။

သမ္မတထရန့် YouTube ရုံးချုပ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သတ်ပြီး Twitter မှာ “ပစ်ခတ်ခံခဲ့ရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ကျွန်တော် ဆုတောင်းနေပါတယ်” လို့ ရေးသားခဲ့ပါတယ်။

YouTube ရုံးချုပ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သံသယရှိသူ အမျိုးသမီးက နေ့လယ်စာစားချိန်မှာ ထမင်းစားခန်းနေရာကို ရောက်ရှိလာခဲ့ပြီးနောက် ပစ်ခတ်ခဲ့တယ်လို့ NBC သတင်းက ပြောပါတယ်။

အခင်းဖြစ်နေရာကို နေ့လယ် ၁၂ နာရီ ၄၈ မိနစ်မှာ ရဲတပ်ဖွဲ့က ရောက်ရှိလာခဲ့စဉ် ဝရုန်းသုန်းကား ဖြစ်နေတဲ့ အခြေအနေကို မြင်တွေ့ရကြောင်းနဲ့ လူအများအပြား ထွက်ပြေးနေကြကြောင်း စန်ဘရူနို ရဲတပ်ဖွဲ့အကြီးအကဲ Ed Barberini က ပြောပါတယ်။

အမေရိကန်မှာ အလားတူပစ်ခတ်မှု အများစုကို အမျိုးသားတွေကသာ ကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။ FBI မှတ်တမ်းတွေအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်ရပ် ၁၆၀ မှာ အမျိုးသမီးက ပစ်ခတ်မှု ခြောက်ခုသာရှိခဲ့ကြောင်း သိရပါတယ်။
Credit; Duwun