Zawgyi ျဖင့္ဖတ္၇န္

ယူေအအီးႏိုင္ငံ ဒူဘုိင္းၿမိဳ႕မွာ ႐ုရွႏိုင္ငံသူတစ္ဦးဟာ ပါကစၥတန္စီးပြားေရးသမားတစ္ဦးရဲ႕ ဓားေထာက္ၿပီး သားမယားျပဳက်င့္တဲ့ ရန္က လြတ္ေအာင္ ေျခာက္ထပ္တိုက္ေပၚကေန ခုန္ခ်ခဲ့လို႔ ေဆး႐ုံေရာက္ခဲ့ေပမယ့္ ဒူဘုိင္းက အက်ဥ္းေထာင္တစ္ခုထဲ ပို႔ေဆာင္ ေထာင္ခ်ခံရေၾကာင္း မိဘျဖစ္သူေတြက ေျပာပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ အီကာတာရီနာဟာ ေက်ာကုန္းတစ္ေလွ်ာက္ ျပင္းထန္တဲ့ ဒဏ္ရာေတြေၾကာင့္ ေဆး႐ုံတက္ခဲ့ရတာပါ။ သူဟာ အမ်ဳိးသားတစ္ဦးရဲ႕ ဓားေထာက္ၿပီး သားမယားျပဳက်င့္ဖို႔ ႀကံစည္တာကို ရင္ဆိုင္ခဲ့ရတယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ ဒီအမ်ဳိးသားျဖစ္သူက အီကာတာရီနာက စတင္တိုက္ခိုက္တာျဖစ္တယ္လို႔ တန္ျပန္စြဲဆိုတာကေန အီကာတာရီနာဟာ ေထာင္ထဲ အပို႔ခံရေတာ့တာပဲ ျဖစ္ပါတယ္။

ဒီလို တန္ျပန္စြပ္စြဲခ်က္ေၾကာင့္ ေဆး႐ုံကုတင္ေပၚ ရွိေနလ်က္က ေထာင္တန္းအခ်ခံရျခင္းပဲ ျဖစ္ပါတယ္။ မိဘျဖစ္သူေတြက အီကာတာရီနာကို ဒူဘိုင္းက ထိန္းသိမ္းေရးစင္တာတစ္ခုကို အပို႔ခံထားရေၾကာင္း အတည္ျပဳ ေျပာပါတယ္။

႐ုရွဇာတိျဖစ္ၾကတဲ့ အီကာတာရီနာတို႔ မိသားစုဟာ သမီးျဖစ္သူကို တို္က္ခုိက္သူဟာ အသက္ ၃၉ ႏွစ္ရွိ ပါကစၥတန္စီးပြားေရးသမားျဖစ္ေၾကာင္း ေျပာပါတယ္။ သမီးျဖစ္သူကို ေနာက္ပို္ငးစီးပြားေရးခ်ဳပ္ဆိုမႈေတြအေၾကာင္း ေဆြးေႏြးမယ္ဆိုၿပီး ပထမစဖိတ္ခဲ့တာပါ။ ဒါေပမယ့္ အီကာတာရီနာဟာ ဒီအမည္ေတာင္ မသိတဲ့သူက မဟားဒရားျပဳက်င့္ဖို႔ အႀကံနဲ႔ ဖိတ္ေခၚခဲ့တယ္ဆိုတာကို ေနာက္က်မွ သိလိုက္ရတာပါ။

အဲဒီ အမ်ဳိးသားဟာ ေသာက္စားၿပီးေနာက္မွာ အၾကမ္းဖက္လာေၾကာင္း၊ ဓားထုတ္ျပၿပီး အဝတ္အစားေတြ ခၽြတ္ခို္င္းေၾကာင္း အီကာတာရီနာက ေျပာပါတယ္။

ဓားကို လုယူလို႔ အဲဒီအမ်ိဳးသား ဒဏ္ရာရသြားတဲ့ေနာက္မွာ သူတို႔ႏွစ္ဦးဟာ အျပန္အလွန္ တိုက္ခုိက္ခဲ့ပါတယ္။ ေနာက္ေတာ့ အီကာတာရီနာဟာ လသာေဆာင္ဖက္ ေျပးၿပီး လြတ္ေျမာက္ရာ လြတ္ေျမာက္ေၾကာင္း ေျခာက္လႊာအျမင့္ကေန ခုန္ခ်လိုက္တာပါ။ ဒီအတြက္ အီကာတာရီနာမွာ ဒဏ္ရာျပင္းထန္ ရခဲ့ပါတယ္။

READ  ဒူဘုိင္း မွာ ကမၻာ့အျမင့္ဆုံး ဟုိတယ္ ဖြင့္လွစ္

ဒါေပမယ့္ ဒီစီးပြားေရးသမားဆိုသူက အီကာတာရီနာက သူ႔ကို စတိုက္ခုိက္တာျဖစ္ၿပီး တိုက္ခုိက္ၾကစဥ္အတြင္းမွာ သူက မေတာ္တဆ အီကာတာရီနာကို ျပတင္းေပါက္က တြန္းခ်မိေၾကာင္း တန္ျပန္စြပ္စြဲလာခဲ့တာျဖစ္ပါတယ္။

ဒူဘိုင္းက ဒုတိယ႐ုရွေကာင္စစ္ဝန္ ဂူဘန္ေနာ့က အီကာတာရီနာကို ထိန္းသိမ္းထားတဲ့ဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး တုံ႔ျပန္ျခင္း မရွိဘဲ ေျခာက္လႊာက ျပဳတ္က်လို႔ ေက်ာ႐ုိးထိခုိက္သြားတဲ့ မိန္းကေလးငယ္အတြက္ က႐ုဏာစိတ္ထားတာ ပိုေကာင္းေၾကာင္းပဲ ေျပာပါတယ္။

ဒါအျပင္ စုံစမ္းစစ္ေဆးမႈေတြ ၿပီးျပည့္စုံတဲ့အထိ အီကာတာရီနာဟာ ဒူဘုိင္းမွာပဲ ဆက္ေနရဦးမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ အေျခအေနအရပ္ရပ္က စုံစမ္းစစ္ေဆးဆဲသာျဖစ္ၿပီး လိုအပ္သမွ် သူ႔ကို ေထာက္ပံ့သြားမွာျဖစ္ေၾကာင္းလည္း ၎က ေျပာထားပါတယ္။

အခင္းျဖစ္ရပ္ရဲ႕ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို အာဏာပိုင္ေတြအေနနဲ႔ ထုတ္ျပန္ျခင္း မျပဳဖို႔ အီီကာတာရီနာက ေမတၱာရပ္ခံထားပါတယ္။

Rf; Elite Readers

Unicodeဖြင့်ဖတ်ရန်

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ရုရှနိုင်ငံသူတစ်ဦးဟာ ပါကစ္စတန်စီးပွားရေးသမားတစ်ဦးရဲ့ ဓားထောက်ပြီး သားမယားပြုကျင့်တဲ့ ရန်က လွတ်အောင် ခြောက်ထပ်တိုက်ပေါ်ကနေ ခုန်ချခဲ့လို့ ဆေးရုံရောက်ခဲ့ပေမယ့် ဒူဘိုင်းက အကျဉ်းထောင်တစ်ခုထဲ ပို့ဆောင် ထောင်ချခံရကြောင်း မိဘဖြစ်သူတွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် အီကာတာရီနာဟာ ကျောကုန်းတစ်လျှောက် ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတက်ခဲ့ရတာပါ။ သူဟာ အမျိုးသားတစ်ဦးရဲ့ ဓားထောက်ပြီး သားမယားပြုကျင့်ဖို့ ကြံစည်တာကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီအမျိုးသားဖြစ်သူက အီကာတာရီနာက စတင်တိုက်ခိုက်တာဖြစ်တယ်လို့ တန်ပြန်စွဲဆိုတာကနေ အီကာတာရီနာဟာ ထောင်ထဲ အပို့ခံရတော့တာပဲ ဖြစ်ပါတယ်။

ဒီလို တန်ပြန်စွပ်စွဲချက်ကြောင့် ဆေးရုံကုတင်ပေါ် ရှိနေလျက်က ထောင်တန်းအချခံရခြင်းပဲ ဖြစ်ပါတယ်။ မိဘဖြစ်သူတွေက အီကာတာရီနာကို ဒူဘိုင်းက ထိန်းသိမ်းရေးစင်တာတစ်ခုကို အပို့ခံထားရကြောင်း အတည်ပြု ပြောပါတယ်။

READ  ျမန္မာ-ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရး တံတား ၌ လက္နက္ခဲယမ္း မ်ားဖမ္းမိ

ရုရှဇာတိဖြစ်ကြတဲ့ အီကာတာရီနာတို့ မိသားစုဟာ သမီးဖြစ်သူကို တိုက်ခိုက်သူဟာ အသက် ၃၉ နှစ်ရှိ ပါကစ္စတန်စီးပွားရေးသမားဖြစ်ကြောင်း ပြောပါတယ်။ သမီးဖြစ်သူကို နောက်ပိုငးစီးပွားရေးချုပ်ဆိုမှုတွေအကြောင်း ဆွေးနွေးမယ်ဆိုပြီး ပထမစဖိတ်ခဲ့တာပါ။ ဒါပေမယ့် အီကာတာရီနာဟာ ဒီအမည်တောင် မသိတဲ့သူက မဟားဒရားပြုကျင့်ဖို့ အကြံနဲ့ ဖိတ်ခေါ်ခဲ့တယ်ဆိုတာကို နောက်ကျမှ သိလိုက်ရတာပါ။

အဲဒီ အမျိုးသားဟာ သောက်စားပြီးနောက်မှာ အကြမ်းဖက်လာကြောင်း၊ ဓားထုတ်ပြပြီး အဝတ်အစားတွေ ချွတ်ခိုင်းကြောင်း အီကာတာရီနာက ပြောပါတယ်။

ဓားကို လုယူလို့ အဲဒီအမျိုးသား ဒဏ်ရာရသွားတဲ့နောက်မှာ သူတို့နှစ်ဦးဟာ အပြန်အလှန် တိုက်ခိုက်ခဲ့ပါတယ်။ နောက်တော့ အီကာတာရီနာဟာ လသာဆောင်ဖက် ပြေးပြီး လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ခြောက်လွှာအမြင့်ကနေ ခုန်ချလိုက်တာပါ။ ဒီအတွက် အီကာတာရီနာမှာ ဒဏ်ရာပြင်းထန် ရခဲ့ပါတယ်။

ဒါပေမယ့် ဒီစီးပွားရေးသမားဆိုသူက အီကာတာရီနာက သူ့ကို စတိုက်ခိုက်တာဖြစ်ပြီး တိုက်ခိုက်ကြစဉ်အတွင်းမှာ သူက မတော်တဆ အီကာတာရီနာကို ပြတင်းပေါက်က တွန်းချမိကြောင်း တန်ပြန်စွပ်စွဲလာခဲ့တာဖြစ်ပါတယ်။

ဒူဘိုင်းက ဒုတိယရုရှကောင်စစ်ဝန် ဂူဘန်နော့က အီကာတာရီနာကို ထိန်းသိမ်းထားတဲ့ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိဘဲ ခြောက်လွှာက ပြုတ်ကျလို့ ကျောရိုးထိခိုက်သွားတဲ့ မိန်းကလေးငယ်အတွက် ကရုဏာစိတ်ထားတာ ပိုကောင်းကြောင်းပဲ ပြောပါတယ်။

ဒါအပြင် စုံစမ်းစစ်ဆေးမှုတွေ ပြီးပြည့်စုံတဲ့အထိ အီကာတာရီနာဟာ ဒူဘိုင်းမှာပဲ ဆက်နေရဦးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အခြေအနေအရပ်ရပ်က စုံစမ်းစစ်ဆေးဆဲသာဖြစ်ပြီး လိုအပ်သမျှ သူ့ကို ထောက်ပံ့သွားမှာဖြစ်ကြောင်းလည်း ၎င်းက ပြောထားပါတယ်။

အခင်းဖြစ်ရပ်ရဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို အာဏာပိုင်တွေအနေနဲ့ ထုတ်ပြန်ခြင်း မပြုဖို့ အီကာတာရီနာက မေတ္တာရပ်ခံထားပါတယ်။

Rf; Elite Readers

Credit: မောင်သံဆင့် ( Daily Hot News )

LEAVE A REPLY