Zawgyi ျဖင့္ဖတ္၇န္

ထိုင္းႏိုင္ငံ ဘန္ေကာက္ လိပ္ခေလာင္း ထ၀ီဖတ္ထနားနယ္ေျမထဲမွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ ရက္ ညေနပိုင္းက သားအဖႏွစ္ေယာက္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ အသံုးျပဳတာနဲ႔ ပတ္သက္ၿပီး ျငင္းခုံရန္ျဖစ္ရာကေန ဖခင္ က သမီး ကို သတ္တဲ့အထိ ျဖစ္သြားတယ္လို႔ တီအက္စ္နယူးစ္ ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ထ၀ီဖတ္ထနားနယ္ေျမ အိမ္အမွတ္ ၇၅၄/၅၄ မွာ လူသတ္မႈျဖစ္ပြားေၾကာင္း တိုင္တန္းခ်က္ရရွိတဲ့အတြက္ တာ၀န္ရွိသူေတြနဲ႔အတူ သြားေရာက္စစ္ေဆးရာ ေနအိမ္ အိပ္ခန္း တြင္းရွိ ခုတင္တလံုးေပၚမွာ ၀ါယာႀကိဳးနဲ႔ လည္ပင္းညႇစ္ခံရတဲ့ ဒဏ္ရာနဲ႔ ေသဆံုးေန သူ အသက္ ၇ ႏွစ္ရြယ္ မိန္းကေလး အား ေတြ႔ရတယ္လို႔ ကယ္ဆယ္ေရး ၀န္ထမ္းတဦးက သတင္းေထာက္ကို ေျပာပါတယ္။

ေသဆံုးသူ မိန္းကေလး ရဲ႕မိခင္ ေျပာျပခ်က္အရ အခင္းမျဖစ္ခင္က သူမခင္ပြန္း ႏိုင္းဧကခ်ိဳင္း ဆဲန္မနီး နဲ႔ သမီး က်ီဒါးဖြန္း ဆဲန္မနီးတို႔ဟာ လက္ကိုင္ဖုန္း ထဲက ေဖ့စ္ဘြတ္ခ္ကိစၥနဲ႔ အျငင္းပြားေနေၾကာင္း၊ ႏိုင္းဧကခ်ိဳင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လိုက္ခ္ အမ်ားဆံုး ၁၄၀ ေက်ာ္ ရထားၿပီး လူၾကည့္မ်ားတဲ့ ပ႐ုိဖိုင္းလ္ ဓာတ္ပံု ကို သမီး ျဖစ္သူက ဖ်က္လိုက္တဲ့အတြက္ စိတ္ဆိုးၿပီး သားဖႏွစ္ေယာက္ ဆယ္မိနစ္ခန္႔ၾကာ ရန္ျဖစ္ေနခဲ့ေၾကာင္း၊

ခဏအၾကာ သမီး ရဲ႕ ေအာ္သံၾကားလို႔ အိပ္ခန္းထဲ၀င္သြားရာမွာ သူ႔ေယာက်ာ္းက အခန္းထဲက ထြက္လာၿပီး ဆိုင္ကယ္နဲ႔ အျမန္ေမာင္းထြက္သြားခဲ့ေၾကာင္း၊ သမီးကို ၾကည့္လိုက္ရာမွာေတာ့ အသက္မရွိေတာ့ဘူးလို႔ တာ၀န္ရွိသူေတြကို ေျပာပါတယ္။

ေလာေလာဆယ္ ရဲတပ္ဖြဲ႔၀င္ ေတြက ႏိုင္းဧကခ်ိဳင္း ထြက္ေျပးရာေနာက္ကို ေျခရာခံလိုက္မိဖို႔ လမ္းေဘးက စီစီကင္မရာေတြကို ျပန္လည္စစ္ေဆးေနတယ္လို႔ သတင္းမွာ ေဖာ္ျပသြားပါတယ္။
Unicodeဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံ ဘန်ကောက် လိပ်ခလောင်း ထဝီဖတ်ထနားနယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းက သားအဖနှစ်ယောက် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုတာနဲ့ ပတ်သက်ပြီး ငြင်းခုံရန်ဖြစ်ရာကနေ ဖခင် က သမီး ကို သတ်တဲ့အထိ ဖြစ်သွားတယ်လို့ တီအက်စ်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထဝီဖတ်ထနားနယ်မြေ အိမ်အမှတ် ၇၅၄/၅၄ မှာ လူသတ်မှုဖြစ်ပွားကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာ နေအိမ် အိပ်ခန်း တွင်းရှိ ခုတင်တလုံးပေါ်မှာ ဝါယာကြိုးနဲ့ လည်ပင်းညှစ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေ သူ အသက် ၇ နှစ်ရွယ် မိန်းကလေး အား တွေ့ရတယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်းတဦးက သတင်းထောက်ကို ပြောပါတယ်။

သေဆုံးသူ မိန်းကလေး ရဲ့မိခင် ပြောပြချက်အရ အခင်းမဖြစ်ခင်က သူမခင်ပွန်း နိုင်းဧကချိုင်း ဆဲန်မနီး နဲ့ သမီး ကျီဒါးဖွန်း ဆဲန်မနီးတို့ဟာ လက်ကိုင်ဖုန်း ထဲက ဖေ့စ်ဘွတ်ခ်ကိစ္စနဲ့ အငြင်းပွားနေကြောင်း၊ နိုင်းဧကချိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လိုက်ခ် အများဆုံး ၁၄၀ ကျော် ရထားပြီး လူကြည့်များတဲ့ ပရိုဖိုင်းလ် ဓာတ်ပုံ ကို သမီး ဖြစ်သူက ဖျက်လိုက်တဲ့အတွက် စိတ်ဆိုးပြီး သားဖနှစ်ယောက် ဆယ်မိနစ်ခန့်ကြာ ရန်ဖြစ်နေခဲ့ကြောင်း၊

ခဏအကြာ သမီး ရဲ့ အော်သံကြားလို့ အိပ်ခန်းထဲဝင်သွားရာမှာ သူ့ယောကျာ်းက အခန်းထဲက ထွက်လာပြီး ဆိုင်ကယ်နဲ့ အမြန်မောင်းထွက်သွားခဲ့ကြောင်း၊ သမီးကို ကြည့်လိုက်ရာမှာတော့ အသက်မရှိတော့ဘူးလို့ တာဝန်ရှိသူတွေကို ပြောပါတယ်။

လောလောဆယ် ရဲတပ်ဖွဲ့ဝင် တွေက နိုင်းဧကချိုင်း ထွက်ပြေးရာနောက်ကို ခြေရာခံလိုက်မိဖို့ လမ်းဘေးက စီစီကင်မရာတွေကို ပြန်လည်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Credit: DVB

LEAVE A REPLY