Zawgyi ျဖင့္ဖတ္၇န္
အဓမၼျပဳက်င့္ၿပီး သတ္ ျဖတ္ခံရသည္ဆုိေသာ FDA ၀န္ ထမ္းအမ်ိဳးသမီး၏ မိန္းမကုိယ္ ႏွင့္စအုိတြင္ ေယာက်္ားသုက္ပုိး မေတြ႕ရွိေသာ္လည္း အတြင္းနံရံ မ်ား စုတ္ၿပဲေသြးထြက္ျခင္းႏွင့္ လတ္တေလာထုိးသြင္းထားျခင္း လကၡဏာရွိေၾကာင္း တရားလုိျပ သက္ေသမႈခင္းဆရာ၀န္က ထြက္ ဆုိခဲ့သည္။
အစားအေသာက္ႏွင့္ေဆး ၀ါးႀကီးၾကပ္ကြပ္ကဲမႈဦးစီးဌာန (FDA)ဒုႀကီးၾကပ္ေရးမွဴး မေရႊ ရည္၀င္း(ခ)ေရႊရည္ကုိ အဓမၼျပဳ က်င့္သတ္ျဖတ္ခဲ့သည္ဟု စြပ္စြဲခံ ထားရသည့္ မ်ိဳးေဇာ္ဦး(ခ)ဆီဒုိး နားကုိ ဧၿပီ ၂ ရက္ကခုနစ္ႀကိမ္ ေျမာက္႐ုံးထုတ္ၿပီး မႈခင္းဆရာ ၀န္ေဒါက္တာထြန္းလင္းထြန္းအ ပါအ၀င္ FDA မွဦးစီးအရာရွိသုံး ဦးကို တရားလုိျပသက္ေသအျဖစ္စစ္ေဆးခဲ့သည္။

အဆုိပါအမႈကုိ ရန္ကုန္အ ေရွ႕ပိုင္းခ႐ုိင္တရား႐ုံးရွိ ဒုတိယ ခ႐ုိင္တရားသူႀကီး(၄)က တာ၀န္ ယူစစ္ေဆးၿပီး မႈခင္းဆရာ၀န္က မေရႊရည္၀င္းရရွိသည့္ ဒဏ္ရာ မ်ားသည္ ဧကန္မုခ်ေသေစႏုိင္ ေသာ ဒဏ္ရာမ်ားျဖစ္ေၾကာင္း ထြက္ဆုိသည္။

ေသဆုံးသူအမ်ိဳးသမီးသည္ နဖူး ဖူူူးေရာင္၊ ညာပါးဖူးေရာင္၊ အေပၚေအာက္ႏႈတ္ခမ္းညိဳမည္း၊ လည္ပင္းထုိးသြင္းဒဏ္ရာတစ္ ခ်က္၊ ညာလည္ပင္းညိဳမည္းပြန္း ဒဏ္ရာႏွင့္ မိန္းမကုိယ္တြင္ေသြး ထြက္ျခင္းမ်ားရွိၿပီး လည္ပင္းတြင္ တင္းက်ပ္စြာ ဖိညႇစ္ခံရျခင္း ေၾကာင့္ လည္ပင္းအေရွ႕ဘက္အ ႐ုိးအနည္းငယ္က်ိဳးျခင္း၊ ႂကြက္ သားမ်ား ေသြးျခည္ဥဖူးေရာင္ျခင္း၊ ရင္ၫြန္႔႐ုိးက်ိဳးျခင္း၊ လည္ပင္းႏွင့္ ရင္ေခါင္းတစ္ေလွ်ာက္ အသက္႐ွဴလမ္းေၾကာင္းေလႁပြန္မ်ားပိတ္ဆုိ႔၍ အသက္မ႐ွဴႏုိင္ေသာလကၡဏာမ်ားေၾကာင့္ ေသဆုံးျခင္းျဖစ္ေၾကာင္း မႈခင္းဆရာ

၀န္ေဒါက္တာထြန္းလင္းထြန္းက တရားခြင္အတြင္း ထြက္ဆုိခဲ့သည္။

ထုိ႔အျပင္ေသဆုံးသူ၏မိန္းမ ကုိယ္အတြင္း ေယာက်္ားသုက္ပုိး မေတြ႕ရွိေသာ္လည္း မိန္းမကုိယ္ တြင္ ေသြးထြက္ျခင္းရွိၿပီး ေယာနိ လမ္းေၾကာင္းအတြင္း ေသြးျခည္ဥ ဒဏ္ရာမ်ား၊ လတ္တေလာထုိး သြင္းဒဏ္ရာမ်ားေတြ႕ရွိေၾကာင္း ထြက္ဆုိခဲ့သည္။

ေသဆုံးသူ၏ စအုိတြင္ လည္း ေယာက်္ားသုက္ပုိးမေတြ႕ ရွိေၾကာင္း၊ စအုိအတြင္းနံရံမ်ား စုတ္ၿပဲေသြးထြက္ျခင္းႏွင့္ လတ္ တေလာထုိးသြင္းထားျခင္းလကၡ ဏာရွိေၾကာင္း အေလာင္းကုိ စစ္ ေဆးခ်က္မ်ားအရ ေတြ႕ရွိခ်က္ မ်ားကုိ တရားခြင္အတြင္းထြက္ဆုိ ခဲ့သည္။

ေသဆုံးသူသည္မိန္းကေလး ျဖစ္၍ ခြန္အားနည္းျခင္း၊ျပန္လည္ တုံ႔ျပန္ႏုိင္မႈ အားနည္းျခင္းတုိ႔ ေၾကာင္း ၎ရရွိေသာဒဏ္ရာ သည္ ဧကန္မုခ်ေသေစႏုိင္ေသာ ဒဏ္ရာမ်ားျဖစ္ေၾကာင္း မႈခင္း ဆရာ၀န္ ေဒါက္တာထြန္းလင္းထြန္းက ထြက္ဆုိခဲ့သည္။

အသက္(၂၅)ႏွစ္အရြယ္ မေရႊရည္၀င္းသည္ ဇန္န၀ါရီ ၂၀ ရက္တြင္ ေနအိမ္မွအလုပ္ကိစၥ ျဖင့္ထြက္သြားခဲ့ရာ ညအထိျပန္ ေရာက္မလာသျဖင့္ ဒဂုံၿမိဳ႕မရဲစ ခန္းတြင္မိသားစုက လူေပ်ာက္ တိုင္ခဲ့သည္။

မေရႊရည္၀င္းသည္ ဇန္န၀ါ ရီ ၁၉ ရက္ ည ၁၁ နာရီတြင္ ေနျပည္ေတာ္မွ ရန္ကုန္တိုင္း ဒဂုံ ၿမိဳ႕နယ္ရွိေနအိမ္သုိ႔ ျပန္လည္ ေရာက္ရွိလာျခင္းျဖစ္သည္။

မေရႊရည္၀င္း၏အေလာင္း ကုိ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ (၃၃)တုိးခ်ဲ႕ရပ္ကြက္ ငမုိးရိပ္ေခ်ာင္းကူးတံတားေဘးရွိ ကုလားမန္က်ည္းပင္ေအာက္တြင္ဇန္န၀ါရီ ၂၁ ရက္နံနက္ကေတြ႕ရွိခဲ့သည္။

မေရႊရည္၀င္း၏ လက္ကိုင္ ဖုန္းကုိ မဂၤလာေစ်းတြင္လာ ေရာက္ေရာင္းခ်ရာမွတစ္ဆင့္ ဆီ ဒုိးနားကုိ ဖမ္းမိခဲ့သည္။

ဖမ္းမိသည့္ တရားခံအား စစ္ေဆးခ်က္အရ အခင္းျဖစ္ပြား သည့္ဇန္န၀ါရီ ၂၀ ရက္ ည ၇ နာ ရီခြဲခန္႔တြင္ မေရႊရည္၀င္းက ဒဂုံ ၿမိဳ႕နယ္ရွိ ေနအိမ္သုိ႔ျပန္ရန္ ၎ ကားကုိငွားရမ္းသျဖင့္ လုိက္ပါ လာစဥ္ ကားငွားရမ္းခႏွင့္ပတ္ သက္၍ စကားမ်ားရာမွ စတင္ ျဖစ္ပြားခဲ့သည္ဟု ထြက္ဆုိေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ဆီဒုိးနားသည္ မေရႊရည္၀င္း အား ၀က္အူလွည့္ျဖင့္ထုိးခဲ့ၿပီး မေသဆုံးမီ အဓမၼျပဳက်င့္ကာငမုိး ရိပ္ေခ်ာင္းလက္တက္ေခ်ာင္းကူး တံတားေဘးရွိ သစ္ပင္ေအာက္ တြင္ စြန္႔ပစ္ခဲ့ျခင္းကုိ ၀န္ခံထြက္ ဆုိေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ က ထုတ္ျပန္ခဲ့သည္။

ယင္းျဖစ္စဥ္ေၾကာင့္ အငွား ယာဥ္ေမာင္းမ်ားသည္ ခရီးသည္ မ်ား၏ သံသယျဖင့္ရင္ဆိုင္ခဲ့ရ သည္။ ထုိ႔အျပင္ ဆီဒိုးနား၏႐ုံး ထုတ္တြင္ အမ်ိဳးသမီးအေရးတက္ ႂကြလႈပ္ရွားသူမ်ားက တရား႐ုံး ၀န္းက်င္တြင္ မုဒိမ္းမႈမ်ားထိ ေရာက္စြာျပစ္ဒဏ္ေပးေရးလႈပ္ ရွားမႈျပဳလုပ္ရာ ဆီဒုိးနားကုိ လုံၿခံဳ ေရးတင္းက်ပ္စြာျဖင့္ ႐ုံးထုတ္ခဲ့ရ သည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ေသဆုံးသူ၏ မွတ္ပုံတင္၊ လက္ကုိင္ဖုန္းႏွင့္ ေရႊထည္ပစၥည္း မ်ားကုိ ျပန္လည္သိမ္းဆည္းႏုိင္ခဲ့ ၿပီး ဒဂုံေျမာက္ၿမိဳ႕မရဲစခန္းကရာဇသတ္ႀကီး ဥပေဒပုဒ္မ၃၉၄/၃၇၆/၃၇၇/ ၃၀၂ တို႔ျဖင့္ အမႈဖြင့္ကာ ေဖေဖာ္၀ါရီ ၂၂ ရက္တြင္ အေရွ႕ပိုင္းခ႐ုိင္တရား႐ုံးသုိ႔ တရားစဲြဆုိတင္ပုိ႔ခဲ့သည္။
Unicodeဖြင့်ဖတ်ရန်
အဓမ္မပြုကျင့်ပြီး သတ် ဖြတ်ခံရသည်ဆိုသော FDA ဝန် ထမ်းအမျိုးသမီး၏ မိန်းမကိုယ် နှင့်စအိုတွင် ယောကျ်ားသုက်ပိုး မတွေ့ရှိသော်လည်း အတွင်းနံရံ များ စုတ်ပြဲသွေးထွက်ခြင်းနှင့် လတ်တလောထိုးသွင်းထားခြင်း လက္ခဏာရှိကြောင်း တရားလိုပြ သက်သေမှုခင်းဆရာဝန်က ထွက် ဆိုခဲ့သည်။
အစားအသောက်နှင့်ဆေး ဝါးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန (FDA)ဒုကြီးကြပ်ရေးမှူး မရွှေ ရည်ဝင်း(ခ)ရွှေရည်ကို အဓမ္မပြု ကျင့်သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံ ထားရသည့် မျိုးဇော်ဦး(ခ)ဆီဒိုး နားကို ဧပြီ ၂ ရက်ကခုနစ်ကြိမ် မြောက်ရုံးထုတ်ပြီး မှုခင်းဆရာ ဝန်ဒေါက်တာထွန်းလင်းထွန်းအ ပါအဝင် FDA မှဦးစီးအရာရှိသုံး ဦးကို တရားလိုပြသက်သေအဖြစ်စစ်ဆေးခဲ့သည်။

အဆိုပါအမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးရှိ ဒုတိယ ခရိုင်တရားသူကြီး(၄)က တာဝန် ယူစစ်ဆေးပြီး မှုခင်းဆရာဝန်က မရွှေရည်ဝင်းရရှိသည့် ဒဏ်ရာ များသည် ဧကန်မုချသေစေနိုင် သော ဒဏ်ရာများဖြစ်ကြောင်း ထွက်ဆိုသည်။

သေဆုံးသူအမျိုးသမီးသည် နဖူး ဖူူူးရောင်၊ ညာပါးဖူးရောင်၊ အပေါ်အောက်နှုတ်ခမ်းညိုမည်း၊ လည်ပင်းထိုးသွင်းဒဏ်ရာတစ် ချက်၊ ညာလည်ပင်းညိုမည်းပွန်း ဒဏ်ရာနှင့် မိန်းမကိုယ်တွင်သွေး ထွက်ခြင်းများရှိပြီး လည်ပင်းတွင် တင်းကျပ်စွာ ဖိညှစ်ခံရခြင်း ကြောင့် လည်ပင်းအရှေ့ဘက်အ ရိုးအနည်းငယ်ကျိုးခြင်း၊ ကြွက် သားများ သွေးခြည်ဥဖူးရောင်ခြင်း၊ ရင်ညွန့်ရိုးကျိုးခြင်း၊ လည်ပင်းနှင့် ရင်ခေါင်းတစ်လျှောက် အသက်ရှူလမ်းကြောင်းလေပြွန်များပိတ်ဆို့၍ အသက်မရှူနိုင်သောလက္ခဏာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မှုခင်းဆရာ

ဝန်ဒေါက်တာထွန်းလင်းထွန်းက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထို့အပြင်သေဆုံးသူ၏မိန်းမ ကိုယ်အတွင်း ယောကျ်ားသုက်ပိုး မတွေ့ရှိသော်လည်း မိန်းမကိုယ် တွင် သွေးထွက်ခြင်းရှိပြီး ယောနိ လမ်းကြောင်းအတွင်း သွေးခြည်ဥ ဒဏ်ရာများ၊ လတ်တလောထိုး သွင်းဒဏ်ရာများတွေ့ရှိကြောင်း ထွက်ဆိုခဲ့သည်။

သေဆုံးသူ၏ စအိုတွင် လည်း ယောကျ်ားသုက်ပိုးမတွေ့ ရှိကြောင်း၊ စအိုအတွင်းနံရံများ စုတ်ပြဲသွေးထွက်ခြင်းနှင့် လတ် တလောထိုးသွင်းထားခြင်းလက္ခ ဏာရှိကြောင်း အလောင်းကို စစ် ဆေးချက်များအရ တွေ့ရှိချက် များကို တရားခွင်အတွင်းထွက်ဆို ခဲ့သည်။

သေဆုံးသူသည်မိန်းကလေး ဖြစ်၍ ခွန်အားနည်းခြင်း၊ပြန်လည် တုံ့ပြန်နိုင်မှု အားနည်းခြင်းတို့ ကြောင်း ၎င်းရရှိသောဒဏ်ရာ သည် ဧကန်မုချသေစေနိုင်သော ဒဏ်ရာများဖြစ်ကြောင်း မှုခင်း ဆရာဝန် ဒေါက်တာထွန်းလင်းထွန်းက ထွက်ဆိုခဲ့သည်။

အသက်(၂၅)နှစ်အရွယ် မရွှေရည်ဝင်းသည် ဇန်နဝါရီ ၂၀ ရက်တွင် နေအိမ်မှအလုပ်ကိစ္စ ဖြင့်ထွက်သွားခဲ့ရာ ညအထိပြန် ရောက်မလာသဖြင့် ဒဂုံမြို့မရဲစ ခန်းတွင်မိသားစုက လူပျောက် တိုင်ခဲ့သည်။

မရွှေရည်ဝင်းသည် ဇန်နဝါ ရီ ၁၉ ရက် ည ၁၁ နာရီတွင် နေပြည်တော်မှ ရန်ကုန်တိုင်း ဒဂုံ မြို့နယ်ရှိနေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

မရွှေရည်ဝင်း၏အလောင်း ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၃)တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူးတံတားဘေးရှိ ကုလားမန်ကျည်းပင်အောက်တွင်ဇန်နဝါရီ ၂၁ ရက်နံနက်ကတွေ့ရှိခဲ့သည်။

မရွှေရည်ဝင်း၏ လက်ကိုင် ဖုန်းကို မင်္ဂလာဈေးတွင်လာ ရောက်ရောင်းချရာမှတစ်ဆင့် ဆီ ဒိုးနားကို ဖမ်းမိခဲ့သည်။

ဖမ်းမိသည့် တရားခံအား စစ်ဆေးချက်အရ အခင်းဖြစ်ပွား သည့်ဇန်နဝါရီ ၂၀ ရက် ည ၇ နာ ရီခွဲခန့်တွင် မရွှေရည်ဝင်းက ဒဂုံ မြို့နယ်ရှိ နေအိမ်သို့ပြန်ရန် ၎င်း ကားကိုငှားရမ်းသဖြင့် လိုက်ပါ လာစဉ် ကားငှားရမ်းခနှင့်ပတ် သက်၍ စကားများရာမှ စတင် ဖြစ်ပွားခဲ့သည်ဟု ထွက်ဆိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆီဒိုးနားသည် မရွှေရည်ဝင်း အား ဝက်အူလှည့်ဖြင့်ထိုးခဲ့ပြီး မသေဆုံးမီ အဓမ္မပြုကျင့်ကာငမိုး ရိပ်ချောင်းလက်တက်ချောင်းကူး တံတားဘေးရှိ သစ်ပင်အောက် တွင် စွန့်ပစ်ခဲ့ခြင်းကို ဝန်ခံထွက် ဆိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် အငှား ယာဉ်မောင်းများသည် ခရီးသည် များ၏ သံသယဖြင့်ရင်ဆိုင်ခဲ့ရ သည်။ ထို့အပြင် ဆီဒိုးနား၏ရုံး ထုတ်တွင် အမျိုးသမီးအရေးတက် ကြွလှုပ်ရှားသူများက တရားရုံး ဝန်းကျင်တွင် မုဒိမ်းမှုများထိ ရောက်စွာပြစ်ဒဏ်ပေးရေးလှုပ် ရှားမှုပြုလုပ်ရာ ဆီဒိုးနားကို လုံခြုံ ရေးတင်းကျပ်စွာဖြင့် ရုံးထုတ်ခဲ့ရ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ သေဆုံးသူ၏ မှတ်ပုံတင်၊ လက်ကိုင်ဖုန်းနှင့် ရွှေထည်ပစ္စည်း များကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ ပြီး ဒဂုံမြောက်မြို့မရဲစခန်းကရာဇသတ်ကြီး ဥပဒေပုဒ်မ၃၉၄/၃၇၆/၃၇၇/ ၃၀၂ တို့ဖြင့် အမှုဖွင့်ကာ ဖေဖော်ဝါရီ ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

Credit; 7day