Zawgyi ျဖင့္ဖတ္၇န္
KBZ Bank က လုပ္ငန္းေတြတိုးခ်ဲ့တယ္၊ ဘဏ္ခြဲသစ္ေတြ အမ်ားႀကီးဖြင့္တယ္၊ Product ေတြအမ်ားႀကီးထုတ္တယ္၊ ျမန္မာျပည္ရဲ႕ အတုမရိွေသာ ထိပ္တန္းဘဏ္ျဖစ္ေအာင္ တည္ေဆာက္တယ္။ ဒါေပမယ့္ သူတို႔သြားေနေပမယ့္ ခရီးမေရာက္တာ ဘာေၾကာင့္လဲ။ အေၾကာင္းအရင္းေတြေတာ့ရိွပါတယ္။

KBZ Bank ဝန္ထမ္းေတြ အရင္ကလို စည္းလံုးမႈမရိွေတာ့တာ၊ တက္ႂကြမႈမရိွေတာ့တာ၊ အလုပ္မွာမေပ်ာ္ေတာ့တာ၊ ေနာက္အလုပ္တစ္ခုကို မသိမသာ ႐ွာေနၾကတာေတြဟာ ဘာေၾကာင့္လဲ။ အေၾကာင္းအရင္းေတြေတာ့ရိွပါတယ္။

1 . မ်ွတမႈမရိွျခင္း

ဝန္ထမ္းတစ္ဦးကို ရာထူးတိုးေပးမည္ဆိုပါဆို႔။ မည္သည့္အခ်က္ကို ၾကည့္ရမည္နည္း။ အခ်က္အကုန္လံုးကိုၾကည့္ရပါမည္။ ထို႔အျပင္ လူေတြ႔၊ စာေတြ႔ပါ ထပ္မံစစ္ေဆးရပါမည္။ သို႔မွသာ မိမိေျဖဆိုထားသည့္ ရလဒ္အရ ရာထူးတိုးသည္၊က်န္ရစ္ခဲ့သည္ကို ႐ွင္း႐ွင္းလင္းလင္း သိရမည္ ျဖစ္ပါသည္။
ယခုတြင္မူ ဘာေၾကာင့္မွန္းမသိ ဟိုလူကေတာ့တိုးသြားသည္၊ ဘာေၾကာင့္မွန္းမသိ ဒီလူကေတာ့ က်န္ခဲ့သည္ စသည္ျဖင့္ အေျဖမရိွေသာ ေမးခြန္းမ်ားအျဖစ္သာ က်န္ရစ္ခဲ့ပါသည္။
မိမိထက္ လုပ္သက္နည္းေသာသူမ်ားက မိမိကို ေက်ာ္တက္ၿပီးတိုးသြားပါက ထိုသူ ႏွစ္ဦး၏ Relationship သည္ေကာင္းမြန္ေတာ့မည္မဟုတ္ပါ။ တိုးသြားေသာသူက မလံုမလဲစိတ္ျဖစ္သလို က်န္ရစ္ခဲ့ေသာသူက ခံျပင္း႐ွက္စိတ္မ်ား ျဖစ္လာမည္။ ဝန္ထမ္းအခ်င္းခ်င္း ရန္တိုက္ေပးေနသလိုပင္။
က်န္ေသးသည္၊ 2 Yr လား 3 Yr လား။ ႐ွင္း႐ွင္းလင္းလင္း ထုတ္ျပန္ထားျခင္းမရိွသည္က အဓိကအမွားအယြင္းပင္ျဖစ္သည္။ မိမိအလွည့္ေရာက္ခါနီးေတာ့မွ 3 Yr စနစ္ျဖစ္သည္ဆိုပါက ေသခ်ာပါသည္၊ ကံဆိုးသူ ဝန္ထမ္းတစ္ခ်ိဳ႕ ျပံဳးႏိုင္လိမ့္မည္ ထင္ပါသလား။ ရာထူးတိုးသည့္ကိစၥမ်ားကို တိတိက်က်ျပဌာန္းရန္လိုပါသည္။ ဝန္ထမ္းမ်ားကိုလည္း ပြင့္ပြင့္လင္းလင္းအသိေပးသင့္ပါသည္။
ယခုအခါ အထက္ကလူႀကီးမ်ားက ရာထူးကိစၥကို ဆံုးျဖတ္သည္ဟု သိရပါသည္။ တစ္ခုေလာက္ေတာ့ ေမးလိုက္ခ်င္ပါသည္၊ ထိုလူႀကီးမ်ားမွာ နတ္မ်က္စိမ်ား ပါေလသလား…။

2. ျမန္မာစကားပံုေလးတစ္ခု

“ဖြတ္ မိေခ်ာင္းျဖစ္၊ ျမစ္မခ်မ္းသာ´´
ဒီစကားပံုကို အရင္က နားမလည္ခဲ့ပါ၊ အခုေတာ့နားလည္ခဲ့ပါၿပီ။ အရည္အခ်င္းမရိွတဲ့သူေတြ ရာထူးႀကီးလာ၊လူႀကီးေတြျဖစ္လာေတာ့ အရာရာဟာ စိတ္ပ်က္စရာေတြျဖစ္လာခဲ့တာေပါ့။
ထိုသူေတြက ဘဏ္ခြဲတာဝန္ခံေတြ၊ ဌာနအႀကီးအကဲေတြဆိုရင္ေတာ့ သူတို႔လက္ေအာက္မွာလုပ္ရတဲ့သူေတြက ဘယ္လိုနည္းနဲ႔မွ အရည္အခ်င္းေတြ၊စိတ္ဓာတ္ေတြ၊စည္းလံုးညီၫြတ္မႈေတြ၊တက္ႂကြေပ်ာ္ရႊင္မႈေတြဟာ Positive Side ေတြမျဖစ္ႏိုင္ေတာ့ပါ။ အရည္အခ်င္း၊စိတ္ဓာတ္၊တည္ၿငိမ္ရင့္က်က္မႈ၊စည္းရံုးႏိုင္မႈ၊အနစ္နာခံမႈ၊အလုပ္ကိုဦးစားေပးမႈ၊အမွန္ကိုအမွန္အတိုင္းနားလည္မႈ၊အျပဳအမူအေျပာအဆိုဆင္ျခင္ႏိုင္မႈ ရိွတဲ့သူေတြကိုသာ ရာထူးေနရာေတြေပးသင့္ပါတယ္။ တစ္ခုေလာက္ေတာ့ ထပ္ေမးခ်င္ပါသည္၊ ဘဏ္ခြဲတာဝန္ခံေတြအားလံုးမွာ ဒီအခ်က္အလက္ေတြ ျပည့္စံုပါရဲ႕လား။

3. Overview ျခံဳၾကည့္ႏိုင္မႈ အားနည္းျခင္း

ဘဏ္ခြဲေပါင္း (300) ခန္႔၊ ဝန္ထမ္းဦးေရ (15000) ခန္႔ကို ဘယ္လို Overview လုပ္မလဲ။
ရီခ်င္စရာေတာ့ေကာင္းပါတယ္၊ အလုပ္နည္းတဲ့ဘဏ္ခြဲေတြက ဝန္ထမ္းေတြ၊ ရံုးခ်ဳပ္ဌာနေတြက ဝန္ထမ္းေတြ အိမ္ျပန္တဲ့အခ်ိန္ ညေန 4:30 အခ်ိန္ဟာ အလုပ္မ်ားတဲ့ ဘဏ္ခြဲေတြကဝန္ထမ္းေတြ၊ အလုပ္မ်ားတဲ့ ဌာနေတြကဝန္ထမ္းေတြရဲ႕ ေန႔လည္စာ ထမင္းစားခ်ိန္ဆိုေတာ့ သိပ္ကိုတရားမ်ွတတာေပါ့ဗ်ာ (ရြဲ႕ေျပာတာမဟုတ္ဘူးေနာ္)။ ပံုမွန္အိမ္ျပန္ခ်ိန္ ေနာက္က်တဲ့ ဝန္ထမ္းေတြကေရာ ေပ်ာ္ရႊင္မယ္လို႔ထင္ပါသလား။ Overtime ေၾကးေတြေပးထားပါတယ္လို႔ေတာ့ မေျဖပါနဲ႔။ International ကိုထိုးေဖာက္မယ့္ ဘဏ္က International Standard နဲ႔အညီ တစ္နာရီကို 400 က်ပ္ႀကီးေတာင္ ေပးထားတာပဲေလ (ရြဲ႕ေျပာတာမဟုတ္ဘူးေနာ္)။
လစာလည္းအတူတူ၊အက်ိဳးခံစားခြင့္လည္းအတူတူ ရတဲ့ သူေတြကေတာ့ ဘာလို႔ အလုပ္မ်ားတဲ့ဘဏ္ေတြမွာ ေနခ်င္ေတာ့မွာလဲဗ်ာ။ အဲ့ဒီေတာ့ မညီမ်ွျခင္းေတြျဖစ္လာေတာ့တာေပါ့။ အလုပ္နည္းတဲ့ဘဏ္ကို ေျပာင္းခ်င္တာ ဝန္ထမ္းဘက္က အမွားမဟုတ္ပါဘူး။

4. စစ္တုရင္ကစားနည္း

စစ္တုရင္ ကစားဖူးသလား။ လူႀကီးေတြကို ကစားၾကည့္ပါလားလို႔ ေျပာခ်င္ပါတယ္။ ဘုရင္မက ဘုရင္မေနရာမွာ ေနရမွာပါ၊ စစ္သူႀကီးကစစ္သူႀကီးေနရာမွာ ေနရမွာပါ။ သင့္ေတာ္တဲ့ေနရာမွာ သင့္ေတာ္တဲ့သူကို ေနရာခ်ရမွာပါ။ အခုဟာက လုပ္သက္က နည္းနည္းေလး၊ ရာထူးက AM ေလာက္ကို ဘဏ္ခြဲတာဝန္ခံေပးလိုေပး။ Super ေလာက္ေတြကို 2IC၊ ေငြကိုင္ခ်ဳပ္ေတြေပးလိုေပး။
တကယ္ လုပ္သက္မ်ား၊ရာထူးႀကီး၊အရည္အခ်င္းရိွတဲ့သူေတြက ေခ်ာင္ထဲမွာ။ အမက အျပာေလးနဲ႔လွတယ္၊ အကိုက အျဖဴေလးနဲ႔ခန္႔တယ္၊ ေအာ္ေအာ္ ဒီလိုလူေတြ ေနရာရေနၾကတာပါလား။ ငယ္ငယ္ကတည္းက သင္ၾကားလာခဲ့ရတဲ့ အမွန္အတိုင္းေျပာရမယ္ဆိုခဲ့တဲ့ မူလတန္းေက်ာင္းက ဆရာမေတြရဲ႕ ဆံုးမစကားေတြပဲ မွားခဲ့တာလား။

5. လစာေငြေၾကး

8 Years Ago ေလာက္က KBZ Bank ရဲ႕ လစာေငြဟာ ထိပ္တန္း Company ေတြၾကားမွာေတာ့ ၿပိဳင္ဘက္ကင္းေပါ့။ အခုေတာ့ တျဖည္းျဖည္းနဲ႔ေက်ာ္တက္ျခင္းခံေနရပါၿပီ။ ထားပါ၊ ဒီကိစၥဆိုတာ ဝန္ထမ္းေတြ ေနာက္ဆံုးမွ စဥ္းစာၾကတဲ့အရာပါ။

6. ေခတ္

ဖိုးတစ္ေခတ္ေတာ့ မဟုတ္ဘူးေနာ္။
သူ႔ေခတ္ ကိုယ့္ေခတ္ဆိုတာရိွပါတယ္။ တက္ၿပီးရင္ေတာ့ ျပန္က်ရမွာ ဓမၼတာပါ။ ဒီပံုစံအတိုင္း ဆက္သြားေနမယ္ဆိုရင္ KBZ ေခတ္က ကုန္ဆံုးေတာ့မွာပါ။ အခုလည္း ညီေနာင္ဘဏ္ေတြရဲ႕ ၿခိမ္းေျခာက္မႈကိုခံေနရပါၿပီ။ ျပင္ဆင္စရာရိွတာေတြကို ျပင္ဆင္ရမွာပါ။
KBZ က ဝန္ထမ္းေတြကို ဂ႐ုစိုက္ပါတယ္။ မဲေတြေဖာက္ေပးတယ္၊ ေပ်ာ္ရႊင္ပြဲေတြ လုပ္ေပးတယ္၊ ဒါေတြဟာ အခုေတာ့ သဲထဲေရသြန္ျဖစ္ေနပါၿပီ။ ဝန္ထမ္းေတြရဲ႕စိတ္မွာ ဒါေတြကို သတိမရေတာ့ပါဘူး။

***** ကမာရြတ္ဘဏ္ခြဲက ကိုမိုးလင္းသူရဲ႕ စကားေလးနဲ႔ပဲ အဆံုးသတ္ခ်င္ပါတယ္။
နာရီတစ္လံုး ဘယ္ေလာက္ေကာင္းေနပါေစ၊ စကၠန္႔တံေလးေတြ မေကာင္းရင္ အလကားပဲ။ လုပ္ငန္းတစ္ခု ဘယ္ေလာက္ေအာင္ျမင္ေနပါေစ၊ ဝန္ထမ္းေတြရဲ႕ ခံစားခ်က္ကို နားမလည္ရင္လည္း အလကားပဲ။ *****

Unicodeဖြင့်ဖတ်ရန်

KBZ Bank က လုပ်ငန်းတွေတိုးချဲ့တယ်၊ ဘဏ်ခွဲသစ်တွေ အများကြီးဖွင့်တယ်၊ Product တွေအများကြီးထုတ်တယ်၊ မြန်မာပြည်ရဲ့ အတုမရှိသော ထိပ်တန်းဘဏ်ဖြစ်အောင် တည်ဆောက်တယ်။ ဒါပေမယ့် သူတို့သွားနေပေမယ့် ခရီးမရောက်တာ ဘာကြောင့်လဲ။ အကြောင်းအရင်းတွေတော့ရှိပါတယ်။

KBZ Bank ဝန်ထမ်းတွေ အရင်ကလို စည်းလုံးမှုမရှိတော့တာ၊ တက်ကြွမှုမရှိတော့တာ၊ အလုပ်မှာမပျော်တော့တာ၊ နောက်အလုပ်တစ်ခုကို မသိမသာ ရှာနေကြတာတွေဟာ ဘာကြောင့်လဲ။ အကြောင်းအရင်းတွေတော့ရှိပါတယ်။

1 . မျှတမှုမရှိခြင်း

ဝန်ထမ်းတစ်ဦးကို ရာထူးတိုးပေးမည်ဆိုပါဆို့။ မည်သည့်အချက်ကို ကြည့်ရမည်နည်း။ အချက်အကုန်လုံးကိုကြည့်ရပါမည်။ ထို့အပြင် လူတွေ့၊ စာတွေ့ပါ ထပ်မံစစ်ဆေးရပါမည်။ သို့မှသာ မိမိဖြေဆိုထားသည့် ရလဒ်အရ ရာထူးတိုးသည်၊ကျန်ရစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိရမည် ဖြစ်ပါသည်။
ယခုတွင်မူ ဘာကြောင့်မှန်းမသိ ဟိုလူကတော့တိုးသွားသည်၊ ဘာကြောင့်မှန်းမသိ ဒီလူကတော့ ကျန်ခဲ့သည် စသည်ဖြင့် အဖြေမရှိသော မေးခွန်းများအဖြစ်သာ ကျန်ရစ်ခဲ့ပါသည်။
မိမိထက် လုပ်သက်နည်းသောသူများက မိမိကို ကျော်တက်ပြီးတိုးသွားပါက ထိုသူ နှစ်ဦး၏ Relationship သည်ကောင်းမွန်တော့မည်မဟုတ်ပါ။ တိုးသွားသောသူက မလုံမလဲစိတ်ဖြစ်သလို ကျန်ရစ်ခဲ့သောသူက ခံပြင်းရှက်စိတ်များ ဖြစ်လာမည်။ ဝန်ထမ်းအချင်းချင်း ရန်တိုက်ပေးနေသလိုပင်။
ကျန်သေးသည်၊ 2 Yr လား 3 Yr လား။ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်းမရှိသည်က အဓိကအမှားအယွင်းပင်ဖြစ်သည်။ မိမိအလှည့်ရောက်ခါနီးတော့မှ 3 Yr စနစ်ဖြစ်သည်ဆိုပါက သေချာပါသည်၊ ကံဆိုးသူ ဝန်ထမ်းတစ်ချို့ ပြုံးနိုင်လိမ့်မည် ထင်ပါသလား။ ရာထူးတိုးသည့်ကိစ္စများကို တိတိကျကျပြဌာန်းရန်လိုပါသည်။ ဝန်ထမ်းများကိုလည်း ပွင့်ပွင့်လင်းလင်းအသိပေးသင့်ပါသည်။
ယခုအခါ အထက်ကလူကြီးများက ရာထူးကိစ္စကို ဆုံးဖြတ်သည်ဟု သိရပါသည်။ တစ်ခုလောက်တော့ မေးလိုက်ချင်ပါသည်၊ ထိုလူကြီးများမှာ နတ်မျက်စိများ ပါလေသလား…။

2. မြန်မာစကားပုံလေးတစ်ခု

“ဖွတ် မိချောင်းဖြစ်၊ မြစ်မချမ်းသာ´´
ဒီစကားပုံကို အရင်က နားမလည်ခဲ့ပါ၊ အခုတော့နားလည်ခဲ့ပါပြီ။ အရည်အချင်းမရှိတဲ့သူတွေ ရာထူးကြီးလာ၊လူကြီးတွေဖြစ်လာတော့ အရာရာဟာ စိတ်ပျက်စရာတွေဖြစ်လာခဲ့တာပေါ့။
ထိုသူတွေက ဘဏ်ခွဲတာဝန်ခံတွေ၊ ဌာနအကြီးအကဲတွေဆိုရင်တော့ သူတို့လက်အောက်မှာလုပ်ရတဲ့သူတွေက ဘယ်လိုနည်းနဲ့မှ အရည်အချင်းတွေ၊စိတ်ဓာတ်တွေ၊စည်းလုံးညီညွတ်မှုတွေ၊တက်ကြွပျော်ရွှင်မှုတွေဟာ Positive Side တွေမဖြစ်နိုင်တော့ပါ။ အရည်အချင်း၊စိတ်ဓာတ်၊တည်ငြိမ်ရင့်ကျက်မှု၊စည်းရုံးနိုင်မှု၊အနစ်နာခံမှု၊အလုပ်ကိုဦးစားပေးမှု၊အမှန်ကိုအမှန်အတိုင်းနားလည်မှု၊အပြုအမူအပြောအဆိုဆင်ခြင်နိုင်မှု ရှိတဲ့သူတွေကိုသာ ရာထူးနေရာတွေပေးသင့်ပါတယ်။ တစ်ခုလောက်တော့ ထပ်မေးချင်ပါသည်၊ ဘဏ်ခွဲတာဝန်ခံတွေအားလုံးမှာ ဒီအချက်အလက်တွေ ပြည့်စုံပါရဲ့လား။

3. Overview ခြံုကြည့်နိုင်မှု အားနည်းခြင်း

ဘဏ်ခွဲပေါင်း (300) ခန့်၊ ဝန်ထမ်းဦးရေ (15000) ခန့်ကို ဘယ်လို Overview လုပ်မလဲ။
ရီချင်စရာတော့ကောင်းပါတယ်၊ အလုပ်နည်းတဲ့ဘဏ်ခွဲတွေက ဝန်ထမ်းတွေ၊ ရုံးချုပ်ဌာနတွေက ဝန်ထမ်းတွေ အိမ်ပြန်တဲ့အချိန် ညနေ 4:30 အချိန်ဟာ အလုပ်များတဲ့ ဘဏ်ခွဲတွေကဝန်ထမ်းတွေ၊ အလုပ်များတဲ့ ဌာနတွေကဝန်ထမ်းတွေရဲ့ နေ့လည်စာ ထမင်းစားချိန်ဆိုတော့ သိပ်ကိုတရားမျှတတာပေါ့ဗျာ (ရွဲ့ပြောတာမဟုတ်ဘူးနော်)။ ပုံမှန်အိမ်ပြန်ချိန် နောက်ကျတဲ့ ဝန်ထမ်းတွေကရော ပျော်ရွှင်မယ်လို့ထင်ပါသလား။ Overtime ကြေးတွေပေးထားပါတယ်လို့တော့ မဖြေပါနဲ့။ International ကိုထိုးဖောက်မယ့် ဘဏ်က International Standard နဲ့အညီ တစ်နာရီကို 400 ကျပ်ကြီးတောင် ပေးထားတာပဲလေ (ရွဲ့ပြောတာမဟုတ်ဘူးနော်)။
လစာလည်းအတူတူ၊အကျိုးခံစားခွင့်လည်းအတူတူ ရတဲ့ သူတွေကတော့ ဘာလို့ အလုပ်များတဲ့ဘဏ်တွေမှာ နေချင်တော့မှာလဲဗျာ။ အဲ့ဒီတော့ မညီမျှခြင်းတွေဖြစ်လာတော့တာပေါ့။ အလုပ်နည်းတဲ့ဘဏ်ကို ပြောင်းချင်တာ ဝန်ထမ်းဘက်က အမှားမဟုတ်ပါဘူး။

4. စစ်တုရင်ကစားနည်း

စစ်တုရင် ကစားဖူးသလား။ လူကြီးတွေကို ကစားကြည့်ပါလားလို့ ပြောချင်ပါတယ်။ ဘုရင်မက ဘုရင်မနေရာမှာ နေရမှာပါ၊ စစ်သူကြီးကစစ်သူကြီးနေရာမှာ နေရမှာပါ။ သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့သူကို နေရာချရမှာပါ။ အခုဟာက လုပ်သက်က နည်းနည်းလေး၊ ရာထူးက AM လောက်ကို ဘဏ်ခွဲတာဝန်ခံပေးလိုပေး။ Super လောက်တွေကို 2IC၊ ငွေကိုင်ချုပ်တွေပေးလိုပေး။
တကယ် လုပ်သက်များ၊ရာထူးကြီး၊အရည်အချင်းရှိတဲ့သူတွေက ချောင်ထဲမှာ။ အမက အပြာလေးနဲ့လှတယ်၊ အကိုက အဖြူလေးနဲ့ခန့်တယ်၊ အော်အော် ဒီလိုလူတွေ နေရာရနေကြတာပါလား။ ငယ်ငယ်ကတည်းက သင်ကြားလာခဲ့ရတဲ့ အမှန်အတိုင်းပြောရမယ်ဆိုခဲ့တဲ့ မူလတန်းကျောင်းက ဆရာမတွေရဲ့ ဆုံးမစကားတွေပဲ မှားခဲ့တာလား။

5. လစာငွေကြေး

8 Years Ago လောက်က KBZ Bank ရဲ့ လစာငွေဟာ ထိပ်တန်း Company တွေကြားမှာတော့ ပြိုင်ဘက်ကင်းပေါ့။ အခုတော့ တဖြည်းဖြည်းနဲ့ကျော်တက်ခြင်းခံနေရပါပြီ။ ထားပါ၊ ဒီကိစ္စဆိုတာ ဝန်ထမ်းတွေ နောက်ဆုံးမှ စဉ်းစာကြတဲ့အရာပါ။

6. ခေတ်

ဖိုးတစ်ခေတ်တော့ မဟုတ်ဘူးနော်။
သူ့ခေတ် ကိုယ့်ခေတ်ဆိုတာရှိပါတယ်။ တက်ပြီးရင်တော့ ပြန်ကျရမှာ ဓမ္မတာပါ။ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် KBZ ခေတ်က ကုန်ဆုံးတော့မှာပါ။ အခုလည်း ညီနောင်ဘဏ်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရပါပြီ။ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရမှာပါ။
KBZ က ဝန်ထမ်းတွေကို ဂရုစိုက်ပါတယ်။ မဲတွေဖောက်ပေးတယ်၊ ပျော်ရွှင်ပွဲတွေ လုပ်ပေးတယ်၊ ဒါတွေဟာ အခုတော့ သဲထဲရေသွန်ဖြစ်နေပါပြီ။ ဝန်ထမ်းတွေရဲ့စိတ်မှာ ဒါတွေကို သတိမရတော့ပါဘူး။

***** ကမာရွတ်ဘဏ်ခွဲက ကိုမိုးလင်းသူရဲ့ စကားလေးနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။
နာရီတစ်လုံး ဘယ်လောက်ကောင်းနေပါစေ၊ စက္ကန့်တံလေးတွေ မကောင်းရင် အလကားပဲ။ လုပ်ငန်းတစ်ခု ဘယ်လောက်အောင်မြင်နေပါစေ၊ ဝန်ထမ်းတွေရဲ့ ခံစားချက်ကို နားမလည်ရင်လည်း အလကားပဲ။ *****

Credit; knowledgesharemyanmar.