Zawgyi ျဖင့္ဖတ္၇န္

ျမန္မာအဖြဲ႔၀င္ ၂ ဦးပါ၀င္တဲ့ Rose Quartz မိန္းကေလး kpop အဖြဲ႕သစ္ဟာ မၾကာခင္မွာ ပြဲဦးထြက္ေတာ့မွာျဖစ္ပါတယ္။ အဆိုပါအဖြဲ႔ဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း Youtube မွာ တင္ထားတဲ့ cover သီခ်င္းေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ ပံုရိပ္ေတြ ၊ ႀကိဳးစားၿပီး ေခ်ာေမာလွပတဲ့ အဖြဲ႔၀င္ေတြေၾကာင့္ လူသိမ်ားလာတဲ့ အဖြဲ႔တစ္ဖြဲ႔လည္း ျဖစ္ပါတယ္။


အဆိုပါအဖြဲ႔ဟာ မူလက အဖြဲ႔၀င္ ၄ ေယာက္ရွိခဲ့ၿပီး ယခု ျမန္မာအဖြဲ႔၀င္ ႏွစ္ဦးကို ထပ္ျဖည့္ကာ အဖြဲ႔၀င္ ၅ ေယာက္နဲ႔ ပထမဦးဆံုး ပြဲဦးထြက္အယ္လ္ဘမ္ကို မၾကာခင္ျဖန္႔ေတာ့မယ္လို႔ သိရပါတယ္။ မူရင္း ၄ ေယာက္မွာ ပါ၀င္ခဲ့တဲ့ Demi ကေတာ့ သူ႔ရဲ႕ေက်ာင္းကိစၥနဲ႔ က်န္းမာေရးကိစၥေၾကာင့္ အဖြဲ႔ကေနထြက္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

Rose Quartz အဖြဲ႔မွာ ျမန္မာအဖြဲ႔၀င္ေတြျဖစ္တဲ့ CINDY ၊ NAYCHI ၊ ထုိင္းအဖြဲ႔၀င္ေတြျဖစ္တဲ့ EARN ၊ EING နဲ႔ ကိုရီးယားအဖြဲ႔၀င္ SUNG SHIN စတဲ့ အဖဲြ႔၀င္ ၅ ဦး ပါ၀င္မွာ ျဖစ္ပါတယ္။


ROSE QUARTZ အဖြဲ႔မွ ျမန္မာအဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ့ Nay Chi ကေတာ့ Galaxy Star 2017 မွာပါ၀င္ယွဥ္ၿပိဳင္ခဲ့ၿပီး လူသိမ်ားသူတစ္ေယာက္ျဖစ္ပါတယ္။ အခုလို Kpop Girl Group မွာ အဖဲြ႔၀င္ခြင့္ ျမင္ေတြ႔ရတဲ့အခါ ပိုလို႔ေတာင္ အလွတိုးလာတာကိုလည္း ေတြ႔ရပါတယ္။

ေနာက္ထပ္ျမန္မာအဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ့ Cindy ကလည္း ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ အဖြဲ႔၀င္တစ္ေယာက္ျဖစ္ပါတယ္။

Rose Quartz အဖြဲ႔ကို JBJ Entertainment နဲ႔ 0316 Entertainment တို႔ လက္တဲြေဖာ္ထုတ္ၿပီး ျမန္မာ၊ ကိုရီးယား နဲ႔ ထုိင္း သံုးႏုိင္ငံမွ အဖြဲ႔၀င္ေတြနဲ႔ Global Girl Group အျဖစ္ အေရွ႕ေတာင္အာရွကို ေက်ာ္လြန္ကာ ကမာၻ႔ေစ်းကြက္ကို ထုိးေဖာက္ဖို႔အထိ ဦးတည္ထားတယ္လို႔ သိရပါတယ္။

Rose Quartz အဖြဲ႔၀င္ မိတ္ဆက္

Rose Quartz အဖြဲ႔ ပြဲဦးထြက္ရင္ အားေပးၾကမယ္မလား ?

 

Unicodeဖြင့်ဖတ်ရန်
မြန်မာအဖွဲ့ဝင် ၂ ဦးပါဝင်တဲ့ Rose Quartz မိန်းကလေး kpop အဖွဲ့သစ်ဟာ မကြာခင်မှာ ပွဲဦးထွက်တော့မှာဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း Youtube မှာ တင်ထားတဲ့ cover သီချင်းတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေ ၊ ကြိုးစားပြီး ချောမောလှပတဲ့ အဖွဲ့ဝင်တွေကြောင့် လူသိများလာတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

အဆိုပါအဖွဲ့ဟာ မူလက အဖွဲ့ဝင် ၄ ယောက်ရှိခဲ့ပြီး ယခု မြန်မာအဖွဲ့ဝင် နှစ်ဦးကို ထပ်ဖြည့်ကာ အဖွဲ့ဝင် ၅ ယောက်နဲ့ ပထမဦးဆုံး ပွဲဦးထွက်အယ်လ်ဘမ်ကို မကြာခင်ဖြန့်တော့မယ်လို့ သိရပါတယ်။ မူရင်း ၄ ယောက်မှာ ပါဝင်ခဲ့တဲ့ Demi ကတော့ သူ့ရဲ့ကျောင်းကိစ္စနဲ့ ကျန်းမာရေးကိစ္စကြောင့် အဖွဲ့ကနေထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Rose Quartz အဖွဲ့မှာ မြန်မာအဖွဲ့ဝင်တွေဖြစ်တဲ့ CINDY ၊ NAYCHI ၊ ထိုင်းအဖွဲ့ဝင်တွေဖြစ်တဲ့ EARN ၊ EING နဲ့ ကိုရီးယားအဖွဲ့ဝင် SUNG SHIN စတဲ့ အဖွဲ့ဝင် ၅ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ROSE QUARTZ အဖွဲ့မှ မြန်မာအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Nay Chi ကတော့ Galaxy Star 2017 မှာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လူသိများသူတစ်ယောက်ဖြစ်ပါတယ်။ အခုလို Kpop Girl Group မှာ အဖွဲ့ဝင်ခွင့် မြင်တွေ့ရတဲ့အခါ ပိုလို့တောင် အလှတိုးလာတာကိုလည်း တွေ့ရပါတယ်။

မေဦးကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့တဲ့ ဟန်လင်း

နောက်ထပ်မြန်မာအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Cindy ကလည်း ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။

Rose Quartz အဖွဲ့ကို JBJ Entertainment နဲ့ 0316 Entertainment တို့ လက်တွဲဖော်ထုတ်ပြီး မြန်မာ၊ ကိုရီးယား နဲ့ ထိုင်း သုံးနိုင်ငံမှ အဖွဲ့ဝင်တွေနဲ့ Global Girl Group အဖြစ် အရှေ့တောင်အာရှကို ကျော်လွန်ကာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့အထိ ဦးတည်ထားတယ်လို့ သိရပါတယ်။

Rose Quartz အဖွဲ့ဝင် မိတ်ဆက်

Rose Quartz အဖွဲ့ ပွဲဦးထွက်ရင် အားပေးကြမယ်မလား ?
Myat Su Nyein
Ref : Rose Quartz Myanamr/ Rose Quartz Myanmar Fan Page
Credit:MOMOLAY