Zawgyi ျဖင့္ဖတ္၇န္

ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ ေရႊမာလာကူးတို႔ဆိပ္အနီးမွာ ဧၿပီ ၂၃ ရက္ေန႔ ညေန ၅ နာရီေလာက္က ၉ တန္းေက်ာင္းသား သံုးဦးေရဆင္းကူးတာမွာ ေရနစ္ၿပီး ႏွစ္ဦးေသဆံုးခဲ့တယ္လို႔ သိရပါတယ္။

မအူပင္ၿမိဳ႕ အမွတ္ ၄ ရပ္ကြက္နဲ႔ အမွတ္ ၇ ရပ္ကြက္ေတြမွာ ေနထိုင္တဲ့ အသက္ ၁၃ ႏွစ္အရြယ္ ေမာင္ေကာင္းကင္ေက်ာ္ ေမာင္ဟိန္းစိုး ေမာင္ေအာင္ျမင့္ျမတ္တို႔ သူငယ္ခ်င္း ၃ ဦး ေရဆင္းကူးတာမွာ ဟိန္းစိုးနဲ႔ ေအာင္ျမင့္ျမတ္တို႔ ေရနစ္ေသဆံုးခဲ့တာျဖစ္တယ္လို႔ ဧရာဝတီတိုင္း ေဒသႀကီးရဲတပ္ဖြဲ႔မႉး႐ုံးကေန သိပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မႉး႐ုံးမွ ဒုရဲမႉးႀကီးခင္ေမာင္လတ္က “သံုးေယာက္စလံုး ေရဆင္းကူးတာ။ က်န္တဲ့ ႏွစ္ေယာက္က ကူးေနရင္း ေပၚမလာေတာ့လို႔ ေကာင္းကင္ေက်ာ္က အေပၚျပန္တက္ၿပီး ေအာ္ၿပီး အကူအညီေတာင္းေတာ့မွ ေရနစ္တာသိရတာ။ ေအာင္ျမင့္ျမတ္ရဲ႕ အေလာင္းေတာ့ ျပန္ေတြ႔ပါၿပီ။ ဟိန္းစိုးကိုေတာ့ ရွာေဖြေနတုန္းပါပဲ”လို႔ ေျပာပါတယ္။

ေရနစ္ေသဆံုးခဲ့တဲ့ ေရႊမာလာကူးတို႔ဆိပ္ဟာ ကားလမ္းမေပါက္ခင္က ကူးတို႔ဆိပ္အျဖစ္ အသံုးျပဳခဲ့တဲ့ ကူးတို႔ဆိပ္ေဟာင္းႀကီးတခုျဖစ္ၿပီး မၾကာခဏ လာေရာက္ေရကူးတဲ့ ကေလးေတြ ေရနစ္ေလ့ရွိတဲ့ေနရာ ျဖစ္ၿပီး မၾကာေသးခင္ကပဲ ေမာင္ႏွစ္မသံုးေယာက္ ေရဆင္းခ်ိဳးတာမွာ တေယာက္ ေသဆံုးခဲ့ဖူးပါတယ္။

ေရနစ္ေသဆံုးတဲ့ ျဖစ္စဥ္ကိုေတာ့ မအူပင္ၿမိဳ႕မရဲစခန္းကေန ေသမႈေသခင္း အမွတ္စဥ္ ၇/၂၀၁၈ နဲ႔ အေရးယူေဆာင္ရြက္ေနတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မႉး႐ုံးကေန သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အမှတ် (၁) ရပ်ကွက် ရွှေမာလာကူးတို့ဆိပ်အနီးမှာ ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်က ၉ တန်းကျောင်းသား သုံးဦးရေဆင်းကူးတာမှာ ရေနစ်ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မအူပင်မြို့ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၇ ရပ်ကွက်တွေမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ကောင်းကင်ကျော် မောင်ဟိန်းစိုး မောင်အောင်မြင့်မြတ်တို့ သူငယ်ချင်း ၃ ဦး ရေဆင်းကူးတာမှာ ဟိန်းစိုးနဲ့ အောင်မြင့်မြတ်တို့ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ်က “သုံးယောက်စလုံး ရေဆင်းကူးတာ။ ကျန်တဲ့ နှစ်ယောက်က ကူးနေရင်း ပေါ်မလာတော့လို့ ကောင်းကင်ကျော်က အပေါ်ပြန်တက်ပြီး အော်ပြီး အကူအညီတောင်းတော့မှ ရေနစ်တာသိရတာ။ အောင်မြင့်မြတ်ရဲ့ အလောင်းတော့ ပြန်တွေ့ပါပြီ။ ဟိန်းစိုးကိုတော့ ရှာဖွေနေတုန်းပါပဲ”လို့ ပြောပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ရွှေမာလာကူးတို့ဆိပ်ဟာ ကားလမ်းမပေါက်ခင်က ကူးတို့ဆိပ်အဖြစ် အသုံးပြုခဲ့တဲ့ ကူးတို့ဆိပ်ဟောင်းကြီးတခုဖြစ်ပြီး မကြာခဏ လာရောက်ရေကူးတဲ့ ကလေးတွေ ရေနစ်လေ့ရှိတဲ့နေရာ ဖြစ်ပြီး မကြာသေးခင်ကပဲ မောင်နှစ်မသုံးယောက် ရေဆင်းချိုးတာမှာ တယောက် သေဆုံးခဲ့ဖူးပါတယ်။

ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်ကိုတော့ မအူပင်မြို့မရဲစခန်းကနေ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၈ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
သတင္း – ျမမင္းဦး(ပုသိမ္)
Credit: DVB