Zawgyi ျဖင့္ဖတ္၇န္
ေျမာင္းျမႀကိဳးတံတား ျပတ္က်ရာမွာ ေသဆံုးသြားခဲ့ၾကတဲ့ ကားသမား ႏွစ္ဦးရဲ႕ မိသားစုေတြကို သက္ဆိုင္ရာ အစိုးရဝန္ႀကီးဌာနေတြက ေငြက်ပ္ ၂၆ သိန္းစီ ေထာက္ပ့ံေၾကး ေပးအပ္လိုက္ပါတယ္။

ဧၿပီ ၁ ရက္မနက္ ၁ နာရီ ၄၅ မိနစ္က ေျမာင္းျမ ျမစ္ကူးႀကိဳးတံတားႀကီး ေရြးျမစ္ထဲကို ျပတ္က်သြားရာမွာ ေျခာက္ဘီးကုန္တင္ယာဥ္နဲ႔အတူ ယာဥ္ေမာင္း မဲႀကီး(ခ)သန္႔ေဇာ္ထိုက္နဲ႔ ယာဥ္ေနာက္လိုက္တဦးတို႔ ျမစ္ထဲသို႔ ျပဳတ္က် ေသဆံုးသြားခဲ့တာပါ။

ေသဆံုးသူတဦးကို ေဆာက္လုပ္ေရးဝန္က က်ပ္သိန္း ၂၀ ၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႔က ေငြက်ပ္ ၃ သိန္း၊ လူမႈထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနက ေငြက်ပ္ ၃ သိန္း စုစုေပါင္း ေငြက်ပ္ ၂၆ သိန္းစီကို သူတို႔ရဲ႕မိသားစုဝင္ေတြထံ မေန႔ညေနက ေပးအပ္ခဲ့ပါတယ္။

ေသဆံုးသူ ကိုသန္႔ေဇာ္ထိုက္ရဲ႕ ဇနီးျဖစ္သူကေတာ့ သူ႔ရဲ႕ အမ်ဳိးသားဟာ သူတို႔မိသားစုကို ႐ွာေဖြေကြၽးေမြးေနသူ ျဖစ္တာေၾကာင့္ သူ႔ေယာက္်ားကို ဒီေငြေတြနဲ႔ မလဲႏိုင္ဘူးလို႔ ေျပာပါတယ္။

တံတားျပတ္က်ရာမွာ ကုန္ကားနဲ႔အတူ ပါသြားတဲ့သူ ႏွစ္ဦးထဲက တဦးျဖစ္တဲ့ ယာဥ္ေမာင္း ကိုသန္႔ေဇာ္ထိုက္ရဲ႕ အေလာင္းကိုေတာ့ မေန႔ညေနပိုင္းက ရွာေဖြဆယ္ယူ ရရွိခဲ့ပါတယ္။

သူနဲ႔အတူပါသြားတဲ့ ယာဥ္ေနာက္လိုက္ကေတာ့ ကားနဲ႔ညပ္ေနတဲ့အတြက္ ဧၿပီ ၂ ရက္ ညေနပိုင္းအထိ အေလာင္း ဆယ္ယူႏိုင္ျခင္း မရွိေသးပါဘူး။
Unicodeဖြင့်ဖတ်ရန်
မြောင်းမြကြိုးတံတား ပြတ်ကျရာမှာ သေဆုံးသွားခဲ့ကြတဲ့ ကားသမား နှစ်ဦးရဲ့ မိသားစုတွေကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက ငွေကျပ် ၂၆ သိန်းစီ ထောက်ပံ့ကြေး ပေးအပ်လိုက်ပါတယ်။

ဧပြီ ၁ ရက်မနက် ၁ နာရီ ၄၅ မိနစ်က မြောင်းမြ မြစ်ကူးကြိုးတံတားကြီး ရွေးမြစ်ထဲကို ပြတ်ကျသွားရာမှာ ခြောက်ဘီးကုန်တင်ယာဉ်နဲ့အတူ ယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နဲ့ ယာဉ်နောက်လိုက်တဦးတို့ မြစ်ထဲသို့ ပြုတ်ကျ သေဆုံးသွားခဲ့တာပါ။

သေဆုံးသူတဦးကို ဆောက်လုပ်ရေးဝန်က ကျပ်သိန်း ၂၀ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၃ သိန်း၊ လူမှုထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၂၆ သိန်းစီကို သူတို့ရဲ့မိသားစုဝင်တွေထံ မနေ့ညနေက ပေးအပ်ခဲ့ပါတယ်။

သေဆုံးသူ ကိုသန့်ဇော်ထိုက်ရဲ့ ဇနီးဖြစ်သူကတော့ သူ့ရဲ့ အမျိုးသားဟာ သူတို့မိသားစုကို ရှာဖွေကျွေးမွေးနေသူ ဖြစ်တာကြောင့် သူ့ယောက်ျားကို ဒီငွေတွေနဲ့ မလဲနိုင်ဘူးလို့ ပြောပါတယ်။

တံတားပြတ်ကျရာမှာ ကုန်ကားနဲ့အတူ ပါသွားတဲ့သူ နှစ်ဦးထဲက တဦးဖြစ်တဲ့ ယာဉ်မောင်း ကိုသန့်ဇော်ထိုက်ရဲ့ အလောင်းကိုတော့ မနေ့ညနေပိုင်းက ရှာဖွေဆယ်ယူ ရရှိခဲ့ပါတယ်။

သူနဲ့အတူပါသွားတဲ့ ယာဉ်နောက်လိုက်ကတော့ ကားနဲ့ညပ်နေတဲ့အတွက် ဧပြီ ၂ ရက် ညနေပိုင်းအထိ အလောင်း ဆယ်ယူနိုင်ခြင်း မရှိသေးပါဘူး။
Credit: DVB