Zawgyi ျဖင့္ဖတ္၇န္
မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ မိုင္တိုင္အမွတ္ (၁၇/၃)နဲ႔ (၁၇/၄)ၾကား မွာ မတ္လ ၅ ရက္ေန႔ မြန္းလြဲပိုင္းက ခရီးသည္တင္ မီနီဘတ္(စ္)ကားတစီး မီးေလာင္ဆံုး႐ႈံးခဲ့တယ္လို႔ သိရပါတယ္။

ခရီးသည္ ၁၅ ဦးကုိတင္ေဆာင္ၿပီး ေအာင္မ်ိဳးထက္ ေမာင္းႏွင္လာတဲ့ ေအာင္စစ္သည္ ခရီးသည္တင္ မွန္လံုယာဥ္ မီးေလာင္ခဲ့တာလုိ႔ မင္းလွၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မႉး ရဲမႉးထင္ေအာင္လင္းက ေျပာပါတယ္။

“၆(က)/၂၆၉၀ ဟီးႏိုး မီနီ ဘတ္(စ္) ကားဟာ ကားေနာက္ခန္း အပူလြန္ကဲရာကေန ဝါယာေရွာ့ခ္ျဖစ္ၿပီးေတာ့ မီးစတင္ေလာင္တယ္လို႔ သိရတယ္။ မီးေလာင္တဲ့ေနရာကို ရဲတပ္ဖြဲ႔ဝင္ေတြ၊ မီးသတ္တပ္ဖြဲ႔ဝင္ေတြ၊ အေထြေထြ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ေတြနဲ႔၊ ေဒသခံျပည္သူေတြ ဝိုင္းဝန္းၿငိႇမ္းသတ္ခဲ့ရတယ္၊ လူအေသအေပ်ာက္မရွိလို႔ ေတာ္ေသးတာေပါ့။ ကားနဲ႔ ကုန္ပစၥည္းေတြကေတာ့ မီးေလာင္ ဆံုး႐ႈံးသြားတယ္။”

ျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ ယာဥ္ေမာင္း ေအာင္မ်ိဳးထက္ကို ယာဥ္ေပါ့ဆစြာေမာင္းႏွင္ၿပီး ဝါယာေရွာ့ခ္ျဖစ္ကာ မီးေလာင္ကြၽမ္းေစတဲ့အတြက္ မင္းလွၿမိဳ႕မရဲစခန္းမွာ ရာဇသတ္ႀကီး ပုဒ္မ-၂၈၅ နဲ႔ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။

သတင္း-မင္းထီး

Unicodeဖြင့်ဖတ်ရန်

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မိုင်တိုင်အမှတ် (၁၇/၃)နဲ့ (၁၇/၄)ကြား မှာ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက ခရီးသည်တင် မီနီဘတ်(စ်)ကားတစီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ခရီးသည် ၁၅ ဦးကိုတင်ဆောင်ပြီး အောင်မျိုးထက် မောင်းနှင်လာတဲ့ အောင်စစ်သည် ခရီးသည်တင် မှန်လုံယာဉ် မီးလောင်ခဲ့တာလို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောပါတယ်။

“၆(က)/၂၆၉၀ ဟီးနိုး မီနီ ဘတ်(စ်) ကားဟာ ကားနောက်ခန်း အပူလွန်ကဲရာကနေ ဝါယာရှော့ခ်ဖြစ်ပြီးတော့ မီးစတင်လောင်တယ်လို့ သိရတယ်။ မီးလောင်တဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်၊ လူအသေအပျောက်မရှိလို့ တော်သေးတာပေါ့။ ကားနဲ့ ကုန်ပစ္စည်းတွေကတော့ မီးလောင် ဆုံးရှုံးသွားတယ်။”

ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း အောင်မျိုးထက်ကို ယာဉ်ပေါ့ဆစွာမောင်းနှင်ပြီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းစေတဲ့အတွက် မင်းလှမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Credit: DVB