Zawgyi ဖြင့်ဖတ်၇န်






Unicodeဖြင့်ဖတ်ရန်
နိုင်ငံကျော်သရုပ်ဆောင် ဒွေးခေတ်မှာ ဒွေးနဲ့အတူအနုညာလောကထဲကိုရောက်ရှိလာခဲ့ပြီး ဒွေးကို ဆရာတစ်ဆူလို ကိုးကွယ်ခဲ့ကြအထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင်ဖိုးကျော်ဟာ ဒွေးသေဆုံးပြီးနောက်ပိုင်းမှာတော့ အနုပညာလောကနဲ့ အချိန်အတိုင်းအတာတစ်ခုကြာအောင် ပျောက်ဆုံးနေခဲ့ပါတယ်။ သူဟာ ယခုနှစ်ထဲမှာတော့ ရုပ်သံဇာတ်လမ်းတွဲ တစ်ချို့မှာ ပါဝင်သရုပ်ဆောင် လာပြီး အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာပါတယ်။ ဒီလိုလုပ်ကိုင်လာတဲ့နေရာမှာ အနုပညာသားချင်း ခွဲခြားဆက်ဆံမှုတွေ ရိုသေလေးစားမှုမရှိတာတွေ နှိမ့်ချဆက်ဆံတာတွေ ရှိနေတဲ့ အကြောင်းကို ပွင့်လင်းရိုးသားစွာ ပြောပြလာပါတယ်။

သရုပ်ဆောင် ဖိုးကျော်ကို စိတ်ဆိုးစေခဲ့တာကတော့ ရုပ်သံမီဒီယာတစ်ခုရဲ့ ဇာတ်လမ်းတွဲရိုက်ကူးတဲ့ကိစ္စနဲ့ အစချီခဲ့ပါတယ်။ သူပြောပြလာတာကတော့ ” Mrtv4 ကနေဇာတ်လမ်းတွဲကိုအဖေခန်းကရိုက်ဖို့ ကမ်းလှမ်းတယ်၊ နိုင်ငံခြားဒါရိုက်တာဖြစ်နေတယ် ၊ အကိုမှအကိုဖြစ်နေတယ်ဆိုလို့ရိုက်မယ်ပေါ့ လုပ်ရမယ့်ကိုင်ရမယ့်ဟာလေးတွေကိုလဲ သဘောကြတယ် ၊ ရိုက်မယ်ပေါ့ အားလုံးပြီးတော့မှ အနုပညာကြေးကျတော့မှ ဒီဇာတ်ကောင်အတွက်က ဒီလောက်ဘဲသုံးမယ်လို့ မှန်းထားတယ်ဆိုတဲ့ စကားကကျွန်တော့စိတ်ထဲမှာအဆင်မပြေဘူး သူခိုးဈေးလိုဖြစ်နေတယ် အဲ့ဒါကြောင့် မရိုက်တော့ဘူး အဖေခန်းဖြစ်နေတဲ့ဟာက လုပ်ရကိုင်ရမယ့်ဟာလေးတွေမို့လက်ခံတာလေ ငွေရေးကြေးရေးအထိ နှိမ်လာတာကျတော့ကျွန်တော်မလုပ်ချင်တော့ဘူး ” ဆိုကာ သူငြင်းခဲ့တဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

ဆက်ပြီးသူက “mrtv4 ကရိုက်ကူးဖို့ခေါ်တာ ၄ခါရှိ ၊ လက်မခံဖြစ်ဘူး ခုတော့ သူခိုးဈေးပေးလို့မလုပ်နိုင်ဘူး ၊ ဒီနေရာမှာ ဒီဇာတ်ကောင်အတွက် ဒီလောက်ဘဲမှန်းထားတယ်ဆိုတဲ့ အဲ့တန်ဖိုးကို ဘယ်အတိုင်းအတာဘယ်တန်ဖိုးနဲ့ တိုင်းထားလဲ ဘယ်တန်ဖိုးနဲ့ တိုင်းတာလဲ ကျွန်တော်တောင်းတာ နည်းနည်းလေးပါ၊ ဘယ်မင်းသား မင်းသမီးတွေလို ဒိတ်ဒိတ်ကျဲမတောင်းပါဘူး ကျွန်တော်လဲအဲ့ကောင်တွေလိုမဟုတ်ဘူး၊ အဲ့ကောင်တွေရဲ့ စိတ်ဓါတ်နဲ့လဲမတူဘူး ကြီးကြီးကျယ်ကျယ်နဲ့ သူများတွေနဲ့ မတူအောင်ဖင်ခေါင်းကျယ်ပြီးတောင်တာလဲ မဟုတ်ဘူး၊ ကျွန်တော့တန်ရာတန်ကြေးလေးကိုတောင်းတာ ဒီဇာတ်ကောင်အတွက် ဒီလောက်ဘဲမှန်းတာဆိုတော့ ကျွန်တော်တို့က ဟင်းရွက်ကန်စွန်းရွက်ရောင်းတာမဟုတ်ဘူး ” တဲ့

အဲ့ဒီနောက်မှာတော့ ” ခံစားချက်ရှိတဲ့လူတွေဘဲ တန်ဖိုးအရအတူတူဘဲ နောက်ပြီးမြန်မာပြည်မှာ ငွေကြေးပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်တာတွေ ဖြစ်သွားတယ်၊ လူတွေကိုလူတွေလိုမဆက်ဆံချင်ဘူး၊ သူတို့ မင်းသားကလဲ မင်းသားအထာ၊ မင်းသမီးကလဲ မင်းသမီးအထာ ကျွန်တော်စောင့်မြင်ကပ်တယ် အဲ့ဟာမျိုးတွေကို အားလုံးက respect ရှိရမယ်၊ ဟောလီဝုဒ်မှာအဲ့ဒါမ၇ှိဘူး၊ အိန္ဒိယမှာအဲ့ဒါမရှိဘူး ၊သူ့ respect နဲ့ သူဘဲ အားလုံးပေါ်မှာ respect ရှိတယ်။ ဒါပေမယ့် ဒီမှာမရှိဘူး ” ဆိုပြီး စိတ်ခံစားချက်တွေကို ဒဲ့ပြောလာပါတယ်။

သူခံယူထားတဲ့ အနုပညာအကြောင်းကိုလဲ ” အနုပညာဆိုတာနှလုံးသားကိုညှစ်ရတာ တကယ့်အနုပညာ လုပ်တဲ့သူတွေက နှလုံရောဂါနဲ့ဘဲသေကြတာ ၊ နှလုံးသား နဲ့ ဦးနှောက်က အသွားအပြန်မှာ ဝမ်းမက်တာ လို့ခေါ်တယ် အဲ့မှာ မု ဆိုတဲ့ဟာလေးကမိတာ၊ အဲ့မှာလွှတ်သွားတာဆိုရင် အိုက်တင်ရှော့ဆိုတာဖြစ်တယ် ၊အဲ့ခါ သေတက်တယ် မသေရင်ရူးတက်တယ် ၊ အဲ့ဒါတွေက အင်တာနေရှင်နယ်မှာကိုရှိတယ် ” လို့လဲ သူရဲ့ ဖြတ်သန်းလာခဲ့ပုံနဲ့ ကြိုးစားအားထုတ်ခဲ့ပုံတွေကို ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ” စကားပြောကြမ်းရင်လဲကြမ်းမယ်၊ မိုက်ရိုင်းတာဖြစ်ရင်လဲဖြစ်မယ် ၊ ကျွန်တော်တောင်းပန်တယ် စေတနာနဲ့ အားမလိုအားမရပြောတာ ဘယ်သူကဘာပြောလို့မှ တုန့်ပြန်တာမဟုတ်ဘူး၊ ကျွန်တော်လုပ်ခွင့်မရရင် လုပ်ခွင့်ရတဲ့သူတွေကို ကောင်းကောင်းကြီးချိုးစေချင်တယ် အချိုးအကွေ့တွေ ” ဆိုကာ သူဖြစ်စေချင်တာတွေကိုပြောရင်း တောင်းပန်ခဲ့ပါသေးတယ်။ ဖိုးကျော်ရဲ့ ပရိသတ်တွေရေ Like & Share လေးလုပ်ပေးခဲ့ပါဦးနော်။ ချစ်တဲ့ ပရိသတ်ကြီး ကျေးဇူးပါလို့။
Credit – KKK(momolay)