Zawgyi ျဖင့္ဖတ္၇န္
ကြယ္လြန္သြားတဲ့ ဖခင္ကို ဂုဏ္ျပဳဖို႔အတြက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္က အျမင့္ေပ ၁၉၃၄၁ ျမင့္တဲ့ အာဖရိကရဲ႕ အျမင့္ဆုံး ေတာင္ထိပ္ကို တက္ေရာက္ၿပီး ကမၻာ့စံခ်ိန္တင္ခဲ့ပါတယ္။

ကီလီမန္ဂ်ာ႐ိုေတာင္(Mt. Kilimanjaro) ဟာ အရမ္းျမင့္သလို မိုးနဲ႔ ဆီးႏွင္းေတြ အဆက္မျပတ္ ႐ြာသြန္းေလ့ရွိပါတယ္။ ဒါေပမဲ့ တကၠဆက္ျပည္နယ္က ၇ ႏွစ္သမီး မြန္တားနားကင္ေနး (Montannah Kenney) ကေတာ့ မိခင္ျဖစ္သူ ဟိုလီကင္ေနး(Hollie Kenney)နဲ႔အတူ အခ်ိန္တစ္ပတ္အတြင္း ကီလီမန္ဂ်ာ႐ိုေတာင္ထိပ္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။

၂၀၁၃ ခုႏွစ္က မြန္တားနားရဲ႕(၃)ႏွစ္ျပည့္ေမြးေန႔ပြဲ က်င္းပၿပီး မၾကာခင္အခ်ိန္အတြင္းမွာပဲ သူ႕ဖခင္ ကြယ္လြန္သြားခဲ့ပါတယ္။ ကီလီမန္ဂ်ာ႐ိုေတာင္ထိပ္ကို တက္ေရာက္တာ ကမၻာ့စံခ်ိန္တင္ဖို႔ဆိုတာထက္ ဖခင္ကို အမွတ္တရဂုဏ္ျပဳခ်င္တဲ့စိတ္က ပိုၿပီးအဓိကက်တယ္လို႔ မြန္တားနားက ေျပာပါတယ္။ “အေဖနဲ႔ နီးတဲ့ေနရာမွာရွိခ်င္ပါတယ္။ သမီး ပိုျမင့္တဲ့ေနရာကို တက္ေလေလ ေကာင္းကင္ဘုံက အေဖနဲ႔ ပိုနီးေလေလပါပဲ” လို႔ မြန္တားနားက ေျပာပါတယ္။ သူ႕အေမနဲ႔ သူ႕အေဒၚ စကားေျပာေနတုန္း ကီလီမန္ဂ်ာ႐ိုေတာင္အေၾကာင္း တစ္စြန္းတစ္စၾကားခဲ့တဲ့ မြန္တားနားက “သူလည္းေတာင္တက္မယ္”လို႔ မိခင္ကို ပူဆာခဲ့တာပါ။

ေတာင္တက္ဖို႔အတြက္ သူတို႔သားအမိ ပထမဆုံးႀကဳံရတဲ့ အခက္အခဲကေတာ့ အသက္ ၁၀ ႏွစ္ျပည့္မွ ကီလီမန္ဂ်ာ႐ိုေတာင္ တက္ခြင့္ရမယ္ ဆိုတဲ့ ကန္႔သတ္ခ်က္ပါ။ အသက္မျပည့္ဘဲ ေတာင္တက္ခ်င္ရင္ အထူးခြင့္ျပဳခ်က္လိုတဲ့အတြက္ သူတို႔သားအမိက ၂၀၁၉ ခုႏွစ္မွ ေတာင္တက္ေတာ့မယ္လို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ အသက္ ၈ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ကီလီမန္ဂ်ာ႐ိုေတာင္ကို တက္ေရာက္ခဲ့ဖူးတယ္ဆိုတဲ့ သတင္း ၾကားရၿပီးေနာက္မွာ မြန္တားနားနဲ႔ ဟိုလီတို႔ သားအမိေတာင္တက္ဖို႔ စိုင္းျပင္းခဲ့ၾကပါတယ္။ မြန္တားနားရဲ႕ ၈ ႏွစ္ျပည့္ ေမြးေန႔ မတိုင္ခင္ ေတာင္တက္ဖို႔ စီစဥ္ၿပီး ေတာင္တက္လမ္းျပ ငွားရမ္းခဲ့ပါတယ္။

တကၠဆက္ျပည္နယ္ ေအာ္စတင္တစ္ဝိုက္မွာ ေတာင္တက္ေလ့က်င့္ဖို႔ေတာင္မရွိေပမယ့္ သူတို႔သားအမိက အခ်ိန္ၾကာၾကာ ေတာၾကမ္းခရီးႏွင္ၿပီး ေလ့က်င့္ခဲ့ပါတယ္။ မိခင္ျဖစ္သူ ဟိုလီက သုံးမ်ိဳးစုံအားကစားနည္းမွာ ပေရာ္ဖက္ရွင္နယ္အားကစားမယ္ေဟာင္းတစ္ဦးပါ။ ဒါေၾကာင့္ ကီလီမန္ဂ်ာ႐ိုေတာင္ မတက္ခင္ သူတို႔သားအမိ ႏွစ္ဦးလုံး အေကာင္းဆုံးပုံစံရခဲ့ပါတယ္။

မတ္လ ၁၀ ရက္ေန႔က ေတာင္စတက္တဲ့ သူတို႔သားအမိဟာ မတ္လ ၁၆ ရက္ေန႔မွာ ကီလီမန္ဂ်ာ႐ိုေတာင္ထိပ္ကို ေရာက္ရွိခဲ့ပါတယ္။ ေတာင္ထိပ္ေရာက္ခ်ိန္မွာ မြန္တားနားဟာ အသက္ ၂၈၆၅ ရက္ ရွိေနပါၿပီ။မြန္တားနားမတိုင္ခင္ ကီလိုမန္ဂ်ာ႐ိုေတာင္ထိပ္ကို တက္ေရာက္ခဲ့ဖူးတဲ့ ကေလးငယ္ႏွစ္ေယာက္ ရွိခဲ့ဖူးပါတယ္။ ႏွစ္ေယာက္လုံးက အသက္ ၇ ႏွစ္အ႐ြယ္ေတြပါပဲ။ ၂၀၀၈ ခုႏွစ္မွာကိ(တ္)ဘြိဳက္(Keats Boyd)၊ ၂၀၁၈ ခုႏွစ္ အေစာပိုင္းမွာ ကက္ရွ္ကယ္လာဟန္(Cash Callahan)တို႔ကလည္း ေတာင္ထိပ္ေရာက္ေအာင္ တက္ႏိုင္ခဲ့ပါတယ္။

ေတာင္ထိပ္ေရာက္ခ်ိန္မွာ ကက္ရွ္ကယ္လာဟန္ထက္ အသက္ရက္ပိုင္းေလာက္ ပိုႀကီးသြားတဲ့ မြန္တားနားက ကီလီမန္ဂ်ာ႐ိုေတာင္ကို တက္ေရာက္ႏိုင္တဲ့ အသက္အငယ္ဆုံးေတာင္တက္သမားစံခ်ိန္ကို မရခဲ့ေပမဲ့လည္း အသက္အငယ္ဆုံး မိန္းကေလးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
Unicodeဖြင့်ဖတ်ရန်
ကွယ်လွန်သွားတဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် ၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အမြင့်ပေ ၁၉၃၄၁ မြင့်တဲ့ အာဖရိကရဲ့ အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ကီလီမန်ဂျာရိုတောင်(Mt. Kilimanjaro) ဟာ အရမ်းမြင့်သလို မိုးနဲ့ ဆီးနှင်းတွေ အဆက်မပြတ် ရွာသွန်းလေ့ရှိပါတယ်။ ဒါပေမဲ့ တက္ကဆက်ပြည်နယ်က ၇ နှစ်သမီး မွန်တားနားကင်နေး (Montannah Kenney) ကတော့ မိခင်ဖြစ်သူ ဟိုလီကင်နေး(Hollie Kenney)နဲ့အတူ အချိန်တစ်ပတ်အတွင်း ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တာပါ။

၂၀၁၃ ခုနှစ်က မွန်တားနားရဲ့(၃)နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပပြီး မကြာခင်အချိန်အတွင်းမှာပဲ သူ့ဖခင် ကွယ်လွန်သွားခဲ့ပါတယ်။ ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်တာ ကမ္ဘာ့စံချိန်တင်ဖို့ဆိုတာထက် ဖခင်ကို အမှတ်တရဂုဏ်ပြုချင်တဲ့စိတ်က ပိုပြီးအဓိကကျတယ်လို့ မွန်တားနားက ပြောပါတယ်။ “အဖေနဲ့ နီးတဲ့နေရာမှာရှိချင်ပါတယ်။ သမီး ပိုမြင့်တဲ့နေရာကို တက်လေလေ ကောင်းကင်ဘုံက အဖေနဲ့ ပိုနီးလေလေပါပဲ” လို့ မွန်တားနားက ပြောပါတယ်။ သူ့အမေနဲ့ သူ့အဒေါ် စကားပြောနေတုန်း ကီလီမန်ဂျာရိုတောင်အကြောင်း တစ်စွန်းတစ်စကြားခဲ့တဲ့ မွန်တားနားက “သူလည်းတောင်တက်မယ်”လို့ မိခင်ကို ပူဆာခဲ့တာပါ။

တောင်တက်ဖို့အတွက် သူတို့သားအမိ ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ အသက် ၁၀ နှစ်ပြည့်မှ ကီလီမန်ဂျာရိုတောင် တက်ခွင့်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ပါ။ အသက်မပြည့်ဘဲ တောင်တက်ချင်ရင် အထူးခွင့်ပြုချက်လိုတဲ့အတွက် သူတို့သားအမိက ၂၀၁၉ ခုနှစ်မှ တောင်တက်တော့မယ်လို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ကီလီမန်ဂျာရိုတောင်ကို တက်ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သတင်း ကြားရပြီးနောက်မှာ မွန်တားနားနဲ့ ဟိုလီတို့ သားအမိတောင်တက်ဖို့ စိုင်းပြင်းခဲ့ကြပါတယ်။ မွန်တားနားရဲ့ ၈ နှစ်ပြည့် မွေးနေ့ မတိုင်ခင် တောင်တက်ဖို့ စီစဉ်ပြီး တောင်တက်လမ်းပြ ငှားရမ်းခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် အော်စတင်တစ်ဝိုက်မှာ တောင်တက်လေ့ကျင့်ဖို့တောင်မရှိပေမယ့် သူတို့သားအမိက အချိန်ကြာကြာ တောကြမ်းခရီးနှင်ပြီး လေ့ကျင့်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဟိုလီက သုံးမျိုးစုံအားကစားနည်းမှာ ပရော်ဖက်ရှင်နယ်အားကစားမယ်ဟောင်းတစ်ဦးပါ။ ဒါကြောင့် ကီလီမန်ဂျာရိုတောင် မတက်ခင် သူတို့သားအမိ နှစ်ဦးလုံး အကောင်းဆုံးပုံစံရခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့က တောင်စတက်တဲ့ သူတို့သားအမိဟာ မတ်လ ၁၆ ရက်နေ့မှာ ကီလီမန်ဂျာရိုတောင်ထိပ်ကို ရောက်ရှိခဲ့ပါတယ်။ တောင်ထိပ်ရောက်ချိန်မှာ မွန်တားနားဟာ အသက် ၂၈၆၅ ရက် ရှိနေပါပြီ။မွန်တားနားမတိုင်ခင် ကီလိုမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်ခဲ့ဖူးတဲ့ ကလေးငယ်နှစ်ယောက် ရှိခဲ့ဖူးပါတယ်။ နှစ်ယောက်လုံးက အသက် ၇ နှစ်အရွယ်တွေပါပဲ။ ၂၀၀၈ ခုနှစ်မှာကိ(တ်)ဘွိုက်(Keats Boyd)၊ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ကက်ရှ်ကယ်လာဟန်(Cash Callahan)တို့ကလည်း တောင်ထိပ်ရောက်အောင် တက်နိုင်ခဲ့ပါတယ်။

တောင်ထိပ်ရောက်ချိန်မှာ ကက်ရှ်ကယ်လာဟန်ထက် အသက်ရက်ပိုင်းလောက် ပိုကြီးသွားတဲ့ မွန်တားနားက ကီလီမန်ဂျာရိုတောင်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံးတောင်တက်သမားစံချိန်ကို မရခဲ့ပေမဲ့လည်း အသက်အငယ်ဆုံး မိန်းကလေးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
Ref: USA Today & CBS News

Credit; Nz (႐ိုးရာေလး)

LEAVE A REPLY