Zawgyi ျဖင့္ဖတ္၇န္

ထိုင္းႏိုင္ငံ ေတာင္ပိုင္း၊ ရေနာင္းခ႐ုိင္၊ ရေနာင္းၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ လူသတ္မႈေၾကာင့္ ေထာင္ခ်ခံရတဲ့ ျမန္မာလူငယ္ ၄ ဦးအနက္ အသက္အငယ္ဆံုး လူငယ္ ၁ ဦး ျပန္လည္ လြတ္ေျမာက္လာၿပီျဖစ္ပါတယ္။

ရေနာင္းၿမိဳ႕မွာ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က အက္ပန္႔လ္ (Apple) ဆိုသူ ထိုင္း-ျမန္မာကျပား အထက္တန္းေက်ာင္းသူတဦး ထိုးသြင္းဒဏ္ရာေပါင္း ၁၇ ခ်က္နဲ႔ ေသဆံုးသြားခဲ့တဲ့ အမႈနဲ႔ ပတ္သက္ၿပီး ျမန္မာအလုပ္သမားလူငယ္ ၄ ဦးကို ၿပီးခဲ့တဲ့ ဧၿပီ ၁၉ ရက္မွာ ရေနာင္းခ႐ုိင္တရား႐ုံးက ေထာင္ဒဏ္ေတြ အသီးသီး ခ်မွတ္ခဲ့တာပါ။

ခ႐ုိင္တရား႐ုံး စီရင္ခ်က္မွာ ေဇာ္ေလး (အသက္ ၂၅ ႏွစ္)က ေထာင္ဒဏ္ ၆ ႏွစ္၊ စိန္ဂတံုးက (အသက္ ၂၀ ႏွစ္) က ေထာင္ဒဏ္ ၈ ႏွစ္နဲ႔ ေသဆံုးသူရဲ႕ မိခင္အတြက္ နစ္နာေၾကးအရပ္ရပ္ ဘတ္ေငြ ၈ သိန္း ၁ ေသာင္းစီ ေပးေလ်ာ္ဖို႔ ခ်မွတ္လိုက္ၿပီး လူငယ္တရား႐ုံးက ခ်မွတ္ခဲ့တဲ့စီရင္ခ်က္မွာေတာ့ မိုးဇင္ေအာင္ (အသက္ ၁၉ ႏွစ္)က ေထာင္ဒဏ္ ၄ ႏွစ္၊ ေက်ာ္စိုး၀င္း (အသက္ ၁၈ ႏွစ္) က ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ေသဆံုးသူရဲ႕ မိခင္အတြက္ နစ္နာေၾကး ဘတ္ေငြ ၅ သိန္း ၇ ေသာင္း စီေပးေဆာင္ဖို႔ ခ်မွတ္ခဲ့တာပါ။

သူတို႔ထဲက အသက္အသက္အငယ္ဆံုးျဖစ္သူ ေက်ာ္စိုး၀င္းကေတာ့ ႏွစ္ႏွစ္ေလာက္ အခ်ဳပ္ထဲမွာ ေနခဲ့ရၿပီးျဖစ္တဲ့အတြက္ စီရင္ခ်က္ခ်တဲ့ေန႔မွာဘဲ ျပန္လြတ္လာၿပီး ၿပီးခဲ့တဲ့ ၂၀ ရက္ေန႔က ျမန္မာျပည္ရွိ မိဘေဆြမ်ိဳးလက္ထဲ ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။

ျမန္မာလူငယ္ေတြကို ကူညီေပးေနတဲ့ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းကကိုမင္းဦးက “ေက်ာ္စိုး၀င္းကေတာ့ သူ႔ကို ခ်ဳပ္ေႏွာင္ထားတာ ၂ ႏွစ္ေက်ာ္သြားတဲ့အတြက္ေၾကာင့္ စီရင္ခ်က္က ျပည့္သြားတာေပါ့။ သူလြတ္ေတာ့ ထိုင္းလ၀က ဘက္ကိုလႊဲေပးတယ္။ ေနာက္တခါ အစိုးရေရွ႕ေနေတြက ေမးစရာရွိလို႔ဆို ျပန္ေခၚသြားေရာ၊ သူဟာ သက္ငယ္လည္းျဖစ္ေနတာေၾကာင့္ လ၀က လက္ထဲၾကာၾကာ မေနေစခ်င္လို႔ ေနာက္တေန႔မွာ က်ေနာ္တို႔လဲ ျမန္မာသံ႐ုံးအလုပ္သမားအရာရွိပါေခၚၿပီး သူ႔ကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔ သြားေျပာၾကတယ္ခင္ဗ်။ ၿပီးေတာ့ ေန႔ခင္းပိုင္းမွာ အလုပ္သမား သံအရာရွိက ရေနာင္းၿမဳိ႕ ဆဖန္းပလာတံတားမွာ မိဘေဆြမ်ိဳးေတြကို လႊဲေပးခဲ့ပါတယ္”လို႔ေျပာပါတယ္။

ဒီအမႈမွာ ျမန္မာလူငယ္ေတြ လူသတ္မႈက်ဴးလြန္ေၾကာင္း ခိုင္လံုတဲ့သက္ေသ အေထာက္အထားမရွိဘဲ စြပ္စြဲခ်မွတ္ခံရတာ၊ လူသတ္မႈမက်ဴးလြန္တဲ့အေထာက္အထားေတြကို ေသခ်ာစစ္ေဆးအသံုးျပဳျခင္းမခံရတာေတြေၾကာင့္ က်န္ရွိ ျမန္မာလူငယ္ ၃ ဦး လြတ္ေျမာက္ေရး အတြက္ အျမင့္ဆံုးဋီကာတရားရံုးခ်ဳပ္မွာ တစ္လအတြင္း အယူခံတင္ဖို႔ သက္ဆိုင္ရာေရွ႕ေနေတြနဲ႔ တိုင္ပင္ေနတယ္လို႔ ကိုမင္းဦးက ေျပာပါတယ္။
Unicodeဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းခရိုင်၊ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုကြောင့် ထောင်ချခံရတဲ့ မြန်မာလူငယ် ၄ ဦးအနက် အသက်အငယ်ဆုံး လူငယ် ၁ ဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။

ရနောင်းမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အက်ပန့်လ် (Apple) ဆိုသူ ထိုင်း-မြန်မာကပြား အထက်တန်းကျောင်းသူတဦး ထိုးသွင်းဒဏ်ရာပေါင်း ၁၇ ချက်နဲ့ သေဆုံးသွားခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားလူငယ် ၄ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ ရနောင်းခရိုင်တရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာပါ။

ခရိုင်တရားရုံး စီရင်ချက်မှာ ဇော်လေး (အသက် ၂၅ နှစ်)က ထောင်ဒဏ် ၆ နှစ်၊ စိန်ဂတုံးက (အသက် ၂၀ နှစ်) က ထောင်ဒဏ် ၈ နှစ်နဲ့ သေဆုံးသူရဲ့ မိခင်အတွက် နစ်နာကြေးအရပ်ရပ် ဘတ်ငွေ ၈ သိန်း ၁ သောင်းစီ ပေးလျော်ဖို့ ချမှတ်လိုက်ပြီး လူငယ်တရားရုံးက ချမှတ်ခဲ့တဲ့စီရင်ချက်မှာတော့ မိုးဇင်အောင် (အသက် ၁၉ နှစ်)က ထောင်ဒဏ် ၄ နှစ်၊ ကျော်စိုးဝင်း (အသက် ၁၈ နှစ်) က ထောင်ဒဏ် ၂ နှစ်နဲ့ သေဆုံးသူရဲ့ မိခင်အတွက် နစ်နာကြေး ဘတ်ငွေ ၅ သိန်း ၇ သောင်း စီပေးဆောင်ဖို့ ချမှတ်ခဲ့တာပါ။

သူတို့ထဲက အသက်အသက်အငယ်ဆုံးဖြစ်သူ ကျော်စိုးဝင်းကတော့ နှစ်နှစ်လောက် အချုပ်ထဲမှာ နေခဲ့ရပြီးဖြစ်တဲ့အတွက် စီရင်ချက်ချတဲ့နေ့မှာဘဲ ပြန်လွတ်လာပြီး ပြီးခဲ့တဲ့ ၂၀ ရက်နေ့က မြန်မာပြည်ရှိ မိဘဆွေမျိုးလက်ထဲ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

မြန်မာလူငယ်တွေကို ကူညီပေးနေတဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကကိုမင်းဦးက “ကျော်စိုးဝင်းကတော့ သူ့ကို ချုပ်နှောင်ထားတာ ၂ နှစ်ကျော်သွားတဲ့အတွက်ကြောင့် စီရင်ချက်က ပြည့်သွားတာပေါ့။ သူလွတ်တော့ ထိုင်းလဝက ဘက်ကိုလွှဲပေးတယ်။ နောက်တခါ အစိုးရရှေ့နေတွေက မေးစရာရှိလို့ဆို ပြန်ခေါ်သွားရော၊ သူဟာ သက်ငယ်လည်းဖြစ်နေတာကြောင့် လဝက လက်ထဲကြာကြာ မနေစေချင်လို့ နောက်တနေ့မှာ ကျနော်တို့လဲ မြန်မာသံရုံးအလုပ်သမားအရာရှိပါခေါ်ပြီး သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သွားပြောကြတယ်ခင်ဗျ။ ပြီးတော့ နေ့ခင်းပိုင်းမှာ အလုပ်သမား သံအရာရှိက ရနောင်းမြို့ ဆဖန်းပလာတံတားမှာ မိဘဆွေမျိုးတွေကို လွှဲပေးခဲ့ပါတယ်”လို့ပြောပါတယ်။

ဒီအမှုမှာ မြန်မာလူငယ်တွေ လူသတ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိဘဲ စွပ်စွဲချမှတ်ခံရတာ၊ လူသတ်မှုမကျူးလွန်တဲ့အထောက်အထားတွေကို သေချာစစ်ဆေးအသုံးပြုခြင်းမခံရတာတွေကြောင့် ကျန်ရှိ မြန်မာလူငယ် ၃ ဦး လွတ်မြောက်ရေး အတွက် အမြင့်ဆုံးဋီကာတရားရုံးချုပ်မှာ တစ်လအတွင်း အယူခံတင်ဖို့ သက်ဆိုင်ရာရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ကိုမင်းဦးက ပြောပါတယ်။
Credit: DVB