Zawgyi ျဖင့္ဖတ္၇န္

သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္က ဒီေန႔(ဧၿပီ ၁၁ရက္)မွာ ေၾကးမုံသတင္းစာကေန ခင္ပြန္းအျဖစ္မွ စြန႔္လႊတ္ေၾကာင္း ေၾကညာထားတာကို ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္နဲ႔ ခင္ပြန္းျဖစ္သူ ၿဖိဳးေက်ာ္ေက်ာ္ျမတ္တို႔ဟာဆိုရင္ ၂၀၁၀ခုႏွစ္ ဧၿပီ ၇ ရက္ေန႔က ထိမ္းျမားလက္ ထပ္ခဲ့ၾကတာျဖစ္ၿပီး အိမ္စည္ျမင့္မိုရ္ေက်ာ္ဆိုတဲ့ သုံးႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္လည္း ရွိပါတယ္။

ဒီေန႔ထုတ္ ေၾကးမႈံသတင္းစာမွာ ေရးသားထားတာက အၾကင္လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္စဥ္ ကာလအတြင္းမွာ ဇနီးျဖစ္သူကို လင္ဝတၱရားအညီ ရွာေဖြေကြၽးေမြးေထာက္ပံ့မႈ မျပဳျခင္း၊ ဇနီးျဖစ္သူရဲ႕ အႏုပညာအလုပ္ေတြမွာ နည္းမ်ိဳးစုံနဲ႔ ဝင္ေရာက္ဟန႔္တားေႏွာက္ယွက္သလို ဇနီးျဖစ္သူ ရဲ႕ ဂုဏ္သိကၡာက်ဆင္းေစရန္ မဟုတ္မမွန္တရားစြဲဆိုေျပာဆိုျခင္းေတြ၊ အႀကိမ္ႀကိမ္ မဖြယ္မရာျပဳမႈေျပာဆို ဆက္ဆံျခင္း ေတြေၾကာင့္ စိတ္သေဘာထားခ်င္း လုံးဝမတိုက္ဆိုင္ေတာ့သျဖင့္ လင္မယားအျဖစ္ အတူတကြဆက္လက္ေပါင္းသင္းေနထိုင္ဖို႔ မျဖစ္ေတာ့ေၾကာင္းလို႔ ပါဝင္ပါတယ္။

မ်ိဳးစႏၵီေက်ာ္နဲ႔ ခင္ပြန္းျဖစ္သူတို႔ဟာ ၂၀၁၆ခုႏွစ္ ဧၿပီ(၄) ရက္ေန႔ကတည္းက အခုခ်ိန္ထိ လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္ျခင္း မရွိေတာ့ဘဲ သီးျခားစီခြဲျခားေနထိုင္ခဲ့တယ္လို႔လည္း ေရးသားထားပါတယ္။

မ်ိဳးစႏၵီေက်ာ္ဟာ အႏုပညာအလုပ္ေတြနဲ႔ ကင္းကြာေနခဲ့တာ (၃)ႏွစ္ေက်ာ္ေလာက္ ရွိေနခဲ့ၿပီး ဇာတ္ကားေတြ မ႐ိုက္ကူးျဖစ္တာ ကေတာ့ (၅)ႏွစ္ေလာက္ရွိခဲ့ပါၿပီ။ သူမက အႏုပညာအလုပ္ေတြနဲ႔ ကင္းကြာေနေပမယ့္ သမီးေလးကေတာ့ ေၾကာ္ျငာေတြ ႐ိုက္ကူးျဖစ္ေနတာလည္း ေတြ႕ရပါတယ္။

Unicodeဖြင့်ဖတ်ရန်

သရုပ်ဆောင် မျိုးစန္ဒီကျော်က ဒီနေ့(ဧပြီ ၁၁ရက်)မှာ ကြေးမုံသတင်းစာကနေ ခင်ပွန်းအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာထားတာကို တွေ့ရပါတယ်။

သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်တို့ဟာဆိုရင် ၂၀၁၀ခုနှစ် ဧပြီ ၇ ရက်နေ့က ထိမ်းမြားလက် ထပ်ခဲ့ကြတာဖြစ်ပြီး အိမ်စည်မြင့်မိုရ်ကျော်ဆိုတဲ့ သုံးနှစ်အရွယ် သမီးလေးတစ်ယောက်လည်း ရှိပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာ ရေးသားထားတာက အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်စဉ် ကာလအတွင်းမှာ ဇနီးဖြစ်သူကို လင်ဝတ္တရားအညီ ရှာဖွေကျွေးမွေးထောက်ပံ့မှု မပြုခြင်း၊ ဇနီးဖြစ်သူရဲ့ အနုပညာအလုပ်တွေမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်ဟန့်တားနှောက်ယှက်သလို ဇနီးဖြစ်သူ ရဲ့ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်တရားစွဲဆိုပြောဆိုခြင်းတွေ၊ အကြိမ်ကြိမ် မဖွယ်မရာပြုမှုပြောဆို ဆက်ဆံခြင်း တွေကြောင့် စိတ်သဘောထားချင်း လုံးဝမတိုက်ဆိုင်တော့သဖြင့် လင်မယားအဖြစ် အတူတကွဆက်လက်ပေါင်းသင်းနေထိုင်ဖို့ မဖြစ်တော့ကြောင်းလို့ ပါဝင်ပါတယ်။

မျိုးစန္ဒီကျော်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ၂၀၁၆ခုနှစ် ဧပြီ(၄) ရက်နေ့ကတည်းက အခုချိန်ထိ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း မရှိတော့ဘဲ သီးခြားစီခွဲခြားနေထိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

မျိုးစန္ဒီကျော်ဟာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တာ (၃)နှစ်ကျော်လောက် ရှိနေခဲ့ပြီး ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာ ကတော့ (၅)နှစ်လောက်ရှိခဲ့ပါပြီ။ သူမက အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် သမီးလေးကတော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတာလည်း တွေ့ရပါတယ်။

Photo : မ်ိဳးစႏၵီေက်ာ္

Credit: Duwun