Zawgyi ျဖင့္ဖတ္၇န္

NVC ကတ္ကိုင္႐ုံနဲ႔ ႏုိင္ငံအတြင္း ႀကိဳက္တဲ့ေနရာ သြားလို႔ရတယ္ဆိုတာ လံုးဝမဟုတ္သလို ေလၽွာက္ထားသူတိုင္း အခ်ိန္ငါးလၾကာရင္ ႏုိင္ငံသားျဖစ္ခြင့္ရမွာ မဟုတ္ဘူးလို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

ဒီကေန႔ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆုိင္ရာ ေဆြးေႏြးပြဲမွာ NVC ကတ္ကိုင္ေဆာင္သူေတြကိစၥနဲ႔ ပတ္သက္ၿပီး မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကို ျပည္ေထာင္စုဝန္ႀကီးက ျပန္လည္ေျဖဆိုခဲ့တာပါ။

“လြတ္လပ္စြာသြားခြင့္ရွိတယ္ဆိုတာ သက္ဆုိင္ရာၿမိဳ႕နယ္အတြင္းမွာ လြတ္လပ္စြာ သြားခြင့္ရွိတာပါ။ အခု မီဒီယာေတြ ေဖာ္ျပေနသလို ဒီ NVC ကိုင္႐ုံနဲ႔ ႏုိင္ငံအတြင္း ႀကိဳက္တဲ့ေနရာ သြားခြင့္ရတယ္ဆိုတာ လံုးဝ မဟုတ္ပါဘူး။ ခြင့္လည္း မျပဳႏုိင္ပါဘူး။ ၿပီးေတာ့ ပံုစံ ၄ ျဖည့္ရတယ္ဆုိတာ ပံုစံ ၄ ျဖည့္ၿပီးမွပဲ ႏုိင္ငံသား ဘယ္အဆင့္ရမယ္ဆုိတာ ႏုိင္ငံသားမွတ္ပံုတင္ ေလၽွာက္ရမွာပါ။ ခုိင္ခုိင္မာမာေျပာခ်င္ပါတယ္။ NVC ထုတ္ေပးစဥ္က တည္းက အခြင့္အေရးေတြ၊ ရပိုင္ခြင့္ေတြနဲ႔ ကန္႔သတ္ခ်က္အတုိင္းျဖစ္ပါတယ္”လို႔ ျပည္ေထာင္စု ၀န္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

NVC ကတ္ရ႐ုံနဲ႔ ႀကိဳက္တဲ့ေနရာ သြားခြင့္ျပဳတယ္ဆုိတာ လံုး၀မဟုတ္ဘဲ NVC ကတ္ဟာ ႏုိင္ငံအတြင္းမွာ ေနတယ္ဆိုတာကို အသိအမွတ္ျပဳတာျဖစ္တယ္၊ ပံုစံ ၄ ျဖည့္ၿပီးမွ စာရြက္စာတမ္း အေထာက္အထားေတြ ခုိင္လံုမွ လုပ္ငန္းစဥ္အတိုင္း ၿမိဳ႕နယ္၊ ခရုိင္၊ ျပည္ နယ္ကေန ဗဟုိအဆင့္က စိစစ္ၿပီး ဥပေဒနဲ႔အညီ ႏုိင္ငံသားလား၊ ဧည့္ႏုိင္ငံသားလား၊ ႏိုင္ငံသားျပဳခြင့္ရသူလား ဆုိၿပီး ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ငါးလအတြင္းမွာ သူဟာ ဘယ္အဆင့္ရမယ္၊ ဒါေတာင္မွ နံပါတ္ (၁) သူကိုယ္တုိင္ လာေလၽွာက္မွ၊ နံပါတ္ (၂) သူ႔ဆီမွာရွိတဲ့ အခ်က္အလက္ေတြ ခုိင္ခုိင္မာမာရွိမွ၊ ဥပေဒနဲ႔ညီမွ သူရသင့္တဲ့ ႏုိင္ငံသား အဆင့္အတန္းရမွာျဖစ္ပါတယ္။ ေလၽွာက္တုိင္း ငါးလၾကာရင္ ႏုိင္ငံသား ျဖစ္မယ္ဆုိတာ အင္မတန္ကို ၁၉၈၂ ခုႏွစ္ ဥပေဒနဲ႔လည္း မညီညြတ္ပါဘူး။ အဲဥပေဒအတုိင္း ေဆာင္ရြက္မွာျဖစ္ပါတယ္။ ျပည္သူေတြ စိုးရိမ္စရာမရွိပါဘူး” လို႔ ဝန္ႀကီး ဦးသိန္းေဆြ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၁၉ ရက္က လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေကာ့ဘဇားခရီးစဥ္နဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ ဘဂၤလားေဒ့ရွ္ကေနျပန္လာမယ့္ ေနရပ္စြန္႔ခြာသူေတြကို NVC ကတ္ထုတ္ေပးၿပီး ငါးလအတြင္းႏုိင္ငံသားျဖစ္ခြင့္ ေလၽွာက္ထားႏုိင္တယ္၊ ကတ္ကိုင္ေဆာင္သူေတြ လြတ္လပ္စြာသြားလာခြင့္ ရွိတယ္လို႔ ေျပာဆုိခဲ့တာပါ။

လူကယ္ျပန္ဝန္ႀကီးရဲ႕ အဆိုပါ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ ျပည္ေထာင္စုၾက့့ံခုိင္ေရးႏွင့္ ဖြံ႕ၿဖဳိးေရးပါတီက မေန႔က ေၾကညာခ်က္ထုတ္ျပန္ၿပီး အျပင္းအထန္ ကန္႔ကြက္ထားပါတယ္။
Unicodeဖြင့်ဖတ်ရန်
NVC ကတ်ကိုင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာ သွားလို့ရတယ်ဆိုတာ လုံးဝမဟုတ်သလို လျှောက်ထားသူတိုင်း အချိန်ငါးလကြာရင် နိုင်ငံသားဖြစ်ခွင့်ရမှာ မဟုတ်ဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီကနေ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲမှာ NVC ကတ်ကိုင်ဆောင်သူတွေကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့တာပါ။

“လွတ်လပ်စွာသွားခွင့်ရှိတယ်ဆိုတာ သက်ဆိုင်ရာမြို့နယ်အတွင်းမှာ လွတ်လပ်စွာ သွားခွင့်ရှိတာပါ။ အခု မီဒီယာတွေ ဖော်ပြနေသလို ဒီ NVC ကိုင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာ သွားခွင့်ရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ခွင့်လည်း မပြုနိုင်ပါဘူး။ ပြီးတော့ ပုံစံ ၄ ဖြည့်ရတယ်ဆိုတာ ပုံစံ ၄ ဖြည့်ပြီးမှပဲ နိုင်ငံသား ဘယ်အဆင့်ရမယ်ဆိုတာ နိုင်ငံသားမှတ်ပုံတင် လျှောက်ရမှာပါ။ ခိုင်ခိုင်မာမာပြောချင်ပါတယ်။ NVC ထုတ်ပေးစဉ်က တည်းက အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေနဲ့ ကန့်သတ်ချက်အတိုင်းဖြစ်ပါတယ်”လို့ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

NVC ကတ်ရရုံနဲ့ ကြိုက်တဲ့နေရာ သွားခွင့်ပြုတယ်ဆိုတာ လုံးဝမဟုတ်ဘဲ NVC ကတ်ဟာ နိုင်ငံအတွင်းမှာ နေတယ်ဆိုတာကို အသိအမှတ်ပြုတာဖြစ်တယ်၊ ပုံစံ ၄ ဖြည့်ပြီးမှ စာရွက်စာတမ်း အထောက်အထားတွေ ခိုင်လုံမှ လုပ်ငန်းစဉ်အတိုင်း မြို့နယ်၊ ခရိုင်၊ ပြည် နယ်ကနေ ဗဟိုအဆင့်က စိစစ်ပြီး ဥပဒေနဲ့အညီ နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသားပြုခွင့်ရသူလား ဆိုပြီး ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ငါးလအတွင်းမှာ သူဟာ ဘယ်အဆင့်ရမယ်၊ ဒါတောင်မှ နံပါတ် (၁) သူကိုယ်တိုင် လာလျှောက်မှ၊ နံပါတ် (၂) သူ့ဆီမှာရှိတဲ့ အချက်အလက်တွေ ခိုင်ခိုင်မာမာရှိမှ၊ ဥပဒေနဲ့ညီမှ သူရသင့်တဲ့ နိုင်ငံသား အဆင့်အတန်းရမှာဖြစ်ပါတယ်။ လျှောက်တိုင်း ငါးလကြာရင် နိုင်ငံသား ဖြစ်မယ်ဆိုတာ အင်မတန်ကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အဲဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်သူတွေ စိုးရိမ်စရာမရှိပါဘူး” လို့ ဝန်ကြီး ဦးသိန်းဆွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော့ဘဇားခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ကနေပြန်လာမယ့် နေရပ်စွန့်ခွာသူတွေကို NVC ကတ်ထုတ်ပေးပြီး ငါးလအတွင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်တယ်၊ ကတ်ကိုင်ဆောင်သူတွေ လွတ်လပ်စွာသွားလာခွင့် ရှိတယ်လို့ ပြောဆိုခဲ့တာပါ။

လူကယ်ပြန်ဝန်ကြီးရဲ့ အဆိုပါ ပြောဆိုချက်နဲ့ပတ်သက်လို့ ပြည်ထောင်စုကြ့ံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မနေ့က ကြေညာချက်ထုတ်ပြန်ပြီး အပြင်းအထန် ကန့်ကွက်ထားပါတယ်။
Credit: DVB