Zawgyi ျဖင့္ဖတ္၇န္

အမ်ဳိးသမီးတစ္ဦးအား လိင္ပိုင္းဆိုင္ရာေႏွာက္ယွက္မႈျဖင့္ PEN Myanmar ဒါရိုက္တာအဖြဲ႕၀င္တစ္ဦးအား တိုင္ၾကားထားသည့္ကိစၥအေပၚ လိင္ပိုင္းဆိုင္ရာေႏွာက္ယွက္မႈဟန္႔တားေရးမူ၀ါဒ မထုတ္ျပန္မီ ျဖစ္ေပၚခဲ့ေသာ ကိစၥရပ္မ်ား ျဖစ္၍ ေနာက္ေၾကာင္းျပန္သက္ေရာက္မႈမရိွေစရဟု ဒါရိုက္တာအဖြဲ႕က ဆံုးျဖတ္လိုက္ေၾကာင္း ထုတ္ျပန္လိုက္သည္။

ဧျပီလ ၂၄ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္ေသာေၾကညာခ်က္တြင္ “ PEN Myanmar သည္ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈဟန္႔တားေရး မူ၀ါဒကို ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္ေရးဆြဲခဲ့ျပီး ၂၀၁၈ ခုႏွစ္ ဧျပီလ ၂၃ ရက္မွစတင္၍ အသက္၀င္ျပီျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါသည္။ ယခု ျဖစ္ရပ္မွာ PEN Myanmar အဖြဲ႔၀င္မ်ား အတြင္း လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈဟန္႔တားေရး မူ၀ါဒ ထုတ္ျပန္ျခင္းမျပဳမီကာလမ်ားက ျဖစ္ေပၚခဲ့ေသာ ကိစၥရပ္မ်ားျဖစ္သျဖင့္ ဤမူ၀ါဒအရ ေနာက္ေၾကာင္းျပန္သက္ေရာက္မႈမရိွေစရဟု ဒါရိုက္တာအဖြဲ႕က ဆံုးျဖတ္ပါသည္” ဟု ပါရိွသည္။

ျဖစ္စဥ္မွာ PEN Myanmar ဒါရိုက္တာအဖြဲ႕၀င္တစ္ဦးျဖစ္ေသာ ဦးခင္ေအာင္ေအးက အမ်ဳိးသမီးတစ္ဦး၏ ကြန္ျပဴတာအတြင္းသို႔ အျပာကားမ်ား ထည့္ေပးခဲ့ျပီး Sexual Harassment လုပ္ေနသူအား အေရးယူေပးပါရန္ ဟု ျပီးခဲ့သည့္ႏွစ္ ႏို၀င္ဘာလ ၁၄ ရက္က တိုင္ၾကားထားျခင္း ျဖစ္သည္။

ဦးခင္ေအာင္ေအးအား စစ္ေဆးရာတြင္ ခိုင္မာေသာ အေထာက္အထားမ်ား မေတြ႔ရိွခဲ့ေသာ္လည္း ၎အေပၚ သံသယျဖစ္ဖြယ္ရာအေၾကာင္းမ်ားရိွသည္ကို သံုးသပ္ေတြ႔ရိွရသည္ဟု PEN Myanmar စံုစမ္းေရးေကာ္မရွင္ ၏ ေတြ႔ရိွခ်က္ကို ေဖာ္ျပထားသည္။

လက္ရိွတြင္ အဆိုပါသူအား PEN Myanmar ၏ စည္းမ်ဥ္းမ်ား လိုက္နာရန္ တိုက္တြန္းထားျပီး ေနာင္တြင္ ယင္းကဲ့သို႔ေပၚေပါက္ပါက ဒါရိုက္တာအဖြဲ႕၀င္အျဖစ္မွလည္းေကာင္း၊ အသင္း၀င္အျဖစ္မွလည္းေကာင္း အျပီးတိုင္ထုတ္ပယ္မည္ဟု ပါရိွသည္။

PEN Myanmar ၏ စံုစမ္းေရးေကာ္မရွင္တြင္ ေဒၚခင္မမမ်ဳိး(ဒါရိုက္တာ၊ Myanmar Institute of Peace and Security Studies ) ၊ ေဒၚခင္ေလး( Triangle Women Support) ၊ ေဒၚေဆြဇင္ထိုက္၊ ေမာင္လင္းရိပ္၊ မိုဃ္းေဇာ္၊ ေမာင္ရင့္မာ၊ မ်ဳိးျမင့္ညိမ္း( PEN Myanmar ဥကၠ႒ ) တို႔ ပါ၀င္သည္
Unicodeဖြင့်ဖတ်ရန်
အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဖြင့် PEN Myanmar ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအား တိုင်ကြားထားသည့်ကိစ္စအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဟန့်တားရေးမူဝါဒ မထုတ်ပြန်မီ ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များ ဖြစ်၍ နောက်ကြောင်းပြန်သက်ရောက်မှုမရှိစေရဟု ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

ဧပြီလ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သောကြေညာချက်တွင် “ PEN Myanmar သည် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဟန့်တားရေး မူဝါဒကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်မှစတင်၍ အသက်ဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယခု ဖြစ်ရပ်မှာ PEN Myanmar အဖွဲ့ဝင်များ အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဟန့်တားရေး မူဝါဒ ထုတ်ပြန်ခြင်းမပြုမီကာလများက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များဖြစ်သဖြင့် ဤမူဝါဒအရ နောက်ကြောင်းပြန်သက်ရောက်မှုမရှိစေရဟု ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ပါသည်” ဟု ပါရှိသည်။

ဖြစ်စဉ်မှာ PEN Myanmar ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးခင်အောင်အေးက အမျိုးသမီးတစ်ဦး၏ ကွန်ပြူတာအတွင်းသို့ အပြာကားများ ထည့်ပေးခဲ့ပြီး Sexual Harassment လုပ်နေသူအား အရေးယူပေးပါရန် ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်က တိုင်ကြားထားခြင်း ဖြစ်သည်။

ဦးခင်အောင်အေးအား စစ်ဆေးရာတွင် ခိုင်မာသော အထောက်အထားများ မတွေ့ရှိခဲ့သော်လည်း ၎င်းအပေါ် သံသယဖြစ်ဖွယ်ရာအကြောင်းများရှိသည်ကို သုံးသပ်တွေ့ရှိရသည်ဟု PEN Myanmar စုံစမ်းရေးကော်မရှင် ၏ တွေ့ရှိချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါသူအား PEN Myanmar ၏ စည်းမျဉ်းများ လိုက်နာရန် တိုက်တွန်းထားပြီး နောင်တွင် ယင်းကဲ့သို့ပေါ်ပေါက်ပါက ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ အသင်းဝင်အဖြစ်မှလည်းကောင်း အပြီးတိုင်ထုတ်ပယ်မည်ဟု ပါရှိသည်။

PEN Myanmar ၏ စုံစမ်းရေးကော်မရှင်တွင် ဒေါ်ခင်မမမျိုး(ဒါရိုက်တာ၊ Myanmar Institute of Peace and Security Studies ) ၊ ဒေါ်ခင်လေး( Triangle Women Support) ၊ ဒေါ်ဆွေဇင်ထိုက်၊ မောင်လင်းရိပ်၊ မိုဃ်းဇော်၊ မောင်ရင့်မာ၊ မျိုးမြင့်ညိမ်း( PEN Myanmar ဥက္ကဋ္ဌ ) တို့ ပါဝင်သည်
Credit: Mizzima