ZawGyiျဖင့္ဖတ္ရန္

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ အႁမႊာလို ႐ုပ္ခ်င္းဆင္တူတဲ့ အမ်ိဳးသမီးအျဖစ္ ေဖာ္ျပခံရၿပီးတဲ့ေနာက္ စပိန္ႏိုင္ငံက အာလူးစိုက္ေတာင္သူ အမ်ိဳးသမီးႀကီးတဦး အြန္လိုင္းေပၚ နာမည္ႀကီးေနပါတယ္။

အသက္ ၇၀ အ႐ြယ္ ဒိုလိုရီစ္လီဝစ္အန္တယ္လိုဆိုတဲ့ စပိန္အမ်ိဳးသမီးႀကီးက ထူးထူးဆန္းဆန္း အေမရိကန္သမၼတနဲ႔ ႐ုပ္ခ်င္းဆင္ေနၿပီး ေကာ္စတာဒါမိုတီကမ္းေျခရဲ႕ ေဒၚနယ္ထရမ့္အျဖစ္ စပိန္သတင္းဌာနေတြမွာ ေဖာ္ျပခံေနရတာပါ။

အြန္လိုင္းေပၚတင္ထားတဲ့ ေ႐ႊေရာင္ဆံပင္တိုနဲ႔ ဒိုလိုရီစ္ရဲ႕ လယ္ကြင္းထဲ ေပါက္တူးတလက္ထမ္းၿပီး အေဝးကို ေမွ်ာ္ၾကည့္ေနတဲ့ပုံကို တြစ္တာေပၚမွာ အႀကိမ္ေရ ေထာင္နဲ႔ခ်ီ ျဖန႔္ေဝခဲ့ၾကၿပီး လူမႈကြန္ရက္ေပၚမွာ Like ေတြလည္း အမ်ားႀကီးရေနတာပါ။

လူမႈကြန္ရက္သုံးစြဲသူ တခ်ိဳ႕ကလည္း ေဂါ့ဖ္ကြင္းထဲမွာ ထရမ့္ ေဂါ့ဖ္႐ိုက္ေနတဲ့ပုံနဲ႔ ဒိုလိုရီစ္ရဲ႕ပုံကို တြဲၿပီး ဆက္စပ္ ျဖန႔္ေဝေနၾကပါတယ္။

အမ်ိဳးသမီးႀကီးကေတာ့ ႐ုတ္တရက္ ဘာေၾကာင့္ သူမက စိတ္ဝင္စားဖို႔ေကာင္းေနလဲ ဆိုတာကို နားမလည္ဘူးလို႔ စပိန္သတင္းဌာနေတြ အေျပာအရ သိရၿပီး “က်မဓာတ္ပုံက ေတာ္ေတာ္ ခရီးအေဝးႀကီးကို ေရာက္သြားပုံရတယ္။ ဒါက က်မရဲ႕ ဆံပင္အေရာင္ေၾကာင့္ျဖစ္မယ္။ က်မသမီးေတြကလည္း ေျပာတယ္၊ ဒီပုံက က်မကို ေက်ာ္ၾကားသြားေစမယ္၊ ဒါေပမယ့္ ဘာေၾကာင့္ဆိုတာ က်မ နားမလည္ဘူး” လို႔ စပိန္သတင္းဌာနေတြကို ေျပာခဲ့ပါတယ္။

ဒိုလိုရီစ္နဲ႔ ထရမ့္တို႔ဟာ ႐ုပ္ခ်င္းဆင္တူၾကေပမယ့္ သူတို႔ ၂ ဦးရဲ႕ ဘဝေတြကေတာ့ အေတာ္ပဲ ျခားနားပါတယ္။

ထရမ့္ရဲ႕ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲ အႏိုင္ရမႈက ႐ုရွားေတြရဲ႕ ဝင္ေရာက္စြက္ဖက္မႈေတြ ပါတယ္လို႔ စြပ္စြဲခံေနရၿပီး အေမရိကန္က ဆီးရီးယားကို တိုက္ခိုက္မႈမွာ အဆိပ္ဓာတ္ေငြ႕ေတြ သုံးထားတယ္လို႔ သံံသယျဖစ္ခံေနရတယ္၊ စတဲ့ သမၼတ တဦးအေနနဲ႔ အခက္အခဲေတြ ရင္ဆိုင္ေနရခ်ိန္မွာ ဒိုလိုရီစ္ဆိုတဲ့ အမ်ိဳးသမီးႀကီးကလည္း ေျခာက္ေသြ႕တဲ့ ရာသီအတြင္း အာလူးစိုက္ဖို႔ ႐ုန္းကန္ေနရတာပါ။

ထရမ့္က တြစ္တာေပၚမွာ Follower ၅၁ သန္းေက်ာ္နဲ႔ လူမႈကြန္ရက္ကို ခုံခုံမင္မင္ သုံးစြဲေနခ်ိန္မွာ အမ်ိဳးသမီးႀကီးကေတာ့ ဒစ္ဂ်စ္တယ္ကမာၻႀကီးကို လုံးဝစိတ္မဝင္စားဘဲ တယ္လီဖုန္းေလးတလုံးေတာင္ မပိုင္ဆိုင္ဘူးလို႔ ေမရာသတင္းတပုဒ္မွာ ဧၿပီ ၂၅ ရက္ေန႔က ေဖာ္ျပထားပါတယ္။

Credit:DVB

UniCodeဖြင့်ဖတ်ရန်

ထရမ့်နှင့် အမြွှာကဲ့သို့ ရုပ်ချင်းဆင်တူသည့် အာလူးစိုက်တောင်သူ အမျိုးသမီးကြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမြွှာလို ရုပ်ချင်းဆင်တူတဲ့ အမျိုးသမီးအဖြစ် ဖော်ပြခံရပြီးတဲ့နောက် စပိန်နိုင်ငံက အာလူးစိုက်တောင်သူ အမျိုးသမီးကြီးတဦး အွန်လိုင်းပေါ် နာမည်ကြီးနေပါတယ်။

အသက် ၇၀ အရွယ် ဒိုလိုရီစ်လီဝစ်အန်တယ်လိုဆိုတဲ့ စပိန်အမျိုးသမီးကြီးက ထူးထူးဆန်းဆန်း အမေရိကန်သမ္မတနဲ့ ရုပ်ချင်းဆင်နေပြီး ကော်စတာဒါမိုတီကမ်းခြေရဲ့ ဒေါ်နယ်ထရမ့်အဖြစ် စပိန်သတင်းဌာနတွေမှာ ဖော်ပြခံနေရတာပါ။

အွန်လိုင်းပေါ်တင်ထားတဲ့ ရွှေရောင်ဆံပင်တိုနဲ့ ဒိုလိုရီစ်ရဲ့ လယ်ကွင်းထဲ ပေါက်တူးတလက်ထမ်းပြီး အဝေးကို မျှော်ကြည့်နေတဲ့ပုံကို တွစ်တာပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ ဖြန့်ဝေခဲ့ကြပြီး လူမှုကွန်ရက်ပေါ်မှာ Like တွေလည်း အများကြီးရနေတာပါ။

လူမှုကွန်ရက်သုံးစွဲသူ တချို့ကလည်း ဂေါ့ဖ်ကွင်းထဲမှာ ထရမ့် ဂေါ့ဖ်ရိုက်နေတဲ့ပုံနဲ့ ဒိုလိုရီစ်ရဲ့ပုံကို တွဲပြီး ဆက်စပ် ဖြန့်ဝေနေကြပါတယ်။

အမျိုးသမီးကြီးကတော့ ရုတ်တရက် ဘာကြောင့် သူမက စိတ်ဝင်စားဖို့ကောင်းနေလဲ ဆိုတာကို နားမလည်ဘူးလို့ စပိန်သတင်းဌာနတွေ အပြောအရ သိရပြီး “ကျမဓာတ်ပုံက တော်တော် ခရီးအဝေးကြီးကို ရောက်သွားပုံရတယ်။ ဒါက ကျမရဲ့ ဆံပင်အရောင်ကြောင့်ဖြစ်မယ်။ ကျမသမီးတွေကလည်း ပြောတယ်၊ ဒီပုံက ကျမကို ကျော်ကြားသွားစေမယ်၊ ဒါပေမယ့် ဘာကြောင့်ဆိုတာ ကျမ နားမလည်ဘူး” လို့ စပိန်သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ဒိုလိုရီစ်နဲ့ ထရမ့်တို့ဟာ ရုပ်ချင်းဆင်တူကြပေမယ့် သူတို့ ၂ ဦးရဲ့ ဘဝတွေကတော့ အတော်ပဲ ခြားနားပါတယ်။

ထရမ့်ရဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရမှုက ရုရှားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ပါတယ်လို့ စွပ်စွဲခံနေရပြီး အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်မှုမှာ အဆိပ်ဓာတ်ငွေ့တွေ သုံးထားတယ်လို့ သံံသယဖြစ်ခံနေရတယ်၊ စတဲ့ သမ္မတ တဦးအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ ဒိုလိုရီစ်ဆိုတဲ့ အမျိုးသမီးကြီးကလည်း ခြောက်သွေ့တဲ့ ရာသီအတွင်း အာလူးစိုက်ဖို့ ရုန်းကန်နေရတာပါ။

ထရမ့်က တွစ်တာပေါ်မှာ Follower ၅၁ သန်းကျော်နဲ့ လူမှုကွန်ရက်ကို ခုံခုံမင်မင် သုံးစွဲနေချိန်မှာ အမျိုးသမီးကြီးကတော့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးကို လုံးဝစိတ်မဝင်စားဘဲ တယ်လီဖုန်းလေးတလုံးတောင် မပိုင်ဆိုင်ဘူးလို့ မေရာသတင်းတပုဒ်မှာ ဧပြီ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။

Credit:DVB