Zawgyi ျဖင့္ဖတ္၇န္
Reflection ရုပ္ရွင္ဇာတ္ကားႀကီးဟာ သုျဒာရုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ပြဲဦးထြက္ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ယင္းဇာတ္ကားရဲ႕ပရိုဂ်ဴဆာျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ကိုဒီကားရဲ႕ဒါရိုက္တာအျဖစ္ အကယ္ဒမီလူမင္းကိုဘာေၾကာင့္ ေရြးခ်ယ္ရိုက္ကူးျဖစ္ရသလဲဆိုတာကို ေမးျမန္းျဖစ္ခဲ့ပါတယ္။

“မင္းသမီးေတြပဲအသားေပးၿပီးရိုက္ခ်င္တာနံပတ္တစ္အခ်က္ေပါ့။ ရိုက္တဲ့အခါမွာဘယ္လို trendမ်ိဳးနဲ႔ သြားမလဲေပါ့။ ဟာသသြားမွာလား။ ဟာသဆိုရင္သိပ္မကြဲထြက္ဘူးေပါ့။ မိန္းကေလးေတြျဖစ္တဲ့အတြက္ေၾကာင့္ ဖက္ရွင္ကို နည္းနည္းဦးစားေပးမယ္။ ကိုယ္တိုင္ကလည္း ဖက္ရွင္ကို စိတ္၀င္ စားတယ္။ ၀ါႆနာလည္းပါေတာ့ ဖက္ရွင္ လည္းပါရမယ္။ ဖက္ရွင္ႀကီးပဲ ဆိုရင္ လည္းစိတ္၀င္စားမႈေလ်ာ့မယ္။ အက္ရွင္လည္းပါရမယ္ လို႔အဲဒီလိုေလး စဥ္းစားလိုက္မိတယ္။ အန္ကယ္ေလးကိုေရြးခ်ယ္ရတာက်ေတာ့ အခုဒီကားရဲ႕tasteမ်ိဳး ကအန္ကယ္ေလး ပိုင္တယ္ဆိုတာ သိတယ္။ ဘာျဖစ္လို႔လဲဆိုရင္ အေရွ႕မွာသူရိုက္ခဲ့တဲ့ကားေတြ အကုန္ၾကည့္ဘူးတယ္ေလ။ ဖက္ရွင္အျမင္ရိွတဲ့သူမ်ိဳးရိုက္ရင္ ပိုအဆင္ေျပမယ္ဆိုၿပီး အန္ကယ္ေလးနဲဲ႔ရိုက္ျဖစ္လိုက္ တာပါ”လို႔ဆိုပါတယ္။

ဒီဇာတ္ကားရဲ႕ ပြဲဦးထြက္ Red Carpet Show ကိုေတာ့ သမၼတရုပ္ရွင္ရံုမွာ ဧၿပီ ၅ ရက္ေန႔မွာ ထူးထူးျခားျခား ေမာ္ဒယ္ရိႈးအသြင္နဲ႔ မင္းသမီးေလးလက္ ပါ၀င္ၿပီး က်င္းပျပဳလုပ္ခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

Reflection ရုပ်ရှင်ဇာတ်ကားကြီးဟာ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ယင်းဇာတ်ကားရဲ့ပရိုဂျူဆာဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကိုဒီကားရဲ့ဒါရိုက်တာအဖြစ် အကယ်ဒမီလူမင်းကိုဘာကြောင့် ရွေးချယ်ရိုက်ကူးဖြစ်ရသလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။

“မင်းသမီးတွေပဲအသားပေးပြီးရိုက်ချင်တာနံပတ်တစ်အချက်ပေါ့။ ရိုက်တဲ့အခါမှာဘယ်လို trendမျိုးနဲ့ သွားမလဲပေါ့။ ဟာသသွားမှာလား။ ဟာသဆိုရင်သိပ်မကွဲထွက်ဘူးပေါ့။ မိန်းကလေးတွေဖြစ်တဲ့အတွက်ကြောင့် ဖက်ရှင်ကို နည်းနည်းဦးစားပေးမယ်။ ကိုယ်တိုင်ကလည်း ဖက်ရှင်ကို စိတ်ဝင် စားတယ်။ ဝါဿနာလည်းပါတော့ ဖက်ရှင် လည်းပါရမယ်။ ဖက်ရှင်ကြီးပဲ ဆိုရင် လည်းစိတ်ဝင်စားမှုလျော့မယ်။ အက်ရှင်လည်းပါရမယ် လို့အဲဒီလိုလေး စဉ်းစားလိုက်မိတယ်။ အန်ကယ်လေးကိုရွေးချယ်ရတာကျတော့ အခုဒီကားရဲ့tasteမျိုး ကအန်ကယ်လေး ပိုင်တယ်ဆိုတာ သိတယ်။ ဘာဖြစ်လို့လဲဆိုရင် အရှေ့မှာသူရိုက်ခဲ့တဲ့ကားတွေ အကုန်ကြည့်ဘူးတယ်လေ။ ဖက်ရှင်အမြင်ရှိတဲ့သူမျိုးရိုက်ရင် ပိုအဆင်ပြေမယ်ဆိုပြီး အန်ကယ်လေးနဲ့ရိုက်ဖြစ်လိုက် တာပါ”လို့ဆိုပါတယ်။

ဒီဇာတ်ကားရဲ့ ပွဲဦးထွက် Red Carpet Show ကိုတော့ သမ္မတရုပ်ရှင်ရုံမှာ ဧပြီ ၅ ရက်နေ့မှာ ထူးထူးခြားခြား မော်ဒယ်ရှိုးအသွင်နဲ့ မင်းသမီးလေးလက် ပါဝင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

Credit: myanmaplatform