Zawgyi ျဖင့္ဖတ္၇န္

ထိန္ပင္အမိႈက္ပံု မီးၿငိႇမ္းသတ္ရာမွာ ပါဝင္သည့္ မီးသတ္သမားတဦး၏ ေျပာၾကားခ်က္

ရန္ကုန္တိုင္းေဒသႀကီး၊ လိႈင္သာယာၿမဳိ႕နယ္ရွိ ထိန္ပင္အမႈိက္ပံုမွာ ဧၿပီလ ၂၁ရက္ေန ၂၅ ရက္ထိ မီးဆက္လက္ ေလာင္ကြၽမ္းေနတာေၾကာင့္ ရန္ကုန္တိုင္း တတိုင္းလံုးက မီးသတ္ဖြဲ႔ေတြ အင္းအားအျပည့္နဲ႔ မီးကို ေန႔ေရာညပါ ႀကဳိးစားၿငိႇမ္းသတ္ေနၾကရပါတယ္။

ရာနဲ႔ခ်ီတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ေတြထဲကမွ ထန္းတပင္မီးသတ္တပ္ဖြဲ႔က တာဝန္က် မီးသတ္သမား ေစာထြန္းေအာင္က လက္ရွိ မီးၿငိႇမ္းသတ္ေနရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ဒီဗြီဘီကို ေျပာျပထားပါတယ္။

ေမး- ဒီေန႔ မီးသတ္ရတာ အေတြ႔အႀကံဳေလး ေျပာျပေပးပါဦး။

ေျဖ- ေစာထြန္းေအာင္

“အခုဆိုရင္လည္း မီးေလာင္ေနတဲ့ အလယ္ေကာင္မွာ က်ေနာ္တို႔က တာဝန္က်ေနတာ။ အခုက လူခ်ိန္းတာ။ ၄ ေယာက္ တတဲြ ခ်ိန္းရတာ။ ၾကာေတာ့ မခံႏိုင္ဘူး။ ၂ နာရီေလာက္ အခ်ိန္ကုန္တယ္။ က်န္တဲ့လူကေတာ့ ခဏနားေပါ့။ ညေနေစာင္းရင္ေတာ့ ပိုၿပီးေတာ့ပူတယ္။ ၅ နာရီခဲြ၊ ၆ နာရီေလာက္ဆို တအားအသက္႐ႉက်ပ္တယ္။ ၆ နာရီေလာက္ဆို ကားတစီးနဲ႔ တစီးက မျမင္ရဘူး။ ဆိုင္ကယ္ သြားတာကအစ သိပ္အဆင္မေျပေတာ့ဘူး။ ညေနပိုင္းက်ေတာ့ ေလက ၿငိမ္ၿပီး အထဲမွာ အံု႔မိႈင္းေနတာ။”

ဒီေန႔ မီးအေျခအေန ဘယ္လိုရွိလဲ။

“မီးအေျခအေနကေတာ့ က်ေနာ္တို႔က ေရွ႕ကေန သတ္တယ္။ ေနာက္ကေန လိႈက္လိႈက္ၿပီး ျပန္ျပန္ေလာင္ေတာ့ ေနာက္ေၾကာင္းကို ျပန္ျပတ္သတ္ရတာ ရွိတယ္။ ေရွ႕ကို တခါ ဦးစားေပးလုပ္ရတာ ရွိတယ္။ ပိုက္က ႏွစ္လံုးသြားေနရတာ။ ေရွ႕က တိုက္စစ္က သြားေနရင္ ေနာက္ကလည္း ဟိုက္ကာတစီးကလည္း လႊတ္ထားရတာ။ ေနာက္က မီးႂကြင္းမီးက်န္ကိုေပါ့။”

မီးထိန္းႏိုင္ၿပီလား။

“က်ေနာ္တို႔လည္း တတ္ႏိုင္သေလာက္လည္း ေတာ္ေတာ္ေလး ထိန္းထားပါတယ္။ ဧက ၃၀၀ ေလာက္ရွိတာ။ ဒီ ၁၀၀ ေလာက္ပဲ အဓိကလုပ္ေနတယ္။ က်န္တာကို မကူးေတာ့ဘူးေပါ့။ ဟိုဘက္မွာလည္း က်ေနာ္တို႔အဖဲြ႔ေတြက အမ်ားႀကီးပဲ။”

မီးခိုးကေရာ…

“မီးခိုးကေတာ့ အခုေလာေလာဆယ္ အေပၚကို ပ်ံ႔ႏွံ႔ေနတုန္း။ ေအာက္ကလူေတြက ပိုၿပီးမခံႏိုင္ဘူး။ ဟိုဘက္ကဆိုရင္ ဘုန္းႀကီးေက်ာင္းမွာပဲ ေျပာင္းေနရတာ ရွိတယ္။”

ခန္႔မွန္းေျခေပါ့။ အေတြ႔အႀကံဳအရ ဒီမီးက ဘယ္ေတာ့ေလာက္ၾကာမွ သတ္ႏိုင္မလဲ။

“အခုက အထက္ကလူႀကီးပိုင္းေတြကလည္း တကယ္ကိုပဲ ႀကိဳးစားပါတယ္။ က်ေနာ္တို႔ လူငယ္ေတြလည္း ထိထိမိမိ တကယ္လုပ္ေနပါတယ္။ က်ေနာ္တို႔အျမင္ကေတာ့ ေနာက္ထပ္ ၃ ရက္ေလာက္ကို ျပင္းျပင္းထန္ထန္ ထပ္လုပ္ရဦးမယ္လို႔ ထင္တယ္။ မီးသတ္အင္အား ၃၀၀ ေလာက္ ရွိတယ္။ ရန္ကုန္တိုင္း တတိုင္းလံုးက မီးသတ္ေတြ အကုန္လံုး ဒီကိုပဲ ေရာက္ေနတာ။”

နားေရာနားရရဲ႕လား။

“မနားရဘူး။ က်ေနာ္တို႔ ဆက္တိုက္ပဲ။”

အိပ္ခ်ိန္ရွိလား။

“အိပ္ခ်ိန္ကေတာ့… က်ေနာ္တို႔ဗိုလ္ႀကီးဆို ၃ ညေျမာက္ၿပီ။ မအိပ္ရေသးဘူး။”

စားေရာ စားရရဲ႕လား။

“စားရတယ္။ အခု ေလာေလာဆယ္ ေစတနာရွင္ေတြက လိုေလေသးမရွိပါဘူး။”

ေရပက္ေနတဲ့ ေနရာနားအထိ လာေပးၾကလား။

“လာေပးၾကပါတယ္။ က်ေနာ္တို႔က အလယ္ေကာင္ တအားေရာက္သြားတဲ့အခါမွာ ကေလးေတြကို လာမေပးခိုင္းေတာ့ဘူး။ ပုလင္းကဲြေတြက အမ်ားႀကီးပဲ။ ရွမွာစိုးလို႔။ က်ေနာ္တို႔ပဲ ရွင္းေနတယ္။”

မီးသတ္သမားေတြ ထိခိုက္ဒဏ္ရာရတာေတြ ရွိလား။

“ရွိတယ္။ မေန႔ကဆို ေကာင္ေလးတေယာက္ ပိုက္ကို ေလေပါင္အားကို တအားျမႇင့္လိုက္ေရာ ပိုက္ကိုမႏိုင္ဘဲ ေနာက္ေၾကာင္းကို ပက္လက္လန္အက်လိုက္မွာ လက္နဲ႔ေထာက္မိၿပီး ပုလင္းကဲြရွသြားတယ္။ နည္းနည္းပါးပါးပဲ။ ၃ ခ်က္ေလာက္ေတာ့ ခ်ဳပ္လိုက္ရတယ္။ က်ေနာ္တို႔အဖဲြ႔မွာေတာ့ ႀကီးႀကီးမားမား ထိခိုက္တာ မရွိဘူး။ တဖြဲ႔နဲ႔တဖဲြ႔ေတာ့ မတူဘူး။ ဟိုတေန႔ကေတာ့ ၿမိဳ႕နယ္မႉးတေယာက္ကေတာ့ အသက္႐ႉက်ပ္သြားတယ္လို႔ သတင္းၾကားတယ္။”
Unicodeဖြင့်ဖတ်ရန်

ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာမှာ ပါဝင်သည့် မီးသတ်သမားတဦး၏ ပြောကြားချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှာ ဧပြီလ ၂၁ရက်နေ ၂၅ ရက်ထိ မီးဆက်လက် လောင်ကျွမ်းနေတာကြောင့် ရန်ကုန်တိုင်း တတိုင်းလုံးက မီးသတ်ဖွဲ့တွေ အင်းအားအပြည့်နဲ့ မီးကို နေ့ရောညပါ ကြိုးစားငြှိမ်းသတ်နေကြရပါတယ်။

ရာနဲ့ချီတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲကမှ ထန်းတပင်မီးသတ်တပ်ဖွဲ့က တာဝန်ကျ မီးသတ်သမား စောထွန်းအောင်က လက်ရှိ မီးငြှိမ်းသတ်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြောပြထားပါတယ်။

မေး- ဒီနေ့ မီးသတ်ရတာ အတွေ့အကြုံလေး ပြောပြပေးပါဦး။

ဖြေ- စောထွန်းအောင်

“အခုဆိုရင်လည်း မီးလောင်နေတဲ့ အလယ်ကောင်မှာ ကျနော်တို့က တာဝန်ကျနေတာ။ အခုက လူချိန်းတာ။ ၄ ယောက် တတွဲ ချိန်းရတာ။ ကြာတော့ မခံနိုင်ဘူး။ ၂ နာရီလောက် အချိန်ကုန်တယ်။ ကျန်တဲ့လူကတော့ ခဏနားပေါ့။ ညနေစောင်းရင်တော့ ပိုပြီးတော့ပူတယ်။ ၅ နာရီခွဲ၊ ၆ နာရီလောက်ဆို တအားအသက်ရှူကျပ်တယ်။ ၆ နာရီလောက်ဆို ကားတစီးနဲ့ တစီးက မမြင်ရဘူး။ ဆိုင်ကယ် သွားတာကအစ သိပ်အဆင်မပြေတော့ဘူး။ ညနေပိုင်းကျတော့ လေက ငြိမ်ပြီး အထဲမှာ အုံ့မှိုင်းနေတာ။”

ဒီနေ့ မီးအခြေအနေ ဘယ်လိုရှိလဲ။

“မီးအခြေအနေကတော့ ကျနော်တို့က ရှေ့ကနေ သတ်တယ်။ နောက်ကနေ လှိုက်လှိုက်ပြီး ပြန်ပြန်လောင်တော့ နောက်ကြောင်းကို ပြန်ပြတ်သတ်ရတာ ရှိတယ်။ ရှေ့ကို တခါ ဦးစားပေးလုပ်ရတာ ရှိတယ်။ ပိုက်က နှစ်လုံးသွားနေရတာ။ ရှေ့က တိုက်စစ်က သွားနေရင် နောက်ကလည်း ဟိုက်ကာတစီးကလည်း လွှတ်ထားရတာ။ နောက်က မီးကြွင်းမီးကျန်ကိုပေါ့။”

မီးထိန်းနိုင်ပြီလား။

“ကျနော်တို့လည်း တတ်နိုင်သလောက်လည်း တော်တော်လေး ထိန်းထားပါတယ်။ ဧက ၃၀၀ လောက်ရှိတာ။ ဒီ ၁၀၀ လောက်ပဲ အဓိကလုပ်နေတယ်။ ကျန်တာကို မကူးတော့ဘူးပေါ့။ ဟိုဘက်မှာလည်း ကျနော်တို့အဖွဲ့တွေက အများကြီးပဲ။”

မီးခိုးကရော…

“မီးခိုးကတော့ အခုလောလောဆယ် အပေါ်ကို ပျံ့နှံ့နေတုန်း။ အောက်ကလူတွေက ပိုပြီးမခံနိုင်ဘူး။ ဟိုဘက်ကဆိုရင် ဘုန်းကြီးကျောင်းမှာပဲ ပြောင်းနေရတာ ရှိတယ်။”

ခန့်မှန်းခြေပေါ့။ အတွေ့အကြုံအရ ဒီမီးက ဘယ်တော့လောက်ကြာမှ သတ်နိုင်မလဲ။

“အခုက အထက်ကလူကြီးပိုင်းတွေကလည်း တကယ်ကိုပဲ ကြိုးစားပါတယ်။ ကျနော်တို့ လူငယ်တွေလည်း ထိထိမိမိ တကယ်လုပ်နေပါတယ်။ ကျနော်တို့အမြင်ကတော့ နောက်ထပ် ၃ ရက်လောက်ကို ပြင်းပြင်းထန်ထန် ထပ်လုပ်ရဦးမယ်လို့ ထင်တယ်။ မီးသတ်အင်အား ၃၀၀ လောက် ရှိတယ်။ ရန်ကုန်တိုင်း တတိုင်းလုံးက မီးသတ်တွေ အကုန်လုံး ဒီကိုပဲ ရောက်နေတာ။”

နားရောနားရရဲ့လား။

“မနားရဘူး။ ကျနော်တို့ ဆက်တိုက်ပဲ။”

အိပ်ချိန်ရှိလား။

“အိပ်ချိန်ကတော့… ကျနော်တို့ဗိုလ်ကြီးဆို ၃ ညမြောက်ပြီ။ မအိပ်ရသေးဘူး။”

စားရော စားရရဲ့လား။

“စားရတယ်။ အခု လောလောဆယ် စေတနာရှင်တွေက လိုလေသေးမရှိပါဘူး။”

ရေပက်နေတဲ့ နေရာနားအထိ လာပေးကြလား။

“လာပေးကြပါတယ်။ ကျနော်တို့က အလယ်ကောင် တအားရောက်သွားတဲ့အခါမှာ ကလေးတွေကို လာမပေးခိုင်းတော့ဘူး။ ပုလင်းကွဲတွေက အများကြီးပဲ။ ရှမှာစိုးလို့။ ကျနော်တို့ပဲ ရှင်းနေတယ်။”

မီးသတ်သမားတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိလား။

“ရှိတယ်။ မနေ့ကဆို ကောင်လေးတယောက် ပိုက်ကို လေပေါင်အားကို တအားမြှင့်လိုက်ရော ပိုက်ကိုမနိုင်ဘဲ နောက်ကြောင်းကို ပက်လက်လန်အကျလိုက်မှာ လက်နဲ့ထောက်မိပြီး ပုလင်းကွဲရှသွားတယ်။ နည်းနည်းပါးပါးပဲ။ ၃ ချက်လောက်တော့ ချုပ်လိုက်ရတယ်။ ကျနော်တို့အဖွဲ့မှာတော့ ကြီးကြီးမားမား ထိခိုက်တာ မရှိဘူး။ တဖွဲ့နဲ့တဖွဲ့တော့ မတူဘူး။ ဟိုတနေ့ကတော့ မြို့နယ်မှူးတယောက်ကတော့ အသက်ရှူကျပ်သွားတယ်လို့ သတင်းကြားတယ်။”
Credit: DVB