Zawgyi ျဖင့္ဖတ္၇န္

ေဆးကုသမႈ ခံယူေနရတဲ့ အဆုိေတာ္ႀကီး စိုင္းဆိုင္ေမာဝ္အတြက္ ေဆးကုသဖို႕ အတြက္ ျမန္မာေငြက်ပ္ သိန္းသံုးရာ တိတိ ကူညီမႈ ရရွိလိုက္တယ္လို႕ သိရပါတယ္။

ယင္းကူညီမႈကို စင္ကာပူႏိုင္ငံမွာေနထိုင္တဲ့ ဦးကိုကုိထူးနဲ႕ဇနီးေဒၚစႏၵာေအာင္တို႕ မိသားစုကေန လွဴဒန္းခဲ့တာ ျဖစ္တယ္လို႕ သိရပါတယ္။ အဲ့ဒါအေၾကာင္းနဲ႕ ပတ္သက္ၿပီး စိုင္းဆိုင္ေမာဝ္ရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေရးသားထားတာ ေတြ႕ရပါတယ္။

 

“စကၤာပူနိုင္​ငံ​ေန ဦးကိုကိုထူးနွင့္ဇနီး​ေဒၚစႏၵာ​ေအာင္​သား မင္​းသီဟထူးသမီး မဆုသီရိထူး မိသားစုတို႔မွ ​ေတးသံရွင္​စိုင္​းဆိုင္​​ေမာဝ္​ အားက်မ္​းမာ​ေရးကုသရန္​အတြက္​ ျမန္​မာ​ေငြ သိန္​းသံုးရာက်ပ္​ကို ကို​ေက်ာ္​​ေက်ာ္​မိုး ကိုျမတ္​သူတို႔မွတဆင္​့ အိမ္​တိုင္​ရာ​ ေရာက္​လာ​ေရာက္​ ကူညီ​ေပးအပ္​သြားပါသည္​.ေက်းဇူးအထူးပင္​တင္​ရွိပါ​ေၾကာင္​းနတ္​လူသာဓု​ေခၚ​ေစ​ေသာဝ္​…ထို​ေငြမ်ားကိုစိုင္​းဆိုင္​​ေမာဝ္​​ ေက်ာက္​ကပ္​​ေရာဂါအား မွန္​​ေျပာင္​းအသံုးျပဳ​ေလဆာျဖင္​့ ကုသသည္​့နည္​းျဖင္​့ အျမန္​ဆံုးကုသမည္​ျဖစ္​ပါ​ေၾကာင္​း ပရိတ္​သတ္​မ်ားအား အသိ​ေပးအပ္​ပါသည္​. စိုင္​းဆိုင္​​ေမာဝ္​မိသားစု” ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။

အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာဝ္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္က ဘန္ေကာက္မွာ ေက်ာက္ကပ္သြားခြဲခဲ့တယ္လို႕ သိရပါတယ္။

စိုင္းဆိုင္ေမာဝ္အေနနဲ႕ ေဆးရံုမတက္ခင္ဆက္ၾကားမွာလည္း ပရိသတ္မ်ားနဲ႕ သူ႕ရဲ႕ ေဖ့စ္ဘြတ္အေကာင့္က တစ္ဆင့္စကား ေတြ အျပန္အလွန္ေျပာျဖစ္ေနသူလည္း ျဖစ္ပါတယ္။ သူနဲ႕နာမည္တူ အေကာင့္အတုေတြ အမ်ားႀကီးရွိတာေၾကာင့္ သူသံုးေနတဲ့ အေကာင့္ကေန ပရိသတ္ေတြမမွားရေလေအာင္ သတိေပးခဲ့ပါေသးတယ္။

ယခုလက္ရွိမွာေတာ့ သူ႕ရဲ႕ က်န္းမာေရး ျပန္လည္ေကာငး္မြန္ဖို႕အတြက္ ပရိသတ္ေတြက ဆုေတာင္းေပးေနၾကပါတယ္။တခ်ိန္က ရွမ္းပဲပုတ္ ေလးကၽြန္ေတာ္၊ ေတာင္ျပာတန္းကသိတယ္၊မူဆယ္နန္႕ခမ္းလမ္း အစရွိတဲ့သီခ်ငး္ေတြသာမက ေအာင္ျမင္ ေက်ာ္ၾကားခဲ့တဲ့ အဆိုေတာ္ စိုင္းဆိုင္ေမာဝ္ဟာ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ယခုထက္တိုင္ ေနရာယူထားေနသူလည္း ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်

ဆေးကုသမှု ခံယူနေရတဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်အတွက် ဆေးကုသဖို့ အတွက် မြန်မာငွေကျပ် သိန်းသုံးရာ တိတိ ကူညီမှု ရရှိလိုက်တယ်လို့ သိရပါတယ်။

ယင်းကူညီမှုကို စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ ဦးကိုကိုထူးနဲ့ဇနီးဒေါ်စန္ဒာအောင်တို့ မိသားစုကနေ လှူဒန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါအကြောင်းနဲ့ ပတ်သက်ပြီး စိုင်းဆိုင်မောဝ်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

“စင်္ကာပူနိုင်ငံနေ ဦးကိုကိုထူးနှင့်ဇနီးဒေါ်စန္ဒာအောင်သား မင်းသီဟထူးသမီး မဆုသီရိထူး မိသားစုတို့မှ တေးသံရှင်စိုင်းဆိုင်မောဝ် အားကျမ်းမာရေးကုသရန်အတွက် မြန်မာငွေ သိန်းသုံးရာကျပ်ကို ကိုကျော်ကျော်မိုး ကိုမြတ်သူတို့မှတဆင့် အိမ်တိုင်ရာ ရောက်လာရောက် ကူညီပေးအပ်သွားပါသည်.ကျေးဇူးအထူးပင်တင်ရှိပါကြောင်းနတ်လူသာဓုခေါ်စေသောဝ်…ထိုငွေများကိုစိုင်းဆိုင်မောဝ် ကျောက်ကပ်ရောဂါအား မှန်ပြောင်းအသုံးပြုလေဆာဖြင့် ကုသသည့်နည်းဖြင့် အမြန်ဆုံးကုသမည်ဖြစ်ပါကြောင်း ပရိတ်သတ်များအား အသိပေးအပ်ပါသည်. စိုင်းဆိုင်မောဝ်မိသားစု” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဘန်ကောက်မှာ ကျောက်ကပ်သွားခွဲခဲ့တယ်လို့ သိရပါတယ်။

စိုင်းဆိုင်မောဝ်အနေနဲ့ ဆေးရုံမတက်ခင်ဆက်ကြားမှာလည်း ပရိသတ်များနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က တစ်ဆင့်စကား တွေ အပြန်အလှန်ပြောဖြစ်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့နာမည်တူ အကောင့်အတုတွေ အများကြီးရှိတာကြောင့် သူသုံးနေတဲ့ အကောင့်ကနေ ပရိသတ်တွေမမှားရလေအောင် သတိပေးခဲ့ပါသေးတယ်။

ယခုလက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။တချိန်က ရှမ်းပဲပုတ် လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊မူဆယ်နန့်ခမ်းလမ်း အစရှိတဲ့သီချင်းတွေသာမက အောင်မြင် ကျော်ကြားခဲ့တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုထက်တိုင် နေရာယူထားနေသူလည်း ဖြစ်ပါတယ်။
Photo : စိုင္းဆိုင္ေမာဝ္

Credit: Duwun

LEAVE A REPLY