Zawgyi ဖြင့်ဖတ်၇န်
Credit: duwun
Unicodeဖြင့်ဖတ်ရန်
ရှန်တီ ကော်ပိုရောလ် အမည်ရှိ ဆစ်ဒနေမြို့သူတစ်ဦးဟာ သော့တွေ password တွေ မရှိဘဲ ပိတ်ထားတဲ့တံခါးနဲ့ကွန်ပျူတာတွေကို ဖွင့်ပြနိုင်သူပါ။ ဒီလိုဖွင့်နိုင်ဖို့ သူမရဲ့လက်နှစ်ဖက်အသားထဲဲမှာ မိုက်ခရိုချစ်ပ်လေးတွေကို ထည့်သွင်းထားပါတယ်။
သူမရဲ့ရည်မှန်းချက်ကတော့ ပိုက်ဆံအိတ်တွေ၊ ကတ်တွေ မလိုဘဲ နေနိုင်ဖို့ပါတဲ့။ password နဲ့ PIN တွေနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုတော့ဘဲ ငွေပေးချေစနစ်တစ်ခုအနေနဲ့ အသုံးတည့်ဖို့ကိုလည်း မျှော်မှန်းထားပါတယ်။
သူမဖန်တီးထားတဲ့ မိုက်ခရိုချစ်ပ်အပြားဟာ ဆန်စေ့တစ်စေ့ရဲ့အရွယ်လောက်သာရှိပါတယ်။ Chip My Life လို့ အမည်ပေးထားတဲ့ သူမရဲ့လုပ်ငန်းကို ခင်ပွန်းဖြစ်သူနဲ့အတူ အကောင်အထည်ဖော်ဖို့လည်း စီစဉ်နေပါတယ်။
Source : Adelaide Advertiser, Mail Online
Credit: duwun
LEAVE A REPLY