Zawgyi ျဖင့္ဖတ္၇န္

ေဆးသိပၸံပညာေတြစမ္းသပ္အတည္ျပဳၿပီးတာနဲ႕ အမ်ိဳးသားေတြလည္း သေႏၶတားေဆး ေသာက္သုံးနိုင္ေတာ့မွာ ျဖစ္တယ္လို႔ ၿဗိတိန္ ေဒးလီးေမးလ္ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

အမ်ိဳးသမီး ေတြအေနနဲ႕ ကိုယ္ဝန္ေဆာင္မႈကို ေရွာင္ရွားနိုင္ဖို႔ တစ္ေန႕ တစ္လုံး ေသာက္သလိုပဲ အမ်ိဳးသားေတြ အေနနဲ႕လည္း ဒိုင္မီသန္ဒရိုလုံး အန္ဒီကန္နိုရိတ္(DMAU) လို႔ ေခၚတဲ့ အဆိုပါေဆးကို ေသာက္သုံးျခင္းအားျဖင့္ တက္စထရိုစတီ႐ုန္းေတြကို ေလ်ာ့က်ေစၿပီး သုတ္ရည္ထုတ္လႊတ္မႈအတြက္ လိုအပ္ေသာ ေဟာ္မုန္းႏွစ္မ်ိဳးကိုလည္း ထိန္းခ်ဳပ္ေပးနိုင္တယ္လို႔ ဆိုပါတယ္။

ထိုသို႔ေသာက္သုံးျခင္းအားျဖင့္ ရလဒ္အေနနဲ႕ အမ်ိဳးသားေတြဟာ ၎တို႔ရဲ႕ အေဖာ္အမ်ိဳးသမီးကို ကိုယ္ဝန္ရရွိမႈ မရွိေအာင္ ျပဳလုပ္ေပးနိုင္မွာလည္း ျဖစ္ပါတယ္။

အဆိုပါအေၾကာင္းကို အေမရိကန္ျပည္ေထာင္စု ၊ ဆီးယက္တဲလ္ၿမိဳ႕ရွိ ဝါရွင္တန္တကၠသိုလ္မွ သုေတသနပညာရွင္ ေတြက ေလ့လာသိရွိခဲ့တာျဖစ္ၿပီး ၎တို႔အေနနဲ႕ အသက္ (၁၈) ႏွစ္ကေန (၅၀) ၾကား အမ်ိဳးသား (၈၃) ေယာက္အား အမ်ိဳးသမီးသေႏၶတားေဆးနဲ႕ စမ္းသပ္ခဲ့တာလည္း ျဖစ္ပါတယ္။

သုေတသနပညာရွင္ေတြအေနနဲ႕ ၎အမ်ိဳးသားေတြကို (၂၈) ရက္ၾကာ စမ္းသပ္ခဲ့တာျဖစ္ၿပီး ေဆးကို အစာနဲ႕ တစ္ရက္ တစ္လုံး မွန္မွန္ေသာက္ေစခဲ့ပါတယ္။

အဲဒီေနာက္ သူတို႔ရဲ႕ ေသြးနမူနာေတြကို ရယူၿပီး စမ္းသပ္ၾကည့္ရာမွာ တက္စထရိုစတီ႐ုန္း နဲ႕ အျခား က်ားေဟာ္မုန္းႏွစ္မ်ိဳး ေလ်ာ့က်သြားတာကို ေတြ႕ရၿပီး သုတ္ပိုးထုတ္လုပ္မႈကိုလည္း က်ဆင္းေစခဲ့တယ္လို႔ ဆိုပါတယ္။
အဆိုပါေဆးကို ေသာက္သုံးမႈေၾကာင့္ ေရွးက သေႏၶတားေဆးေတြလိုမ်ိဳး အမ်ိဳးသားေတြမွာ ခံစားရတဲ့ အသည္းေရာင္တာမ်ိဳးလည္း မ႐ွိတဲ့အျပင္ အျခားေဘးထြက္ဆိုးက်ိဳးေတြကိုလည္း မေတြ႔ရဘူးလို႔ သုေတသနအဖြဲ႔ေခါင္းေဆာင္ ေဒါက္တာစတစ္ဖနီေပ့ဂ်္ က ဆိုပါတယ္။

READ  ေယာဂ က်င့္ျခင္းေၾကာင့္ ရႏိုင္တဲ့ ႀကီးမားေသာ အက်ိဳးေက်းဇူးမ်ား

အႀကီးမားဆုံး ေဘးထြက္ဆိုးက်ိဳး အေနနဲ႔ကေတာ့ ကိုုယ္အေလးခ်ိန္ အနည္းငယ္ တက္လာတာနဲ႔ ဝက္ျခံေပါက္တာေလာက္ပဲ ျဖစ္ေစတယ္လို႔ ခ်ီကာဂို႐ွိ Harbor-UCLA ေဆးပညာစင္တာမွာ ျပဳလုပ္တဲ့ အန္ဒိုကရင္း အဖြဲ႔အစည္း ႏွစ္ (၁၀၀) ျပည့္ အခမ္းအနားမွာ သုေတသနအဖြဲ႔က တင္ျပခဲ့ပါတယ္။

အမ်ိဳးသမီးသေႏၶတားေဆးကိုေတာ့ ကမၻာတဝွမ္း မွာ အမ်ိဳးသမီး သန္း (၁၀၀) ခန္႔က အသုံးျပဳေနၾကၿပီး သုေတသနပညာ႐ွင္ေတြအေနနဲ႔ အမ်ိဳးသားသေႏၶတားေဆးကို စမ္းသပ္႐ွာေဖြေနတာ ဆယ္စုႏွစ္နဲ႔ခ်ီ ၾကာျမင့္ေနၿပီလည္း ျဖစ္ပါတယ္။

ယခု စမ္းသပ္ခ်က္ေအာင္ျမင္တာနဲ႔ ပထမဆုံး အမ်ိဳးသား သေႏၶတားေဆးေတြ ကမၻာ့ေစ်းကြက္ထဲ ေရာက္႐ွိလာဖို႔ ႀကိမ္းေသေနၿပီလည္း ျဖစ္ပါတယ္။

Credit:MyanmarNote

Unicodeဖြင့်ဖတ်ရန်

ဆေးသိပ္ပံပညာတွေစမ်းသပ်အတည်ပြုပြီးတာနဲ့ အမျိုးသားတွေလည်း သန္ဓေတားဆေး သောက်သုံးနိုင်တော့မှာ ဖြစ်တယ်လို့ ဗြိတိန် ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီး တွေအနေနဲ့ ကိုယ်ဝန်ဆောင်မှုကို ရှောင်ရှားနိုင်ဖို့ တစ်နေ့ တစ်လုံး သောက်သလိုပဲ အမျိုးသားတွေ အနေနဲ့လည်း ဒိုင်မီသန်ဒရိုလုံး အန်ဒီကန်နိုရိတ်(DMAU) လို့ ခေါ်တဲ့ အဆိုပါဆေးကို သောက်သုံးခြင်းအားဖြင့် တက်စထရိုစတီရုန်းတွေကို လျော့ကျစေပြီး သုတ်ရည်ထုတ်လွှတ်မှုအတွက် လိုအပ်သော ဟော်မုန်းနှစ်မျိုးကိုလည်း ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ထိုသို့သောက်သုံးခြင်းအားဖြင့် ရလဒ်အနေနဲ့ အမျိုးသားတွေဟာ ၎င်းတို့ရဲ့ အဖော်အမျိုးသမီးကို ကိုယ်ဝန်ရရှိမှု မရှိအောင် ပြုလုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

အဆိုပါအကြောင်းကို အမေရိကန်ပြည်ထောင်စု ၊ ဆီးယက်တဲလ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှ သုတေသနပညာရှင် တွေက လေ့လာသိရှိခဲ့တာဖြစ်ပြီး ၎င်းတို့အနေနဲ့ အသက် (၁၈) နှစ်ကနေ (၅၀) ကြား အမျိုးသား (၈၃) ယောက်အား အမျိုးသမီးသန္ဓေတားဆေးနဲ့ စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။

READ  လူေတြမသိေသးတဲ့ ဂ်င္းရဲ႕ ေကာင္းျခင္း ၁၀ မ်ိဳး

သုတေသနပညာရှင်တွေအနေနဲ့ ၎င်းအမျိုးသားတွေကို (၂၈) ရက်ကြာ စမ်းသပ်ခဲ့တာဖြစ်ပြီး ဆေးကို အစာနဲ့ တစ်ရက် တစ်လုံး မှန်မှန်သောက်စေခဲ့ပါတယ်။

အဲဒီနောက် သူတို့ရဲ့ သွေးနမူနာတွေကို ရယူပြီး စမ်းသပ်ကြည့်ရာမှာ တက်စထရိုစတီရုန်း နဲ့ အခြား ကျားဟော်မုန်းနှစ်မျိုး လျော့ကျသွားတာကို တွေ့ရပြီး သုတ်ပိုးထုတ်လုပ်မှုကိုလည်း ကျဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဆေးကို သောက်သုံးမှုကြောင့် ရှေးက သန္ဓေတားဆေးတွေလိုမျိုး အမျိုးသားတွေမှာ ခံစားရတဲ့ အသည်းရောင်တာမျိုးလည်း မရှိတဲ့အပြင် အခြားဘေးထွက်ဆိုးကျိုးတွေကိုလည်း မတွေ့ရဘူးလို့ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာစတစ်ဖနီပေ့ဂျ် က ဆိုပါတယ်။

အကြီးမားဆုံး ဘေးထွက်ဆိုးကျိုး အနေနဲ့ကတော့ ကိုုယ်အလေးချိန် အနည်းငယ် တက်လာတာနဲ့ ဝက်ခြံပေါက်တာလောက်ပဲ ဖြစ်စေတယ်လို့ ချီကာဂိုရှိ Harbor-UCLA ဆေးပညာစင်တာမှာ ပြုလုပ်တဲ့ အန်ဒိုကရင်း အဖွဲ့အစည်း နှစ် (၁၀၀) ပြည့် အခမ်းအနားမှာ သုတေသနအဖွဲ့က တင်ပြခဲ့ပါတယ်။

အမျိုးသမီးသန္ဓေတားဆေးကိုတော့ ကမ္ဘာတဝှမ်း မှာ အမျိုးသမီး သန်း (၁၀၀) ခန့်က အသုံးပြုနေကြပြီး သုတေသနပညာရှင်တွေအနေနဲ့ အမျိုးသားသန္ဓေတားဆေးကို စမ်းသပ်ရှာဖွေနေတာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ယခု စမ်းသပ်ချက်အောင်မြင်တာနဲ့ ပထမဆုံး အမျိုးသား သန္ဓေတားဆေးတွေ ကမ္ဘာ့ဈေးကွက်ထဲ ရောက်ရှိလာဖို့ ကြိမ်းသေနေပြီလည်း ဖြစ်ပါတယ်။

Credit:MyanmarNote

LEAVE A REPLY