Zawgyi ျဖင့္ဖတ္၇န္
ထိုင္းႏုိင္ငံ အေရွ႕ေျမာက္ပိုင္းေဒသ ခ်ိဳင္းယဖုမ္းခ႐ုိင္ ထိုင္းတပ္သားသစ္ စုေဆာင္းေရး လူသစ္ေရြးခ်ယ္ပြဲမွာ မိန္းမလ်ာ ၁၁ ဦးပါ လာၿပီး အေရြးခံခဲ့ၾကပါတယ္။

ခ်ိဳင္းယဖုမ္းခ႐ုိင္ ဘန္႔ေခဝါ့ၿမိဳ႕နယ္႐ုံးမွာ မေန႔ကျပဳလုပ္တဲ့ တပ္သားသစ္ေရြးခ်ယ္ေရး ပထမေန႔မွာ တကယ့္မိန္းမေခ်ာေလးလို လွပေနၾကတဲ့ မိန္းမလ်ာေတြပါ ပါလာတာေၾကာင့္ တပ္သားသစ္ေတြ လာေရာက္အားေပးတဲ့ မိဘျပည္သူေတြၾကား လက္ခုပ္သံေတြနဲ႔ အထူးစည္ကားခဲ့ပါတယ္။

အဲဒီ မိန္းမလ်ာ ၁၁ ဦးထဲမွာ မိန္းမအစစ္လိုျဖစ္ေအာင္ ရင္သား၊ တင္သားေတြအျပင္ အတြင္းအဂၤါေတြပါ ေျပာင္းလဲထားသူေတြလည္း ပါဝင္ပါတယ္။

အထူးသျဖင့္ အသက္ ၂၁ ႏွစ္ရြယ္ ေနာင့္နိင္း ေခၚ ႏိုင္းဖုဖုန္း ဖိမ္းဖားဆိုင္မွာ အေပၚလြင္ဆံုးသူေလး ျဖစ္ေနပါတယ္။

ဒါေပမယ့္ အဲဒီမိန္းမလ်ာ ၁၁ ဦးလံုး ႏိုင္ငံံ့သားေကာင္းတာဝန္ ထမ္းေဆာင္ရန္ အရည္အေသြး မမီသူေတြအျဖစ္ ဒီႏွစ္မွာ အပယ္ခံလိုက္ရပါတယ္။

သူတို႔ေတြဟာ ေနာက္တႏွစ္ ျပန္လာေျဖဆိုရမွာျဖစ္ၿပီး သက္ဆိုင္ရာဆရာဝန္ရဲ႕ ေဆးေထာက္ခံစာ၊ အမ်ိဳးသမီးအစစ္ကဲ့သို႔ လိင္အသြင္ေျပာင္းၿပီးေၾကာင္း ေထာက္ခံစာပါမွ စစ္သားအျဖစ္ ဝန္ထမ္းဖို႔ ကင္းလြတ္ခြင့္ရမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ အရြယ္ေရာက္ၿပီးသူ အမ်ိဳးသားတိုင္း စစ္မႈမထမ္းမေနရဥပေဒ ျပ႒ာန္းထားၿပီး အမ်ိဳးသားမွတ္ပံုတင္၊ အိမ္ေထာင္စုစာရင္းမွာ (က်ား) ျဖစ္ေနသ၍ စစ္ထဲဝင္ရမွာ ျဖစ္ပါတယ္။

အျပင္မွာ ခြဲစိတ္ျပဳျပင္ လိင္ေျပာင္းထားေပမယ့္လည္း မွတ္ပံုတင္မွာ ျပင္ဆင္ခြြင့္မရေသးပါဘူး။ ဒါေၾကာင့္ ျပ႒ာန္းထားတဲ့ ဥပေဒအရ မိန္းမလ်ာေတြပါ လာေရာက္ လူေရြးခံေနရတာပါ။

မေန႔က တပ္သားသစ္အျဖစ္ လာေရာက္အေရြးခံသူေပါင္း ၃၀၉ ဦးရွိေပမယ့္ ဒီတပ္ဖြဲ႔အတြက္ေတာ့ ၁၀၁ ဦးသာ စိစစ္လက္ခံမယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

အဲဒီထဲက လူရြယ္ ၅ ဦးကေတာ့ စိတ္ေရာလူပါ တပ္ထဲဝင္ဖို႔ ဆံုးျဖတ္ခ်က္ အခိုင္အမာရွိသလို ႀကံ့ခိုင္သန္မာတာေၾကာင့္ လက္မွတ္နီ (အေရြးခံရ)၊ လက္မွတ္နက္ (အေရြးမခံရ) မဲႏႈိက္စရာမလိုဘဲ အလိုလိုေအာင္ၿပီးသားျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပသြားပါတယ္။
Unicodeဖြင့်ဖတ်ရန်
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ချိုင်းယဖုမ်းခရိုင် ထိုင်းတပ်သားသစ် စုဆောင်းရေး လူသစ်ရွေးချယ်ပွဲမှာ မိန်းမလျာ ၁၁ ဦးပါ လာပြီး အရွေးခံခဲ့ကြပါတယ်။

ချိုင်းယဖုမ်းခရိုင် ဘန့်ခေဝါ့မြို့နယ်ရုံးမှာ မနေ့ကပြုလုပ်တဲ့ တပ်သားသစ်ရွေးချယ်ရေး ပထမနေ့မှာ တကယ့်မိန်းမချောလေးလို လှပနေကြတဲ့ မိန်းမလျာတွေပါ ပါလာတာကြောင့် တပ်သားသစ်တွေ လာရောက်အားပေးတဲ့ မိဘပြည်သူတွေကြား လက်ခုပ်သံတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။

အဲဒီ မိန်းမလျာ ၁၁ ဦးထဲမှာ မိန်းမအစစ်လိုဖြစ်အောင် ရင်သား၊ တင်သားတွေအပြင် အတွင်းအင်္ဂါတွေပါ ပြောင်းလဲထားသူတွေလည်း ပါဝင်ပါတယ်။

အထူးသဖြင့် အသက် ၂၁ နှစ်ရွယ် နောင့်နိင်း ခေါ် နိုင်းဖုဖုန်း ဖိမ်းဖားဆိုင်မှာ အပေါ်လွင်ဆုံးသူလေး ဖြစ်နေပါတယ်။

ဒါပေမယ့် အဲဒီမိန်းမလျာ ၁၁ ဦးလုံး နိုင်ငံံ့သားကောင်းတာဝန် ထမ်းဆောင်ရန် အရည်အသွေး မမီသူတွေအဖြစ် ဒီနှစ်မှာ အပယ်ခံလိုက်ရပါတယ်။

သူတို့တွေဟာ နောက်တနှစ် ပြန်လာဖြေဆိုရမှာဖြစ်ပြီး သက်ဆိုင်ရာဆရာဝန်ရဲ့ ဆေးထောက်ခံစာ၊ အမျိုးသမီးအစစ်ကဲ့သို့ လိင်အသွင်ပြောင်းပြီးကြောင်း ထောက်ခံစာပါမှ စစ်သားအဖြစ် ဝန်ထမ်းဖို့ ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်း စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းထားပြီး အမျိုးသားမှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမှာ (ကျား) ဖြစ်နေသ၍ စစ်ထဲဝင်ရမှာ ဖြစ်ပါတယ်။

အပြင်မှာ ခွဲစိတ်ပြုပြင် လိင်ပြောင်းထားပေမယ့်လည်း မှတ်ပုံတင်မှာ ပြင်ဆင်ခွင့်မရသေးပါဘူး။ ဒါကြောင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မိန်းမလျာတွေပါ လာရောက် လူရွေးခံနေရတာပါ။

မနေ့က တပ်သားသစ်အဖြစ် လာရောက်အရွေးခံသူပေါင်း ၃၀၉ ဦးရှိပေမယ့် ဒီတပ်ဖွဲ့အတွက်တော့ ၁၀၁ ဦးသာ စိစစ်လက်ခံမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီထဲက လူရွယ် ၅ ဦးကတော့ စိတ်ရောလူပါ တပ်ထဲဝင်ဖို့ ဆုံးဖြတ်ချက် အခိုင်အမာရှိသလို ကြံ့ခိုင်သန်မာတာကြောင့် လက်မှတ်နီ (အရွေးခံရ)၊ လက်မှတ်နက် (အရွေးမခံရ) မဲနှိုက်စရာမလိုဘဲ အလိုလိုအောင်ပြီးသားဖြစ်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
႐ုပ္သံ – sanook.com

Credit: DVB