Zawgyi ျဖင့္ဖတ္၇န္

က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္နုိင္သူ ဇာတ္ပို႕ဇာတ္ရံေတြထဲကမွ တစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ ႏႈိင္းယွဥ္ျမင့္မိုရ္က သားေလးအတြက္ ႀကိဳးစားေနတဲ့အေၾကာင္း ေျပာျပခဲ့တာပါ။အခု ငါးလႊာမွာ ငွားေနေနတာတဲ့။

ငါးလႊာမွာ ငွားေနေနရတဲ့ သူမတို႕ဟာ အိမ္ပိုင္ေလးတစ္ခုပိုင္ႏုိင္ေအာင္ ႀကိဳးစားေနပါတယ္တဲ့။ သားေလးကို ဒီလိုမ်ိဳး တိုက္အျမင့္ႀကီးေပၚ တက္တက္ေနရတာကို ျမင္ရတာ လင္မယားႏွစ္ေယာက္လံုး စိတ္မေကာင္းျဖစ္ရပါတယ္ဆိုတဲ့ အေၾကာင္းကို Duwun Media ကို ယခုလို ေျပာျပခဲ့ပါတယ္။

“အမတို႕ ဇနီးေမာင္ႏွံ ႏွစ္ေယာက္စလံုးဟာ ျဖဴျဖဴစင္စင္နဲ႕ ပိုက္ဆံရွာၿပီးေတာ့ အမတို႕ မိသားစုနဲ႕အတြက္နဲ႕ မိဘအတြက္ အသံုးျပဳပါတယ္။ အျခားနည္းလမ္းေတြနဲ႕လည္း ပိုက္ဆံမရွာပါဘူး။အမတို႕ရည္ရြယ္ခ်က္ေလးကေတာ့ တိုက္ခန္းေလး တစ္လံုးေလာက္ ပိုင္ခ်င္တာပါ။ အခုက ငွားေနရတာေလ။ ဟိုးအေပၚဆံုးတက္မွာ ငါးလႊာမွာ ေနေနတာေပ့ါ။

သားေလးငယ္ငယ္တုန္းကဆိုရင္ အထုတ္ေတြ အပိုးေတြနဲ႕ လင္မယားႏွစ္ေယာက္ ခေလးကိုခ်ီ အေပၚကို တက္ရတာ။ အဲ့လိုတက္တဲ့အခါက်ရင္ အမက အထုတ္ေတြသယ္တယ္။ ကိုဘင္းကို ကေလးကို ခ်ီခိုင္းၿပီးတက္ၾကတာေပ့ါ။ ကိုဘင္းကေတာ့ အမဗိုက္ခြဲထားတာဆိုေတာ့ အထုတ္ေတြမသယ္ခိုင္းဘူး။ ကိုယ္မသယ္ရင္လည္း ဘယ္သူသယ္မလဲကြယ္။ အဲ့ဒါေတြေၾကာင့္ အခုဒဏ္ေလးေတြေတာ့ ခံေနရတာေပ့ါ။ အခုကေလးကလမ္းလည္းေလွ်ာက္တက္ေနၿပီ။ သူဘာသာသူ တိုက္ေပၚကို တက္တာေပါ့။ အဲ့ဒါကို ၾကည့္ရတာကို စိတ္မေကာင္း ျဖစ္မိတယ္။ သူမွာ ငယ္ငယ္ေလးနဲ႕ တိုက္အျမင့္ႀကီးေပၚ တက္ေနတာ စိတ္မေကာင္းျဖစ္မိတယ္။ တိုက္ခန္းအပိုင္ ေတာင္ မဟုတ္ပါဘူး ေျမညီထပ္ေလးမွာ ငွားေနႏုိင္ေအာင္ ႀကိဳးစားေနတယ္” ဆိုၿပီး သူမက ေျဖဆိုခဲ့ပါတယ္။

သရုပ္ေဆာင္ ႏိႈင္းယွဥ္ျမင့္မိုရ္က လက္ရွိမွာ ေအာင္ရဲလင္းတို႕နဲ႕အတူ ဇာတ္ကားရိုက္ကူးေနတယ္လို႕ သိရပါ တယ္။ သရုပ္ေဆာင္ ဘင္းနဲ႕ ႏိႈင္းယွဥ္ၿမင့္မိုရ္တုိ႕က အႏုပညာေလာကထဲမွာ သရုပ္ေဆာင္ အားေပးမႈ ရရွိထားသူေတြ လည္း ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဇာတ်ပို့ဇာတ်ရံတွေထဲကမှ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်က သားလေးအတွက် ကြိုးစားနေတဲ့အကြောင်း ပြောပြခဲ့တာပါ။

ငါးလွှာမှာ ငှားနေနေရတဲ့ သူမတို့ဟာ အိမ်ပိုင်လေးတစ်ခုပိုင်နိုင်အောင် ကြိုးစားနေပါတယ်တဲ့။ သားလေးကို ဒီလိုမျိုး တိုက်အမြင့်ကြီးပေါ် တက်တက်နေရတာကို မြင်ရတာ လင်မယားနှစ်ယောက်လုံး စိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ အကြောင်းကို Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

“အမတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ ဖြူဖြူစင်စင်နဲ့ ပိုက်ဆံရှာပြီးတော့ အမတို့ မိသားစုနဲ့အတွက်နဲ့ မိဘအတွက် အသုံးပြုပါတယ်။ အခြားနည်းလမ်းတွေနဲ့လည်း ပိုက်ဆံမရှာပါဘူး။အမတို့ရည်ရွယ်ချက်လေးကတော့ တိုက်ခန်းလေး တစ်လုံးလောက် ပိုင်ချင်တာပါ။ အခုက ငှားနေရတာလေ။ ဟိုးအပေါ်ဆုံးတက်မှာ ငါးလွှာမှာ နေနေတာပေ့ါ။

သားလေးငယ်ငယ်တုန်းကဆိုရင် အထုတ်တွေ အပိုးတွေနဲ့ လင်မယားနှစ်ယောက် ခလေးကိုချီ အပေါ်ကို တက်ရတာ။ အဲ့လိုတက်တဲ့အခါကျရင် အမက အထုတ်တွေသယ်တယ်။ ကိုဘင်းကို ကလေးကို ချီခိုင်းပြီးတက်ကြတာပေ့ါ။ ကိုဘင်းကတော့ အမဗိုက်ခွဲထားတာဆိုတော့ အထုတ်တွေမသယ်ခိုင်းဘူး။ ကိုယ်မသယ်ရင်လည်း ဘယ်သူသယ်မလဲကွယ်။ အဲ့ဒါတွေကြောင့် အခုဒဏ်လေးတွေတော့ ခံနေရတာပေ့ါ။ အခုကလေးကလမ်းလည်းလျှောက်တက်နေပြီ။ သူဘာသာသူ တိုက်ပေါ်ကို တက်တာပေါ့။ အဲ့ဒါကို ကြည့်ရတာကို စိတ်မကောင်း ဖြစ်မိတယ်။ သူမှာ ငယ်ငယ်လေးနဲ့ တိုက်အမြင့်ကြီးပေါ် တက်နေတာ စိတ်မကောင်းဖြစ်မိတယ်။ တိုက်ခန်းအပိုင် တောင် မဟုတ်ပါဘူး မြေညီထပ်လေးမှာ ငှားနေနိုင်အောင် ကြိုးစားနေတယ်” ဆိုပြီး သူမက ဖြေဆိုခဲ့ပါတယ်။

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်က လက်ရှိမှာ အောင်ရဲလင်းတို့နဲ့အတူ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါ တယ်။ သရုပ်ဆောင် ဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က အနုပညာလောကထဲမှာ သရုပ်ဆောင် အားပေးမှု ရရှိထားသူတွေ လည်း ဖြစ်ပါတယ်။
Photo : ႏိႈင္းယွဥ္ျမင့္မိုရ္
Credit: Duwun