Zawgyi ဖြင့်ဖတ်ရန်




credit : myanmar load

Unicode ဖြင့်ဖတ်ရန်

လက်ေ်ဆာင်တစ်ခုကြောင့် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ သုသု

နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်တစ်ယောက် သူမကိုချစ်ခင်တဲ့ ပရိတ်သတ် တစ်ဦးဖြစ်ပေးတဲ့ လက်ဆောင်လေးကြောင့် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ လတ်တလောမှာ တော့ သူမရဲ့အိမ်ထောင်ရေးတာ ကတောက်တဆတစ်ချို့ဖြစ်နေချိန်ဖြစ်ပြီး သူမရဲ့ခင်ပွန်းနဲ့အတူ တွဲရိုက်ထား တဲ့ ပုံရိပ်လေးကို ခဲပန်းချီဆွဲပြီး လက်ေ်ဆာင်ပို့ပေးတာ ကြောင့် စိတ်မကောင်းဖြစ်ပြီး ငိုခဲ့တဲ့အကြောင်းကို သူမရဲ့ Facebook မှာ တင်ထားတာပဲဖြစ် ပါတယ်။

လိင်ပြောင်းခွဲစိတ်မှု မပြုလုပ်ထားပေမယ့် အမျိုးသမီးဘဝကို သူမက မြတ်မြတ်နိုးနိုးခံယူထား တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကြော်ငြာတွေလည်းရိုက်ကူးနေရပြီး ပရိတ်သတ် တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်။ ဟာသ Video လေးတွေ ရိုက်ကူးတတ်တာ ကြောင့် ပရိတ်သတ်တွေက အရင်ကထက် ပိုပြီးချစ်ခင် အားပေးလာခဲ့ကြ တာပဲဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းနဲ့ အိမ်ထောင်သက်ဟာလည်း နှစ်နှစ်တာ ကာလကို ကျော်လွန်ခဲ့ပြီပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ကတောက်ကဆတွေဖြစ်နေပေမယ့် ပြန်လည်အဆင်ပြေသွားဖို့ကိုလည်း သူမနဲ့အတူ အားလုံးကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ သူမကိုဝမ်းနည်းစေတဲ့ လက် ဆောင်လေး အကြောင်းကို ” ဆိုင်မှာ လက်ဆောင်လာပို့သွား တဲ့ပါဆယ်ထုပ်ကလေးကိုဖြေ ကြည့်ပြီး ကျမ အားရအောင် ငိုလိုက်တယ် ကျမတို့ကိုချစ်ပေးတာကျေးဇူးပါ ” ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ အဆင်မပြေမှုတွေအားလုံးကိုဖြတ်ကျော်ပြီး အောင်မြင်ပျော်ရွှင်မှုတွေရ ပါစေလို့ သုသုအတွက် ဆုတောင်းပေးလိုက်ပါတယ်နော်။

credit : myanmar load