Zawgyi ဖြင့်ဖတ်၇န်
Viral4Real
Viral4Real
Viral4Real
credit – searchmyanmar
Unicodeဖြင့်ဖတ်ရန်
တရုတ်နိုင်ငံက မင်္ဂလာပွဲတွေမှာ သတို့သမီးအရံတွေက ဧည့်သည်တွေကို နှုတ်ဆက်ပေးတာ၊ ဓာတ်ပုံတွဲရိုက်ပေးတာကနေ သတို့သမီးအစား ဝိုင်သောက်ပေးတာအထိ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ မင်္ဂလာပွဲတစ်ပွဲမှာ သတို့သမီးအရံတွေက ဘယ်လောက်များပြီး လှပတယ်ဆိုတာကို ကြည့်ပြီးတော့လည်း ပွဲကျင်းပတဲ့မိသားစုရဲ့ ဂုဏ်ဒြပ်တွေကို ခန့်မှန်းနို်င်ပါတယ်။ သတို့သမီးအရံတွေဟာ တရုတ်မင်္ဂလာပွဲတွေအတွက် မျက်နှာဖုံးလိုပါပဲ။
စီချွမ်မြို့က (၂၄)နှစ်အရွယ် Min Wenqing ဆိုတဲ့ အမျိုးသမီးလေးကတော့ (၂)ရက်ဆက်တိုက် သတို့သမီးအရံအဖြစ် ဝန်ဆောင်မှုပေးပြီးနောက် ခြေထောက်ထဲပိုးဝင်သွားခဲ့ကာ ခြေထောက်ဖြတ်ပစ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ (၂)ရက်ဆက်တိုက် အလုပ်လုပ်ပြီးနောက် ဒုတိယနေ့မှာ စဖျားခဲ့ပြီး သူမကတော့ ပင်ပန်းလို့ဖျားတယ်ထင်ကာ ရွာထဲက ဆရာဝန်ပေးတဲ့ အအေးမိပျောက်ဆေးသာ သောက်ခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ Min ဟာ အိပ်ယာထဲက မထနိုင်လောက်အောင် အခြေအနေဆိုးလာခဲ့ပြီး ပျို့အန်တာတွေပါ ဖြစ်လာတာကြောင့် ဆေးရုံသို့ပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက သူမကို နှလုံးကြွက်သားရောင်ရမ်းခြင်း၊ အူလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် ဆေးစစ်မှု (၉)မျိုးလောက်လုပ်ခဲ့ပေမယ့် အဖြေအတိအကျမသိနိုင်ခဲ့ကြဘဲ ဆေးရုံပြောင်းပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ ညာဘက်ခြေထောက်မှာ ပြင်းထန်စွာပိုးဝင်နေတာကြောင်း အဖြေထွက်လာခဲ့ပါတယ်။
ညာဘက်ခြေထောက်က ခြေချောင်းလေးတွေဟာ သွေးဆိပ်သင့်ပြီး ပိုးဝင်သွားခဲ့တဲ့အခြေအနေကြောင့် Min ရဲ့ အသက်ကို ကယ်ဖို့ ညာဘက်ခြေသလုံးကနေ ဖြတ်ပစ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့တော့ပါဘူး။ ခွဲစိတ်မှုကတော့ အောင်မြင်ခဲ့ပေမယ့် သူမကတော့ အလွန်စိတ်ထိခိုက်နေရှာပါတယ်။
Credit:luckymyanmar