Zawgyi ျဖင့္ဖတ္၇န္
အံ့ဩစရာ စိတ္ဝင္စားစရာေတြ ျပည့္ေနတဲ့ ေနရာတစ္ခုကို ခရီးထြက္ဖို႔ စဥ္းစားေနတာလား?

ဒီလိုဆိုရင္ေတာ့ ပုံမွန္သြားေနက် ကမ္းေျခေတြ ပန္းၿခံေတြကို ေခါင္းထဲက ထုတ္လိုက္ၿပီး အာကာသထဲက အမိုက္စား ဟိုတယ္တစ္ခု တည္းခိုဖို႔ စိတ္ကူးၾကည့္လိုက္ပါ…

ဒီလို ဆန္းၾကယ္တဲ့ ကမၻာၿဂိဳဟ္ပတ္လမ္းထဲက Orion Span အဆင့္ျမင့္ ဇိမ္ခံဟိုတယ္ကို ၂၀၂၂ ခုႏွစ္မွာ စတင္ဖြင့္လွစ္ဖို႔ စီစဥ္ထားတယ္လို႔ မၾကာခင္ရက္ပိုင္းကပဲ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ သင့္အေနနဲ႔ သီးသန္႔သြားေရာက္ အနားယူႏိုင္မွာျဖစ္ၿပီး အခန္းတစ္ခန္းကို တစ္ရက္အတြက္ ေဒၚလာ ၈၀၀၀၀ ေလာက္က်သင့္မွာျဖစ္ပါတယ္။ ၁၂ ရက္စာ တည္းခိုခက်သင့္ေငြကို တစ္ခါတည္း ေပးေခ်ရမွာ ျဖစ္ကာ လူတစ္ဦးအတြက္ စုစုေပါင္း ေဒၚလာ ၉.၅ သန္းေလာက္ ကုန္က်မယ့္ ခရီးစဥ္လည္း ျဖစ္ပါတယ္။

လွပတဲ့ ဝင္႐ိုးစြန္း အလင္းတန္းေတြကို ျမင္ေနရမယ့္ ၿဂိဳလ္ပတ္လမ္းေပၚက ဒီဟိုတယ္ဟာ သိပၸံနဲ႔ စၾကာဝ႒ာ အေၾကာင္းေတြကို စိတ္ဝင္စားတဲ့ အာကာသခရီးသြားလိုသူေတြကို အာကာသယာဥ္မႈးတစ္ေယာက္လို အေတြ႕အႀကဳံမ်ိဳးေတြ ရရွိေစမွာ ျဖစ္ပါတယ္။ ဒီအေတြ႕အႀကဳံေတြကေန အာကာသထဲမွာ သိပၸံစမ္းသပ္ခ်က္ေတြ ဘယ္လိုလုပ္ၾကရသလဲ အာကာသယာဥ္မႈးေတြ ဘယ္လိုႀကိဳးစားေလ့လာရသလဲ ဆိုတာေတြကိုလည္း နားလည္လာေစမွာပါ။

Orion Span ရဲ႕ CEO ျဖစ္သူ Frank Bunger ကေတာ့ ဒီခရီးစဥ္အၿပီးမွာ သင့္အေနနဲ႔ ေအာင္ျမင္တဲ့ လူစြမ္းေကာင္း တစ္ေယာက္လိုမ်ိဳး ကမၻာေျမေပၚကို ေခါင္းေမာ့ရင္ေကာ့ ျပန္လာႏိုင္မယ္လို႔ေတာင္ ခရီးစဥ္က ရရွိလာမယ့္ အေတြ႕အႀကဳံေတြနဲ႔ ပတ္သက္ၿပီး ခ်ီးမြမ္းခန္းဖြင့္ခဲ့ပါတယ္။

အေမွာင္ဟင္းလင္းျပင္ကို ဆန္႔က်င္ၿပီး ျဖာထြက္လာတဲ့ ဝင္႐ိုးစြန္းအလင္းတန္းေတြနဲ႔ ကမၻာႀကီးကို မိုင္ ၂၀၀ အကြာအေဝးကေန ျဖတ္သန္း ၾကည့္႐ႈႏိုင္မွာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ေနဝင္ခ်ိန္ ေနထြက္ခ်ိန္ေတြကိုပါ ေလ့လာႏိုင္ၿပီး ေန႔စဥ္နဲ႔အမၽွ အံ့ဩစရာ အေတြ႕အႀကဳံေတြ ဒါဇင္နဲ႔ခ်ီၿပီးကို ရမယ္လို႔လည္း ဆိုပါတယ္။

ခရီးစဥ္တစ္ေခါက္မွာ အာကာသယာဥ္မႈးႏွစ္ဦးနဲ႔အတူ ေနာက္ထပ္ ခရီးသည္ ေလးဦးအထိ လိုက္ပါႏိုင္မွာပဲျဖစ္ပါတယ္။ ဟိုတယ္ကို ၂၀၁၉ ကေနစၿပီး တည္ေဆာက္သြားမွာ ျဖစ္ကာ ၂၀၂၁ ေလာက္မွာၿပီးစီးေအာင္ ေဆာက္လုပ္မယ္လို႔ ကုမၼဏီဘက္က ဆိုထားၿပီး အာကာသကို လူသားေတြ ေလ့လာဖို႔ေလာက္သာ လတ္တေလာ ဦးတည္ေဆာင္႐ြက္ထားေပမယ့္ ေနာင္တစ္ခ်ိန္ အာကာသမွာ ေနထိုင္ႏိုင္ဖို႔အထိ ရည္႐ြယ္ထားတယ္လို႔လဲ ဆိုပါတယ္။

READ  လူအလုပ္လုပ္တဲ့ စက္ရုပ္မ်ား အခြန္ ေဆာင္သင့္ဟု Bill Gates ေျပာၾကား

ဒါေပမဲ့ ဒါက ပထမဆုံးအႀကိမ္ႀကိဳးစားမႈေတာ့ မဟုတ္ပါဘူး။ ၂၀၀၁ ခုႏွစ္နဲ႔ ၂၀၀၉ ခုႏွစ္အတြင္း အာကာသယာဥ္မႈး ၇ ေယာက္အဖြဲ႕ဟာ ႐ုရွားလုပ္ ဒုံးပ်ံကိုစီးနင္းၿပီး အာကာသမွာ ေနထိုင္ခဲ့ၾကၿပီး ျဖစ္ပါတယ္။ အဲဒီထဲက တစ္ေယာက္ကေတာ့ Video Game Developer တစ္ေယာက္ျဖစ္သလို စြန္႔ဦးတီထြင္လုပ္ကိုင္သူ တစ္ေယာက္ျဖစ္တဲ့ Richard Garriott ပဲျဖစ္ပါတယ္။ ၂၀၀၈ ခုႏွစ္မွာ သူဟာ အာကာသမွာ ၂ ပတ္ၾကာေနထိုင္ဖို႔ ေဒၚလာသန္း ၃၀ အကုန္အက်ခံခဲ့ကာ ကမၻာ့ၿဂိဳလ္ပတ္လမ္းေပၚမွာ ေနထိုင္ႏိုင္ဖို႔ အေရးပါတဲ့ စြန္႔စားမႈကို ျပဳလုပ္ခဲ့ပါတယ္။ သူကေတာ့ ” ၿဂိဳလ္ပတ္လမ္းေပၚကေန ကမၻာႀကီးကို ျမင္ရတာဟာ အူလႈိက္သည္းလႈိက္ ျဖစ္ေစတဲ့အျပင္ ေဝးကြာတယ္၊ သီျခားျဖစ္ေနတယ္လို႔ ထင္ရတဲ့ ခံစားမႈေတြကို ေပ်ာက္သြားေစၿပီး ကၽြန္ေတာ္တို႔ရဲ႕ အနာဂတ္ကို အေကာင္းဆုံးျဖစ္ဖို႔ စိတ္ကူးယဥ္ႏိုင္တယ္” လို႔ ေျပာျပခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်
အံ့ဩစရာ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ နေရာတစ်ခုကို ခရီးထွက်ဖို့ စဉ်းစားနေတာလား?

ဒီလိုဆိုရင်တော့ ပုံမှန်သွားနေကျ ကမ်းခြေတွေ ပန်းခြံတွေကို ခေါင်းထဲက ထုတ်လိုက်ပြီး အာကာသထဲက အမိုက်စား ဟိုတယ်တစ်ခု တည်းခိုဖို့ စိတ်ကူးကြည့်လိုက်ပါ…

ဒီလို ဆန်းကြယ်တဲ့ ကမ္ဘာဂြိုဟ်ပတ်လမ်းထဲက Orion Span အဆင့်မြင့် ဇိမ်ခံဟိုတယ်ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ မကြာခင်ရက်ပိုင်းကပဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ သင့်အနေနဲ့ သီးသန့်သွားရောက် အနားယူနိုင်မှာဖြစ်ပြီး အခန်းတစ်ခန်းကို တစ်ရက်အတွက် ဒေါ်လာ ၈၀၀၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။ ၁၂ ရက်စာ တည်းခိုခကျသင့်ငွေကို တစ်ခါတည်း ပေးချေရမှာ ဖြစ်ကာ လူတစ်ဦးအတွက် စုစုပေါင်း ဒေါ်လာ ၉.၅ သန်းလောက် ကုန်ကျမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

လှပတဲ့ ဝင်ရိုးစွန်း အလင်းတန်းတွေကို မြင်နေရမယ့် ဂြိုလ်ပတ်လမ်းပေါ်က ဒီဟိုတယ်ဟာ သိပ္ပံနဲ့ စကြာဝဋ္ဌာ အကြောင်းတွေကို စိတ်ဝင်စားတဲ့ အာကာသခရီးသွားလိုသူတွေကို အာကာသယာဉ်မှုးတစ်ယောက်လို အတွေ့အကြုံမျိုးတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကနေ အာကာသထဲမှာ သိပ္ပံစမ်းသပ်ချက်တွေ ဘယ်လိုလုပ်ကြရသလဲ အာကာသယာဉ်မှုးတွေ ဘယ်လိုကြိုးစားလေ့လာရသလဲ ဆိုတာတွေကိုလည်း နားလည်လာစေမှာပါ။

READ  ဟိုတယ္ အခန္းအား မီးရႈိ႕ၿပီး ေခါင္မိုးေပၚမွ ခုန္ခ်မည့္သူအား အခ်ိန္မီကယ္တင္ႏိုင္ခဲ့

Orion Span ရဲ့ CEO ဖြစ်သူ Frank Bunger ကတော့ ဒီခရီးစဉ်အပြီးမှာ သင့်အနေနဲ့ အောင်မြင်တဲ့ လူစွမ်းကောင်း တစ်ယောက်လိုမျိုး ကမ္ဘာမြေပေါ်ကို ခေါင်းမော့ရင်ကော့ ပြန်လာနိုင်မယ်လို့တောင် ခရီးစဉ်က ရရှိလာမယ့် အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။

အမှောင်ဟင်းလင်းပြင်ကို ဆန့်ကျင်ပြီး ဖြာထွက်လာတဲ့ ဝင်ရိုးစွန်းအလင်းတန်းတွေနဲ့ ကမ္ဘာကြီးကို မိုင် ၂၀၀ အကွာအဝေးကနေ ဖြတ်သန်း ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နေဝင်ချိန် နေထွက်ချိန်တွေကိုပါ လေ့လာနိုင်ပြီး နေ့စဉ်နဲ့အမျှ အံ့ဩစရာ အတွေ့အကြုံတွေ ဒါဇင်နဲ့ချီပြီးကို ရမယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်တစ်ခေါက်မှာ အာကာသယာဉ်မှုးနှစ်ဦးနဲ့အတူ နောက်ထပ် ခရီးသည် လေးဦးအထိ လိုက်ပါနိုင်မှာပဲဖြစ်ပါတယ်။ ဟိုတယ်ကို ၂၀၁၉ ကနေစပြီး တည်ဆောက်သွားမှာ ဖြစ်ကာ ၂၀၂၁ လောက်မှာပြီးစီးအောင် ဆောက်လုပ်မယ်လို့ ကုမ္မဏီဘက်က ဆိုထားပြီး အာကာသကို လူသားတွေ လေ့လာဖို့လောက်သာ လတ်တလော ဦးတည်ဆောင်ရွက်ထားပေမယ့် နောင်တစ်ချိန် အာကာသမှာ နေထိုင်နိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့လဲ ဆိုပါတယ်။

ဒါပေမဲ့ ဒါက ပထမဆုံးအကြိမ်ကြိုးစားမှုတော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်း အာကာသယာဉ်မှုး ၇ ယောက်အဖွဲ့ဟာ ရုရှားလုပ် ဒုံးပျံကိုစီးနင်းပြီး အာကာသမှာ နေထိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ Video Game Developer တစ်ယောက်ဖြစ်သလို စွန့်ဦးတီထွင်လုပ်ကိုင်သူ တစ်ယောက်ဖြစ်တဲ့ Richard Garriott ပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူဟာ အာကာသမှာ ၂ ပတ်ကြာနေထိုင်ဖို့ ဒေါ်လာသန်း ၃၀ အကုန်အကျခံခဲ့ကာ ကမ္ဘာ့ဂြိုလ်ပတ်လမ်းပေါ်မှာ နေထိုင်နိုင်ဖို့ အရေးပါတဲ့ စွန့်စားမှုကို ပြုလုပ်ခဲ့ပါတယ်။ သူကတော့ ” ဂြိုလ်ပတ်လမ်းပေါ်ကနေ ကမ္ဘာကြီးကို မြင်ရတာဟာ အူလှိုက်သည်းလှိုက် ဖြစ်စေတဲ့အပြင် ဝေးကွာတယ်၊ သီခြားဖြစ်နေတယ်လို့ ထင်ရတဲ့ ခံစားမှုတွေကို ပျောက်သွားစေပြီး ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်ဖို့ စိတ်ကူးယဉ်နိုင်တယ်” လို့ ပြောပြခဲ့ပါတယ်။

Ref : NBC News

Credit; Cj (႐ိုးရာေလး)

LEAVE A REPLY