Zawgyi ျဖင့္ဖတ္၇န္

သႀကၤန္သံခ်ပ္ စာသားမ်ား ႀကိဳတင္စိစစ္မည့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ ထုတ္ျပန္ခ်က္ကို သႀကၤန္မင္းသားမ်ား လံုး၀လက္မခံ

ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ မဟာ သႀကၤန္ ပြဲေတာ္တြင္ သႀကၤန္ သီိခ်င္း စပ္ဆိုျခင္း၊ သံခ်ပ္ထိုး စာသားမ်ားအား တိုင္းေဒသႀကီး အစိုးရအဖြဲ႕ မဟာသႀကၤန္ သံခ်ပ္ စိစစ္ေရး ေကာ္မတီသို႔ မတ္လ ၂၀ရက္ ေနာက္ဆံုးထား တင္ျပရန္ႏွင့္ ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္သာ သီခ်င္း စပ္ဆိုျခင္း၊ သံခ်ပ္ ထိုးျခင္းမ်ား ေဆာင္ရြက္ရန္ ျဖစ္ေၾကာင္း မတ္လ (၅)ရက္ေန႔တြင္ အစိုးရ သတင္းစာမ်ား၌ ထုတ္ျပန္ ေၾကညာခဲ့သည္။

ပုဂံေညာင္ဦးတြင္ ႐ုပ္ရွင္ ႐ိုက္ကူးေနေသာ သႀကၤန္မင္းသား ေဗလု၀ ကလည္း “န၀တ ေခတ္က အတိုင္းပဲလား၊ သူတို႔ ေျပာေနတဲ့ ပြင့္လင္း ျမင္သာမႈ ဆိုတာ ဘာလဲ၊ ကၽြန္ေတာ္ကေတာ့ ဒီႏွစ္ သံခ်ပ္ ထြက္မယ္။ စိစစ္ေရးလည္း မတင္ဘူး။ ဖမ္းခ်င္လည္းဖမ္း သံခ်ပ္ ကေတာ့ ထြက္မွာပဲ”ဟု ေျပာၾကားသည္။

လာမည့္ သႀကၤန္ပြဲေတာ္တြင္ သံခ်ပ္နဲ႔ ပတ္သက္ၿပီး ႀကိဳတင္ စိစစ္မည့္ ကိစၥကို ဆန္႔က်င္ေၾကာင္း လူရႊင္ေတာ္ ဇာဂနာက ေျပာၾကားခဲ့သည္။ “တိုင္းျပည္က ေရွ႕ကို သြားေနတာလား၊ ေနာက္ကို သြားေနတာလား၊ မသိေတာ့ဘူး၊

ဘယ္လိုပဲ ျဖစ္ျဖစ္ သႀကၤန္ သံခ်ပ္ေတြက ကၽြန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းရဲ႕ အားနည္းခ်က္ေတြကို ခ်စ္စရာ ေကာင္းေအာင္ေထာက္ျပတယ္၊ သံခ်ပ္ သမားေတြက လိုအပ္ရင္လည္း သတိၱရွိတယ္၊ စစ္အုပ္ခ်ဳပ္ေရး ေခတ္ကိုေတာင္ အာခံခဲ့ေသးတာပဲ၊ ဒီသံခ်ပ္ေလးနဲ႔ လာမည့္ သႀကၤန္ကို ႏႈတ္ဆက္ လိုက္ခ်င္တယ္”
Unicodeဖြင့်ဖတ်ရန်
သင်္ကြန်သံချပ် စာသားများ ကြိုတင်စိစစ်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို သင်္ကြန်မင်းသားများ လုံးဝလက်မခံ

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော်တွင် သင်္ကြန် သီချင်း စပ်ဆိုခြင်း၊ သံချပ်ထိုး စာသားများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ မဟာသင်္ကြန် သံချပ် စိစစ်ရေး ကော်မတီသို့ မတ်လ ၂၀ရက် နောက်ဆုံးထား တင်ပြရန်နှင့် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်း စပ်ဆိုခြင်း၊ သံချပ် ထိုးခြင်းများ ဆောင်ရွက်ရန် ဖြစ်ကြောင်း မတ်လ (၅)ရက်နေ့တွင် အစိုးရ သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့သည်။

ပုဂံညောင်ဦးတွင် ရုပ်ရှင် ရိုက်ကူးနေသော သင်္ကြန်မင်းသား ဗေလု၀ ကလည်း “နဝတ ခေတ်က အတိုင်းပဲလား၊ သူတို့ ပြောနေတဲ့ ပွင့်လင်း မြင်သာမှု ဆိုတာ ဘာလဲ၊ ကျွန်တော်ကတော့ ဒီနှစ် သံချပ် ထွက်မယ်။ စိစစ်ရေးလည်း မတင်ဘူး။ ဖမ်းချင်လည်းဖမ်း သံချပ် ကတော့ ထွက်မှာပဲ”ဟု ပြောကြားသည်။

လာမည့် သင်္ကြန်ပွဲတော်တွင် သံချပ်နဲ့ ပတ်သက်ပြီး ကြိုတင် စိစစ်မည့် ကိစ္စကို ဆန့်ကျင်ကြောင်း လူရွှင်တော် ဇာဂနာက ပြောကြားခဲ့သည်။ “တိုင်းပြည်က ရှေ့ကို သွားနေတာလား၊ နောက်ကို သွားနေတာလား၊ မသိတော့ဘူး၊

ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန် သံချပ်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ချစ်စရာ ကောင်းအောင်ထောက်ပြတယ်၊ သံချပ် သမားတွေက လိုအပ်ရင်လည်း သတ္တိရှိတယ်၊ စစ်အုပ်ချုပ်ရေး ခေတ်ကိုတောင် အာခံခဲ့သေးတာပဲ၊ ဒီသံချပ်လေးနဲ့ လာမည့် သင်္ကြန်ကို နှုတ်ဆက် လိုက်ချင်တယ်”
Credit: ေက်ာ္ႀကီး(MDY)

၂၈. ၃. ၂၀၁၄ ေန႔ထုတ္ Tomorrow သတင္းဂ်ာနယ္ အတြဲ ၁ အမွတ္(၃)မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။