ZawGyiဖြင့်ဖတ်ရန်
Credit:Duwun
UniCodeဖြင့်ဖတ်ရန်
ပရိသတ်တွေ တော်တော်အမြင်ကတ်မယ့် ကာရိုက်တာမှာ သရုပ်ဆောင်မယ့် ရွှေထူး
ဝတ်မှုန်ရွှေရည်၊ ရွှေမှုန်ရတီ တို့နဲ့ ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ရှိတယ်တဲ့။
အဆိုတော်ရွှေထူးတစ်ယောက် ဇွန်လ ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူရိုက်ကူးမယ့် ဇာတ်ကားတွေအကြောင်းနဲ့ ကာရိုက်တာအကြောင်းတွေကို ရွှေထူးက ပြောပြခဲ့ပါတယ်။
” ရုပ်ရှင်ဇာတ်ကားကတော့ ၆ လပိုင်းထဲမှာရိုက်မယ်ပေါ့နော်။ ကျွန်တော့်ကို ပရိုဂျူဆာပြောထားတာကတော့ ရွှေမှုံရတီနဲ့တစ်ကား၊ မဝတ်မှုန်ရွှေရည် နဲ့ တစ်ကား လို့ပြောထားတယ်။ ကာရိုက်တာကတော့ ရွှေမှုံရတီရဲ့ ဇာတ်ကားထဲမှာ ကျွန်တော့်ကို တော်တော်လေး အမြင်ကပ်မယ်လို့ထင်တယ်။ တော်တော်ကို အမြင်ကပ်ကြမှာပါ။ မဝတ်မှုန်ရွှေရည်နဲ့ ဇာတ်ကားမှာတော့ ကျွန်တော့်ကာရိုက်တာက စာရေးဆရာပေါ့။ စာရေးဆရာရုပ်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် စာရေးဆရာလုပ်ရမှာပါ” လု့ိ သူက ဆိုပါတယ်။
ရွှေထူးဟာ အဆိုတော်တစ်ယောက် ဖြစ်တဲ့အတွက် သူမကျွမ်းကျင်တဲ့ သရုပ်ဆောင်အပိုင်းကို အသေးအဖွဲ့လေးကအစ ဂရုတစိုက်နဲ့ ကြိုးစားရမယ်လို့ ဆိုပါတယ်။
” ရုပ်ရှင်ပိုင်းဆိုင်ရာကျတော့ ကိုယ်မကျွမ်းကျင်တဲ့အပိုင်း ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာဆိုတော့ အဆင်ပြေပါ့မလားပေါ့နော်။ ပက်ပက်စက်စက်ညှို့မှာ ကျွန်တော် ရိုက်လိုက်တယ် ကျွန်တော့်မှာ ဟာကွက်တွေရှိတယ်၊ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါကတော့ ပရိသတ်အနေနဲ့ ကြည့်မယ်၊ ကိုယ်ခင်မင်ရတဲ့သူတွေက ကြည့်မယ်ဆိုရင် ရွှေထူးပထမဆုံးကားပဲ ထားပါတော့ ဒီလောက်ကတော့ အားပေးလို့ ရတယ် ဆိုတဲ့ အနေအထားမှာ သူတို့ဖြည့်တွေးကြမယ်။ ဒုတိယကားမှာတော့ ကျွန်တော့်ကို ဘယ်သူမှ နားလည်ပေးမှာ မဟုတ်တဲ့အတွက် ကျွန်တော့်အတွက်လည်း Pressure ပိုကြီးသလို အသေးအဖွဲ့လေးကအစ ကျွန်တော် ဂရုတစိုက်နဲ့ လိုက်ပြီးတော့ ကြိုးစားရမယ် ထင်တယ်” လို့ ရွှေထူးက ပြောပါတယ်။
ရွှေထူးက ဗီဒီယိုဇာတ်ကား၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးလက်ခံခြင်းမရှိဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲ ရိုက်ကူးနေတာပါ။ ရုပ်ရှင်ဇာတ်ကားတောင် အများကြီး ရိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
” ကျွန်တော်ရုပ်ရှင်တွေလည်းအများကြီးရိုက်ဖြစ်မှာမဟုတ်ဘူး၊ ကိုဝေမင်းမောင်နဲ့ပြောတဲ့အခါမှာလည်း ကျွန်တော်ရုပ်ရှင်တွေ အများကြီး မရိုက်ချင်ဘူး၊ ကိုယ့်ဇာတ်ကားချည်း အမြဲတမ်း ထွက်နေတာမျိုးကိုမလိုချင်ဘူး ကျွန်တော့်သဘောလေးနဲ့ သူ့ကိုတိုင်ပင်တယ်။ ပရိသတ်က တစ်နှစ်လောက်ကြာမှ တစ်နှစ်ခွဲလောက်ကြာမှ ကြည့်ရတယ် ဆိုတာကို လိုချင်တယ်။ ဗီဒီယိုဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ မရိုက်ဖြစ်ဘဲနဲ့ ရုံတင်ကားလေးတွေပဲ ရိုက်ဖြစ်တာပေါ့” လို့ ဆိုပါတယ်။
ရွှေထူးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက ရုံတင်ပြသခဲ့ပြီးပါပြီ။ ဒါရိုက်တာသ သားညီရိုက်ကူးတဲ့ အဲဒိဇာတ်ကားမှာ ရွှေထူးက အကယ်ဒမီ နေတိုး၊ မိုးစက်ဝိုင်တို့နဲ့ အပြိုင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။
Photo: ရွှေထူး၊ ဝတ်မှုန်ရွှေရည်၊ ရွှေမှုံရတီ Fb Page
Credit:Duwun
LEAVE A REPLY