ZawGyiျဖင့္ဖတ္ရန္

ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ပင္ေလာင္းလမ္းဆုံအနီးက ၁၂လမ္းသြား လမ္းမႀကီးမွာ ရိတ္သိမ္းၿပီး ေႏြစပါး လွန္းတဲ့ ေတာင္သူေတြနဲ႔ စည္ကားေနပါတယ္။ ဒီလမ္းမႀကီးက တပ္မေတာ္ အရာရွိ တခ်ိဳ႕ပဲ ရံဖန္ရံခါ သြားလာ အသုံးျပဳေလ့ရွိတာ ျဖစ္ၿပီး ေနေရာင္ျခည္ ေကာင္းစြာ ရရွိတာေၾကာင့္ အခုလို လာလွမ္းတာ ျဖစ္တယ္လို႔ ေတာင္သူအခ်ိဳ႕က ေျပာပါတယ္။

လမ္းတဖက္ကို ၆လမ္းစီ ရွိတဲ့ ဒီလမ္းမႀကီးေတြေပၚမွာ ယာဥ္အသြားအလာ ရွင္းလြန္းတာေၾကာင့္ အခုလို စပါးလွန္းတာက တျခားသူေတြ အေႏွာင့္အယွက္ ျဖစ္တာေတာ့ မေတြ႕ရပါဘူး။ ကြန္ကရစ္လမ္းမေပၚမွာ ေနေရာင္ေကာင္းေကာင္းနဲ႔ ႏွစ္စဥ္ စပါးလွန္းခြင့္ ရတဲ့အတြက္ ေဒသခံေတြက လမ္းေဖာက္လုပ္ေပးခဲ့တဲ့သူေတြကို အေတာ္ ေက်းဇူးတင္ေနပါတယ္။

ယခုႏွစ္ စပါးေပါက္ေဈးက တတန္ကို က်ပ္ ၆၂၀၀၀ ျဖစ္ၿပီး အရင္ႏွစ္ထက္ ေဈးေလ်ာ့နည္းေနတယ္လို႔လည္း ေတာင္သူေတြက ေျပာပါတယ္။

သတင္း၊ ဓာတ္ပုံ – (ေဖသက္ထက္ခင္/ ဧရာဝတီ)

Credit-The Irrawaddy Lifestyle

UniCodeဖြင့်ဖတ်ရန်

စပါးလှန်း တောင်သူများနဲ့ စည်ကားနေတဲ့ နေပြည်တော်က ၁၂ လမ်း သွားလမ်းမကြီး

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းဆုံအနီးက ၁၂လမ်းသွား လမ်းမကြီးမှာ ရိတ်သိမ်းပြီး နွေစပါး လှန်းတဲ့ တောင်သူတွေနဲ့ စည်ကားနေပါတယ်။ ဒီလမ်းမကြီးက တပ်မတော် အရာရှိ တချို့ပဲ ရံဖန်ရံခါ သွားလာ အသုံးပြုလေ့ရှိတာ ဖြစ်ပြီး နေရောင်ခြည် ကောင်းစွာ ရရှိတာကြောင့် အခုလို လာလှမ်းတာ ဖြစ်တယ်လို့ တောင်သူအချို့က ပြောပါတယ်။

လမ်းတဖက်ကို ၆လမ်းစီ ရှိတဲ့ ဒီလမ်းမကြီးတွေပေါ်မှာ ယာဉ်အသွားအလာ ရှင်းလွန်းတာကြောင့် အခုလို စပါးလှန်းတာက တခြားသူတွေ အနှောင့်အယှက် ဖြစ်တာတော့ မတွေ့ရပါဘူး။ ကွန်ကရစ်လမ်းမပေါ်မှာ နေရောင်ကောင်းကောင်းနဲ့ နှစ်စဉ် စပါးလှန်းခွင့် ရတဲ့အတွက် ဒေသခံတွေက လမ်းဖောက်လုပ်ပေးခဲ့တဲ့သူတွေကို အတော် ကျေးဇူးတင်နေပါတယ်။

ယခုနှစ် စပါးပေါက်ဈေးက တတန်ကို ကျပ် ၆၂၀၀၀ ဖြစ်ပြီး အရင်နှစ်ထက် ဈေးလျော့နည်းနေတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ – (ဖေသက်ထက်ခင်/ ဧရာဝတီ)

Credit-The Irrawaddy Lifestyle

LEAVE A REPLY