Zawgyi ျဖင့္ဖတ္၇န္

ရည္းစားေဟာင္းျဖစ္သူက ATM ကတ္ခိုးယူၿပီး ဧရာ၀တီဘဏ္မွာ ေငြက်ပ္ ၁၅ သိန္းထုတ္ယူခဲ့တဲ့ ျဖစ္ရပ္တခု ၂၀၁၈ ခုနစ္ မတ္လအတြင္းက ျဖစ္ပြားခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ျပန္ၾကားလူမႈကြန္ရက္ ရဲဇာနည္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၈ ခုႏွစ္၊ မတ္လ ၂၀ ရက္ေန႔မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံေျမာက္အေရွ႕ရပ္ကြက္မွာေနတဲ့ မတင္ႏြယ္ဝင္း(၃၁)ႏွစ္က ေနအိမ္အလွျပင္ဆိုင္မွာ အလုပ္လုပ္ကိုင္ေနတာကေန ဧရာဝတီဘဏ္မွာ ဘဏ္စာအုပ္နဲ႔ ATM ကတ္တြဲၿပီး ျပဳလုပ္ထားတဲ့ ဘဏ္စာအုပ္ထဲကုိ ေငြထပ္မံထည့္သြင္းဖုိ႔ တာေမြၿမိဳ႕နယ္က ဧရာဝတီဘဏ္သို႔ သြားေရာက္ၿပီး ေငြထပ္မံထည့္သြင္းခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလိုထည့္သြင္းတဲ့အခ်ိန္မွာ အရင္ကထည့္ထားတဲ့ ေငြက်ပ္(၁၆)သိန္းထဲက (၁၅)သိန္းမွာ ေလ်ာ့နည္းေပ်ာက္ဆုံးေနလို႔ အလုံၿမိဳ႕နယ္ရွိ ဧရာဝတီဘဏ္႐ုံးခ်ဳပ္ကို သြားေရာက္ေမးျမန္းခဲ့ရာမွာ အရင္ သမီးရည္းစားျဖစ္ခဲ့ဘူးသူ သာေကတၿမိဳ႕နယ္၊ မာန္ေျပ(၃) ရပ္ကြက္ေန မင္းရန္ႏိုင္(ခ)ရန္ႏိုင္ဝင္း (၃၆)ႏွစ္က လက္ကိုင္အိတ္ထဲမွာထားရွိတဲ့ ATM ကတ္ကုိ ခိုးယူၿပီး ထုတ္ယူသြားတာလို႔ ဧရာဝတီဘဏ္မွတ္တမ္းမ်ားေတြနဲ႔ CCTV မွတ္တမ္းေတြအရ သိရွိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မတင္ႏြယ္၀င္းက အေရးယူေပးဖို႔ တိုင္တန္းခဲ့တာေၾကာင့္ ဗဟန္းၿမိဳ႕မရဲစခန္းက (ပ)၂၃၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လုိ႔ သိရပါတယ္။

Source : ရဲဇာနည္
Unicodeဖြင့်ဖတ်ရန်

ရည်းစားဟောင်းဖြစ်သူက ATM ကတ်ခိုးယူပြီး ဧရာဝတီဘဏ်မှာ ငွေကျပ် ၁၅ သိန်းထုတ်ယူခဲ့တဲ့ ဖြစ်ရပ်တခု ၂၀၁၈ ခုနစ် မတ်လအတွင်းက ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်ကြားလူမှုကွန်ရက် ရဲဇာနည်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်မှာနေတဲ့ မတင်နွယ်ဝင်း(၃၁)နှစ်က နေအိမ်အလှပြင်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတာကနေ ဧရာဝတီဘဏ်မှာ ဘဏ်စာအုပ်နဲ့ ATM ကတ်တွဲပြီး ပြုလုပ်ထားတဲ့ ဘဏ်စာအုပ်ထဲကို ငွေထပ်မံထည့်သွင်းဖို့ တာမွေမြို့နယ်က ဧရာဝတီဘဏ်သို့ သွားရောက်ပြီး ငွေထပ်မံထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုထည့်သွင်းတဲ့အချိန်မှာ အရင်ကထည့်ထားတဲ့ ငွေကျပ်(၁၆)သိန်းထဲက (၁၅)သိန်းမှာ လျော့နည်းပျောက်ဆုံးနေလို့ အလုံမြို့နယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်ကို သွားရောက်မေးမြန်းခဲ့ရာမှာ အရင် သမီးရည်းစားဖြစ်ခဲ့ဘူးသူ သာကေတမြို့နယ်၊ မာန်ပြေ(၃) ရပ်ကွက်နေ မင်းရန်နိုင်(ခ)ရန်နိုင်ဝင်း (၃၆)နှစ်က လက်ကိုင်အိတ်ထဲမှာထားရှိတဲ့ ATM ကတ်ကို ခိုးယူပြီး ထုတ်ယူသွားတာလို့ ဧရာဝတီဘဏ်မှတ်တမ်းများတွေနဲ့ CCTV မှတ်တမ်းတွေအရ သိရှိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတင်နွယ်ဝင်းက အရေးယူပေးဖို့ တိုင်တန်းခဲ့တာကြောင့် ဗဟန်းမြို့မရဲစခန်းက (ပ)၂၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Source : ရဲဇာနည်
Credit: Duwun